ကရင်ပြည်နယ်မှာ ၆ လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၂၇၀၀ နီးပါး ဖြစ်ပွားခဲ့

ကရင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ် ပထမ ၆ လတာကာလအတွင်း KNU ထိန်းချုပ်နယ်မြေတွေအတွင်း အကြမ်းဖက်စစ်အုပ်စုတပ်၊ BGF ပူးပေါင်းတပ်နှင့် KNDO၊ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်းစုစုပေါင်း ၂၆၈၆ ဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ဇူလိုင်လ ၇ ရက်နေ့မှာ KNU က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုတပ်တွေနဲ့၊ နယ်ခြားစောင့်တပ်(BGF)တွေဘက်မှ (၂၂၀၈) ဦး သေဆုံးပြီး (၁၅၄၅) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသလို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၈၄) ဦးအသက်စွန်ခဲ့ပြီး (၁၇၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျေးရွာတွေအတွင်းရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး နဲ့ ပစ်ခတ်မှုတွေ ရွာတွေအတွင်းဝင်ရောက် အကြောင့်မဲ့ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အပြစ်မဲ့ပြည်သူ (၇၂) ဦး အသက်သေဆုံးခဲ့ရပြီး (၁၅၅) ဦးတို့ ထိခိုက်ဒဏ်ရာရခဲတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။