တံတားသစ်စီမံကိန်းကြောင့် ဒေသခံတွေ ဘာကိုစိုးရိမ်နေကြလဲ

၅ ၊ ဒီဇင်ဘာ ၊၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ရဲ့ မြို့တော်ခန်းမ ဘေးကနေ ငဝန်မြစ်တဖက်ကမ်း စိန်ကုန်း ကူးတို့ဆိပ်ဖက်ကို မြစ်ကူးတံတားအသစ် တည်ဆောက်နေပြီဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင်လာရောက်ပန္နက်တင်ပေးခဲ့ပြီး ၂၀၂၀ မှာ အပြီးတည်ဆောက်မယ်လို့ သိရပါတယ်။ တံတားသစ်စီမံကိန်းကြောင့် ပုသိမ်မြို့ တဖက်ကမ်းက အလျှင်အမြန် တိုးတက်လာမှာ ဖြစ်သလို စီမံကိန်းကြောင့် မြေနေရာဖယ်ပေးရမယ့်သူတွေကိုလည်း မနစ်နာရအောင် ဆောင်ရွက်ပေးမယ်လို့ တိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် လက်တလောအခြေအနေမှာ တံတားသစ်စီမံကိန်းကြောင့် ဒေသခံအချို့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပြီး သူတို့စိုးရိမ်မှုက ဘာတွေလဲဆိုတာကို Delta News Agency က သွားရောက်မေးမြန်းခဲ့ပါတယ်။

Delta News

Read Previous

စပါးစိုက်တောင်သူတွေ လယ်လုပ်သားရှားပါးမှု ကြုံတွေ့နေရ

Read Next

တံတားသစ်စီမံကိန်းကြောင့် ပုသိမ်မြို့အိမ်ခြေမြေဈေးကွက် ပြန်လည်လှုပ်ရှားလာ