ယူအေအီးသမ္မတ Sheikh Khalifa ကွယ်လွန်

Photo – Reuters

အာရပ်စော်ဘွား ပြည်ထောင်စုသမ္မတ Sheikh Khalifa Bin Zayed Al Nahyan ဟာ သောကြာနေ့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သမ္မတရေးရာ ဝန်ကြီးဌာနက မနေ့က ကြေညာခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့အကြောင်းအရင်းကိုတော့ အသေးစိတ်မဖော်ပြထားပါတယ်။ 

သမ္မတ Sheikh Khalif ဟာ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေနဲ့  ပင်လယ်ကွေ့အာရပ်နိုင်ငံဖြစ်တဲ့ ယူအေအီးအကြား  ပိုနီးကပ်အောင် စေ့စပ်ညှိနှိုင်းပေးခဲ့သူ ဖြစ်ပါတယ်။ 

Sheikh Khalif ဟာ ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ လေဖြတ်ရောဂါ ခံစားရပြီးနောက် လူမြင်ကွင်းမှာ  သိပ်မတွေ့ရတော့ပါဘူး။ သူ့ကို သင်္ဂြိုဟ်ခဲ့ပြီး ဈာပန ဆုတောင်းပွဲတွေကို အဲဒီသောကြာနေ့မှာပဲ   ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းအေဂျင်စီ WAM က ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Sheikh Khalif ကို  “အမေရိကန်ရဲ့ စစ်မှန်တဲ့ မိတ်ဖက်မိတ်ဆွေ” အဖြစ် ဖော်ပြခဲ့ပြီး အမေရိကန်ပြည်ထောင်စုဟာ ယူအေအီးနဲ့ ဆက်ဆံရေးကို ဆက်လက် ခိုင်မာစေမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယူအေအီးနှင့် မကြာခဏ ဆက်ဆံရေးတင်းမာခဲ့တဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian ကလည်း ဝမ်းနည်းကြောင်းစာတစ်စောင်ပေးပို့ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့ပါတယ်။

သမ္မတကွယ်လွန်ခြင်းအထိမ်းအမှတ်အဖြစ် ရက် ၄၀ ကြာ ဝမ်းနည်းခြင်းကာလအတွင်း နိုင်ငံအလံတစ်ဝက် လွှင့်တင်ထားဖို့နဲ့ အစိုးရ ၊ ပုဂ္ဂလိကကဏ္ဍတွေအားလုံး လုပ်ငန်းသုံးရက် ဆိုင်းငံ့ထားရမယ်လို့ ယူအေအီးအစိုးရက  ကြေငြာခဲ့ပါတယ်။

Delta News

Read Previous

၆လကျော်နဲ့ မွဲဆေးဖော်နိုင်စွမ်းတဲ့ စီမံခန့်ခွဲမှု

Read Next

မြောက်ကိုရီးယားမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၁ ဦးရှိလာ