တံတားသစ်စီမံကိန်းကြောင့် ပုသိမ်မြို့အိမ်ခြေမြေဈေးကွက် ပြန်လည်လှုပ်ရှားလာ

ဒီဇင်ဘာ ၊ ၄ ရက် ၊ ၂၀၁၈ ။

ပုသိမ်မြို့တော်ခန်းမဘေး ကနေ ငဝန်မြစ်ကို ဖြတ်ပြီး တည်ဆောက်မည့် ပုသိမ်တံတားသစ် စီမံကိန်းကြောင့် ပုသိမ်မြို့ရဲ့ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် က အရင်ကထက် ၅၀ ရာခိုင်နှုန်း မြင့်တက်လာနေတယ်လို့ နှင်းရတနာသန့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက မန်နေးဂျင်းဒါရိုက်တာ ဦးသန့်ဇင်က ပြောပါတယ် ။

ဒီတံတားသစ် စီမံကိန်းမတိုင်မှီမှာ ပုသိမ်အိမ်ခြေမြေဈေးကွက် ငြိမ်သက်နေခဲ့တာ ဖြစ်ပြီး ယခုမှ ပြန်လည် စိတ်ဝင်စားမှု မြင့်တက်လာတယ်လို့ သိရပါတယ် ။

ငဝန်မြစ်ကူးတံတားသစ်ကို နိုင်ငံတော်သမ္မတကိုယ်တိုင် ပန္နက်တင်ပေးခဲ့တာ ဖြစ်ပြီး ၂၀၂၀ မှာ ဖွင့်လှစ်နိုင်ဖို့ လျှာထားဆောက်လုပ်နေကြတာပါ ။

တံတားသစ်ပြီးစီးသွားမယ်ဆိုရင် ပုသိမ်တဖက်ကမ်းဒေသမှာ အိမ်ယာစီမံကိန်းအသစ်တွေ ၊ စက်မှုဇုန်တွေ ဖြစ်လာနိုင်ပြီး မြို့ပြဧရိယာ ပိုမိုကျယ်ပြန်စည်ကားနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ် ။

စိန်ကုန်ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးကလည်း တံတားသစ်စီမံကိန်းအကောင်အထည်ဖေါ်ပြီးနောက်ပိုင်း အိမ်ခြံမြေဈေးကွက် အတွင်း အရောင်းအဝယ်ပြန်လည်တွင်ကျယ်လာတာတွေ ရှိတယ်လို့ Delta News Agency ကိုအတည်ပြု ဖြေကြားခဲ့ပါတယ် ။