မြန်အောင်မြို့နယ် ရွှေကျင်ကျေးရွာအုပ်စုကို ဆိုက်ရောက်လာတဲ့ ငြိမ်းချမ်းရေးသင်္ဘောကြီး

မြန်အောင်မြို့နယ် ရွှေကျင်ကျေးရွာအုပ်စုကို ဆိုက်ရောက်လာတဲ့
ငြိမ်းချမ်းရေးသင်္ဘောကြီး

၎ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ နယ် ၊ ရွှေကျင်ကျေးရွာအုပ်စု ဆီကို ငြိမ်းချမ်းရေးသင်္ဘောကြီးဟာ ဒီဇင်ဘာလ ၃ ရက်နေ့ မှာ ဆိုက်ကပ်လာခဲ့တာ ဖြစ်ပါတယ် ။မြို့ပေါင်း ၂၇ မြို့ကိုဆိုက်ကပ်သွားမယ့် ငြိမ်းချမ်းရေး သင်္ဘောကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း ဇာတိမြို့ဖြစ်တဲ့ နတ်မောက်မြို့မှာ ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ် ။ ဒီခရီးစဉ်ပြီးသွားတဲ့အခါမှာ ဖြတ်သန်းခဲ့တဲ့ ငြိမ်းချမ်းရေးသင်္ဘောဆိုက်ကပ်ခဲ့တဲ့ မြို့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူပါဝင်နှုန်း ဆန်းစစ်ချက် ၊ လူမှုစီးပွားဘဝလေ့လာဆန်းစစ်ချက် ၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု ဆန်းစစ်ချက် တွေကိုပူးပေါင်းပြီး သုံးသပ်ချက်နှင့် အကြံပြုစာတမ်းတစ်စောင် ပြုစုသွားမယ်လို့ သိရပါတယ် ။ ဒီအကြံပြုစာတမ်းကို ငြိမ်းချမ်းရေးဗဟိုဌာန ၊နိုင်ငံတော်အတိုင်ပင်ခံရုံး ၊တပ်မတော် နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တွေမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ပေးပို့သွားမှာ ဖြစ်သလို လာမယ့် ၂၁ ပင်လုံညီလာခံ စတုတ္ထအကြိမ်အစည်းအဝေးကိုလည်း စာတမ်းတင်သွင်းသွားမယ်လို့ သိရပါတယ် ။