မြောက်ကိုရီးယားမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၁ ဦးရှိလာ

Photo – YONHAP News

မြောက်ကိုရီးယားနိုင်ငံဟာ ပထမဆုံးအကြိမ် ကိုဗစ်ရောဂါကို စတင်တွေ့ရှိကြောင်း ကြေညာပြီး နှစ်ရက်အကြာမှာ သေဆုံးသူ ၂၁ ဦးရှိတယ်လို့ အတည်ပြုခဲ့ပြီး လူပေါင်း ၁၇၄,ဝဝဝ ကျော် ဖျားနာခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက မေလ ၁၄ ရက်နေ့ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စနေနေ့မှာ ကျင်းပတဲ့ ပေါ်လစ်ဗျူရို အစည်းအဝေးမှာ ကူးစက်ရောဂါ ပျံ့နှံ့မှုအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီလနှောင်းပိုင်းကနေ မေလ ၁၃ ရက်နေ့အထိ လူပေါင်း ၅၂၄,ဝဝဝ ခန့်ဟာ အဖျားရောဂါလက္ခဏာတွေ ပြသခဲ့တာပါ။ အဲ့ဒီအထဲက ၂၄၃,ဝဝဝ ကျော်က  လုံးဝပျောက်ကင်းပြီး ၂၈၀,ဝဝဝ က ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ ရှင်းလင်းပွဲမှာ မှတ်ချက်ပြုထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ကိုးကားပြီး မြောက်ကိုရီးယားဟာ နိုင်ငံရဲ့အခြေခံကစလို့ အကြီးမားဆုံး မတည်ငြိမ်မှုတွေထဲက တစ်ခုကို ရင်ဆိုင်နေရတာလည်း  ဖြစ်တယ်လို့ ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။

“အခြေအနေက မထိန်းနိုင်သေးဘူး အကျပ်အတည်းကို ကျော်လွှားနိုင်မှာပါ” လို့ ကင် ကဆိုပါတယ်။

အခြားအဆင့်မြင့်နိုင်ငံတွေရဲ့ ကွာရန်တင်းမူဝါဒတွေနဲ့ အောင်မြင်မှုတွေကို လေ့လာဖို့ အရေးကြီးပြီး အထူးသဖြင့် တရုတ်နိုင်ငံရဲ့အတွေ့အကြုံတွေကနေ သင်ယူဖို့ လိုအပ်တယ်လို့လည်း ပြောဆိုထားပါတယ်။