ပညာရေးကောလိပ်ဝင်ခွင့် နှင့် ပါတ်သက်ပြီး တိုင်းဒေသကြီးဝန်ကြီး ရှင်းလင်း

ဒီဇင်ဘာ ၊ ၄ ရက် ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီးရဲ့ ၂၀၁၈/၂၀၁၉ ပညာသင်နှစ်အတွက် လုပ်ငန်းခွင်အကြို ပညာရေးကောလိပ် တက်ရောက်ခွင့်က ပြည်ထောင်စုအစိုးရ ထုတ်ပြန်ချက်အတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ခံချက်လာရောက်တောင်းခံသူ ၄၄ ဦးကို ထောက်ခံပေးခဲ့တာ ဖြစ်တယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ် ။