အကြမ်းဖက် စစ်စခန်းနှစ်ခု တပ်စွဲရာကနေ ဆုတ်ခွာဖို့ KNU သတိပေ

မွန်ပြည်နယ် သထုံခရိုင်အတွင်းက KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၁ ၊ KNDO တပ်ရင်း (၂) နယ်မြေထဲမှာ အကြမ်းဖက်စစ်တပ် လာရောက်တပ်စွဲထားတဲ့ လေးကေနဲ့ ဝင်းတာပန် စခန်းနှစ်ခုကို ဆုတ်ခွာဖို့ KNU သထုံခရိုင်က ဒီကနေ့ ထုတ်ပြန်သတိပေးလိုက်ပါတယ်။
ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထားပြီး ကျူးကျော်နေထိုင်တဲ့ စခန်းတွေကနေ ဆုတ်ခွာရမှာဖြစ်ပြီး မဆုတ်ခွာဘူးဆိုရင်တော့ စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက နိုင်ငံတလွှားမှာ တိုင်းရင်းပြည်သူတွေအပေါ် နှိပ်စက်သတ်ဖြတ်တာ ၊ အိမ်ထောင်သည်နဲ့ ကလေးငယ်တွေပါမကျန် အဓ္ဓပြုကျင့်တဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် မိမိတို့နယ်မြေအတွင်းမှာ လုံးဝနေထိုင်ခွင့် မပြုဘူးလို့ ဆိုပါတယ်။
မှတ်ချက်အနေနဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO နဲ့ ပူးပေါင်းလိုပါက သတ်မှတ်ရက် မတိုင်ခင် ဆက်သွယ်ဖို့ ၊ ထွက်ခွာဖို့ လမ်းကြောင်းနဲ့ အချိန်ကို တိတိကျကျ ကြိုတင်ညှိနှိုုင်းဖို့နဲ့ နယ်မြေအတွင်း ထုတ်ပြန်ထားတဲ့ မနက် ၆နာရီကနေ ညနေ ၆ နာရီအထိ သွားလာခွင့် ကန့်သတ်ချက်တွေကို အထူးဂရုပြုဖို့ကိုလည်း သတိပေးထားပါတယ်။