သေ့ဘော့ဘိုးစခန်း အောင်ပွဲခံ ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့ကို ပြည်သူတွေ ဂုဏ်ပြုကြိုဆို

သေ့ဘော့ဘိုးစခန်း အောင်ပွဲခံ ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့ကို ပြည်သူတွေ ဂုဏ်ပြုကြိုဆို

သေ့ဘော့ဘိုး စခန်းသိမ်းအောင်ပွဲအဖြစ် ကော်ဘရာစစ်ကြောင်း၊ ဗိုလ်အယ်ဆေးဝါး ဦးဆောင်တဲ့ KNDO တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့ကို ဒေသခံပြည်သူတွေက ဒီနေ့မနက်ပိုင်းမှာ သောင်းသောင်းဖျဖျ ကြိုဆိုကြကြောင်း Cobra Column က ထုတ်ပြန်ပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ သေ့ဘော့ဘိုးစခန်းကုန်းကို ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေက မေလ (၁၈) ရက်နေ့ နေ့လည်ပိုင်းမှာ အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပါတယ်။

Read More
သေ့ဘောဘိုး စစ်အုပ်စုတပ်စခန်းကို KNLA /KNDO ပူးပေါင်းတပ်တွေ သိမ်းပိုက်

သေ့ဘောဘိုး စစ်အုပ်စုတပ်စခန်းကို KNLA /KNDO ပူးပေါင်းတပ်တွေ သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်အုပ်စုရဲ့ သေ့ဘောဘိုးစခန်းကို ဒီနေ့ မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်တွေက တက်ရောက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ KNLA/ KNDO ပူးပေါင်းတပ်နှင့် နီးစပ်သူတစ်ဦးက “သုံးနာရီကျော်လောက်မှာ သူတို့ တက်သိမ်းလိုက်တာ။ အကုန်လုံးတက်ရှင်းလိုက်ပါပြီ။ နှစ်ဘက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မကြားသိရသေးဘူး။ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာက ရွာထဲမှာပဲ ကြဲချတာ။” လို့ KIC သတင်းဌာနက ဖော်ပြပါတယ်။ မေလ ၁၈ ရက်…

Read More
စစ်အုပ်စုတပ်ဖွဲ့ဝင် ၂ ဦး လက်နက်နဲ့အတူ KNDO ထံ ပူးပေါင်

စစ်အုပ်စုတပ်ဖွဲ့ဝင် ၂ ဦး လက်နက်နဲ့အတူ KNDO ထံ ပူးပေါင်

ကရင်ပြည်နယ် ဝေါလေဒေသအခြေစိုက် စစ်အုပ်စုရဲ့ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအမှတ် ၉၀၄ မှ တပ်ကြပ် ၂ ဦးဟာ လက်နက်အပြည့်အစုံနဲ့အတူ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ကို လာရောက်ပူးပေါင်းခဲ့တယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ မနေ့က မေလ ၂ ရက်နေ့မှာ ဝေါလေအခြေစိုက် အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၀၄ က တပ်ကြပ်ဝင်းနိုင်နဲ့ ဒုတပ်ကြပ်ပြုံးချိုတို့ဟာ MA-1 သေနတ် ၂ လက်၊ ကျည်ဘောက် ၅…

Read More
ဗိုလ်စလုံးဦးဆောင်တဲ့ DKBA အင်အား ၂၀၀ကျော် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ ပေါင်းစည်း

ဗိုလ်စလုံးဦးဆောင်တဲ့ DKBA အင်အား ၂၀၀ကျော် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ ပေါင်းစည်း

အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ ဗိုလ်စလုံးဦးဆောင်တဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေဟာ ဗိုလ်မှူးချုပ် စောနယ်ဒါးမြဦးစီးတဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် KNDO အဖွဲ့နဲ့ ပူးပေါင်းလိုက်တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အခုလို့ ပေါင်းစည်းရတဲ့ အခြေအနေနဲ့ ပက်သက်ပြီး ဗိုလ်စလုံးက “ကျနော်တို့က ပြည်သူလူထုတွေ ဒုက္ခ ရောက်နေတာကို ပြည်သူတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ပြီး အပြည့်အဝ ကူညီချင်တယ်။ ကျနော်တို့မှာ ပြည့်စုံမှု…

Read More
တောင်ငူခရိုင် KNDO တပ်ရင်း (၄) နယ်မြေအတွင်းရှိ စစ်တပ်စခန်းတွေ ရုပ်သိမ်းဖို့ ရာဇသံပေး

တောင်ငူခရိုင် KNDO တပ်ရင်း (၄) နယ်မြေအတွင်းရှိ စစ်တပ်စခန်းတွေ ရုပ်သိမ်းဖို့ ရာဇသံပေး

တောင်ငူခရိုင် KNDO တပ်ရင်း (၄) နယ်မြေအတွင်း စစ်တပ်စခန်း တည်ဆောက်တပ်စွဲထားတာကို ၁၅ ရက်အတွင်းအပြီးတိုင်ရုပ်သိမ်းထွက်ခွာဖို့ ဒီနေ့ရက်စွဲနဲ့ ရာဇသံပေးလိုက်ပါတယ်။ တောင်ငူခရိုင် KNDO တပ်ရင်း (၄) နယ်မြေအတွင်းရှိ အထူးသဖြင့် ကျီးချောင်စစ်စခန်းနဲ့ ၄၈ မိုင် ကိုးဒေးစစ် စခန်းတွေကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေရခြင်း၊မိုင်းကွင်းတွေကြောင့် နေ့စဉ် သွားလာနေထိုင်စားသောက်ရာမှာ အခက်အခဲဖြစ်ရခြင်းနဲ့ စစ်တပ်ရဲ့ ဦးတည်ချက်မဲ့ ပစ်ခတ်ခြင်းတွေကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီစစ်စခန်းတွေ…

Read More
အကြမ်းဖက် စစ်စခန်းနှစ်ခု တပ်စွဲရာကနေ ဆုတ်ခွာဖို့ KNU  သတိပေ

အကြမ်းဖက် စစ်စခန်းနှစ်ခု တပ်စွဲရာကနေ ဆုတ်ခွာဖို့ KNU သတိပေ

မွန်ပြည်နယ် သထုံခရိုင်အတွင်းက KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၁ ၊ KNDO တပ်ရင်း (၂) နယ်မြေထဲမှာ အကြမ်းဖက်စစ်တပ် လာရောက်တပ်စွဲထားတဲ့ လေးကေနဲ့ ဝင်းတာပန် စခန်းနှစ်ခုကို ဆုတ်ခွာဖို့ KNU သထုံခရိုင်က ဒီကနေ့ ထုတ်ပြန်သတိပေးလိုက်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထားပြီး ကျူးကျော်နေထိုင်တဲ့ စခန်းတွေကနေ ဆုတ်ခွာရမှာဖြစ်ပြီး မဆုတ်ခွာဘူးဆိုရင်တော့ စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ…

Read More