၆လကျော်နဲ့ မွဲဆေးဖော်နိုင်စွမ်းတဲ့ စီမံခန့်ခွဲမှု

အခု အာဏာသိမ်းခဲ့တဲ့ ၁၅ လကျော်ကာလ တိုင်းပြည်အုပ်ချုပ်ဖို့ စီမံခန့်ခွဲမှုအတွေ့အကြုံ အများကြီးရှိ ခဲ့သယောင် ကြွားလုံးထုတ်ခဲ့တဲ့ မင်းအောင်လှိုင် ဘာတွေ့လုပ်ပြနိုင်ခဲ့ပါသလဲ။

မင်းအောင်လှိုင်တို့အာဏာသိမ်းပြီး ဘာမှသိပ်မကြာ၊တတိယလှိုင်းကိုဗစ်ကြီးလည်းဖြစ်ရော၊ထိုင်ရာက နေမထ စီမံခန့်ခွဲနေတဲ့ငနဲ ရဲ့ စီမံခန့်ခွဲချက်က ပြောင်မြောက်စွာ။ ပြည်သူဘယ်လောက်သေသေ ငတေမာနေရင် ပြီးရောဆိုတဲ့ စီမံခန့်ခွဲခြင်း အတတ်ပညာ။

ကိုယ်ဖြစ်ကိုယ်ခံဘဝနဲ့ ပြည်သူတွေခမျာ ကိုဗစ်ဖြစ်ပြီဆိုတာနဲ့ ကိုယ့်အိမ်ကိုယ့်ဘာသာနေပြီး နီးစပ်ရာ အပြောအဆိုတွေကို မှီငြမ်းကာ ဆေးကုသ။ ဘယ်ဆေးရုံမှလည်း လက်မခံနိုင်၊ လက်ခံတဲ့ ဆေးရုံတွေရှိခဲ့လည်း လူနာတွေကို အောက်စီဂျင်နပ်မှန်အောင် ပေးနိုင်စွမ်းမရှိ။

ကိုယ့်ဘာသာစုဖွဲ့ပြီး ကိုဗစ်လူနာတွေကို အိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ ပေးနေတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီလိုအဖွဲ့တွေကို လူတင်မက အဖွဲ့ရုံးခန်းတွေကိုပါ ဝင်စီးပြီး တွေ့သမျှ ပစ္စည်းအကုန် သိမ်းတဲ့အထိအောက်တန်းကျခဲ့တယ်။ အောက်စီဂျင် လိုအပ်ချက်က သိပ်ကြီးလေးလွန်းလှလေတော့ အောက်စီဂျင် အခမဲ့ဖြည့်ပေးတဲ့ ပုဂ္ဂလိက စက်ရုံတွေ ပေါ်လာတယ်။အဲဒီစက်ရုံတွေကိုလည်း ကိုယ့်သဘောနဲ့ကိုယ် အောက်စီဂျင်ကုသိုလ်ပြုခွင့်မရှိ။စစ်အုပ်စုသက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းရဲ့ ခွင့်ပြုချက်ပါမှ။ပြောရရင် မင်းအောင် လှိုင်ဟာ ကိုယ်ကိုယ်တိုင် အစွမ်းအစမရှိရုံတင်မက ပြည်သူ-ပြည်သူချင်းဖေးမကူတာကိုတောင် မုဒိတာမပွား နိုင်၊ပြည်သူတွေကြိုက်သလောက်သေဆိုတဲ့အစားထဲက။အဆိုးရွားဆုံးအောက်တန်းကျချက်က ပြည်သူတွေရဲ့ အောက်ဆီဂျင်လိုအပ်ချက်ကို နင်းပြီး သူတို့အုပ်ချုပ်ရေး အသက်ဝင်အောင် ကြိုးစားခဲ့ခြင်းပါပဲ။

သုဿန်တွေရှေ့ ပြည်သူတွေရဲ့အလောင်းတွေ မနိုင်းမနင်းနဲ့ မီးသင်္ဂြိုဟ်ဖို့ကို အချိန်အကြာကြီးတန်းစီ စောင့်ခဲ့ကြရတယ်။အဲဒီလိုဓာတ်ပုံတွေ အွန်လိုင်းပေါ်တက်လာတော့ မင်းအောင်လှိုင်လုပ်တတ်တာက မီးသ င်္ဂြိုဟ် စက်တွေ ထပ်တိုးတည်ခိုင်းတာပဲ။ တတိယလှိုင်းကြီး ပြီးပြီဆိုတော့ အင်မတန်မရှက်မကြောက်မျက် နှာပေးနဲ့ သူတို့ကပဲ တတိယလှိုင်းကို အနိုင်တိုက်ခဲ့တာလိုလို။

အဲဒီနောက်မှာတော့ မင်းအောင်လှိုင်ရဲ့ ပြောင်မြောက်လှတဲ့ စီမံခန့်ခွဲမှုအတတ်ပညာတွေအရ ဌက် ပျော သီးစိုက်ကြဖို့နဲ့ ဌက်ပျောသီး အိတ်စပို့စ်။မင်းအောင်လှိုင်က ဌက်ပျောသီးလို့လည်း ဆိုလိုက်ရော အဓိက ဒု က္ခရောက်တာက သူတို့စစ်တပ်ထဲပါပဲ။တပ်ရင်းတွေထဲ မဖြစ်မနေဌက်ပျောပင်တွေစိုက်ခြင်းဟာ အင်မတန် အ ရေးကြီးတဲ့လုပ်ငန်းတစ်ရပ်ဖြစ်လာ။စိုက်ပြီးလို့ ၄-၅လလောက်လည်းကြာရော မင်းအောင်လှိုင်ရဲ့ဌက်ပျော သီး အိတ်စပို့လုပ်ငန်းက ပျောက်ကွယ်သွားပြီမို့ ဌက်ပျောပင်တွေလည်းသီးချင်သီး၊မသီးချင်နေ အေးဆေး။မင်း အောင်လှိုင်ကျွမ်းကျင်တဲ့စီမံခန့်ခွဲမှုက အဲဒီလိုလေထိုးလေလျော်။

ဌက်ပျောသီးနဲ့အပြိုင် မင်းအောင်လှိုင် ထပ်အိပ်မက်မက်တာက မြေအောက်ရထားတို့ လျှပ်စစ်ကားတို့ ပါပဲ။ရုရှားတွေဘာတွေရောက်တော့ မင်းအောင်လှိုင်လို ငနဲ့ မြှောက်ပင့်လေးစားပြပြီး ဂျင်းကောင်းကောင်း ထည့်လို့ရမှန်းသိလို့ ဂျင်းထည့်လွှတ်လိုက်တာလားတော့မသ်ိ။

သူများနိုင်ငံကမြေအောက်ရထားတွေဘာတွေမြင်ပြီး ကယောင်ကတမ်းတွေပြောတော့တယ်။မြေ အောက်ရထားလမ်းဖောက်နိုင်ဖို့ ကုန်ကျစရိတ်ကဘယ်လောက်ကြီးလေးတယ်။တိုင်းပြည်ဘဏ္ဍာကစစ် လက် နက်ဝယ်ရတဲ့စရိတ်တစ်ခုတည်းနဲ့ ခါလီပြနေတယ်။မြေအောက်ရထားတွေ လျှပ်စစ်ရထားတွေအတွက် လျှပ် စစ်ဓာတ်အားလိုအပ်ချက် ဘယ်လောက်လိုအပ်သလဲဆိုတာ ဘယ်သိမလဲ။ပြီးတော့ ပြည်သူကို ဒီလို အလုံး တွေနဲ့မျှားလိုက်ရင် ပြည်သူတွေကြွေဆင်းသွားမယ်လို့လည်း ထင်ယောင်ထင်မှားဖြစ်ပုံလည်းရပါတယ်။ ဒါ့ ကြောင့်အဲဒီလိုအလုံးကြီးတွေနဲ့ ထိုင်ရာကမထစတမ်း စိတ်ကူးယဉ်ပြတော့တယ်။ခေတ်စကားနဲ့ပြောရရင် ရမလားလို့ ပြည်သူကို တော်ကီနဲ့ချုပ်ကြည့်တဲ့သဘော။

အဲဒီလိုလျှပ်စစ်ကားတွေပြောပြီး သိပ်မကြာလိုက်ပါဘူး။မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေရဲ့အခြေခံလို အပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးတွေပျက်တော့တာပါပဲ။မင်းအောင်လှိုင်သာဉာဏ်လေးနည်းနည်းရှိခဲ့ရင် တိုင်းပြည် အတွင်းလျှပ်စစ်လိုအပ်ချက်နဲ့ ပွင့်လင်းရာသီမှာ ပေးနိုင်မယ့်လျှပ်စစ်အခြေအနေကို ကြည့်ပြီး ဆိုးဆိုးရွားရွား လျှပ်စစ်မီးပျက်တဲ့အခြေအနေမျိုးမရောက်အောင် လျှပ်စစ်ဌာနက ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နိုင်တယ်။

အခုတော့အဲဒီလိုတိုင်ပင်နှီးနှောရကောင်းမှန်းလည်းမသိ၊ညကအိပ်မက်မက်ထားတာကို မနက်ကျရင် လျှောက်ပြောဖို့သာတတ်လေတော့ ပြည်သူတွေနေ့စဉ်ဆဲနေတာ နည်းတောင်နည်းသေးတယ်လို့ ဆိုရမယ့်ပုံ။ ဒီနေ့ထိတိုင် အဆိုးရွားဆုံးအဆင့် မီးပျက်တယ်။မီးပျက်ရတဲ့အထဲ လောင်စာဆီဈေးကလည်း အဆမတန် ထိုး တက်နေလေတော့ မီးစက်နဲ့လုပ်ငန်းတွေလည်ပတ်ခဲ့ရင် အရှုံးပေါ်နေလို့ လုပ်ငန်းငယ်လေးတွေ ရပ်လိုက်ရ တယ်။လုပ်ငန်းအပျက်မခံနိုင်လို့ ရှိသမျှအင်အားကုန်သုံးပြီး တောင့်ခံနေတဲ့ လုပ်ငန်းကြီးတွေဆိုတာလည်း မီး ပျက်ရင် အလုပ်ရပ်နား၊မီးလာမှ လုပ်ငန်းပြန်လည်ပတ်။ဝန်ထမ်းတွေကို လခစားအဖြစ်ကနေ နေ့စားအဖြစ်ကို လျော်ကြေးတစ်ပြားမှမပေးဘဲ အသွင်ပြောင်းလိုက်တဲ့အလုပ်တွေလည်းအများကြီး။

တလောက လောင်စာဆီ ဝယ်လို့မရတဲ့ပြဿနာအကြီးကြီးတက်တယ်။မြို့ကြီးတွေအကုန်ဝရုန်းသုန်း ကား။ဈေးကြီးပေးပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ်တောင် လိုသလောက်ဝယ်လို့မရတဲ့အဖြစ်။မီးကပျက်ပြီးလောင် စာ ဆီဈေးကတက်တော့ ကုန်ဈေးနှုူန်းတွေလည်း တရိပ်တက်။အာဏာရှင်ဖြစ်မလားဆိုပြီး ကြိုးစားပမ်းစား ပြည် သူသတ်နေတဲ့မင်းအောင်လှိုင်နဲ့တွေ့မှပဲ ငွေတစ်သောင်းလောက်နဲ့ ဆီနိုင်နိုင် အသားစိုစို မိသားစု ညမနက် စားဖို့မလောက်တဲ့အဖြစ်။

လောင်စာဆီပြီးတော့ အ ခု စားအုန်းဆီ ပြတ်လပ်တော့မှာလားဆိုပြီး ပြည်သူတွေတထိတ်ထိတ်ဖြစ်ရ ပြန်ပါတယ်။တကယ်တော့ မြန်မာနိုင်ငံမှာသုံးစွဲနေတဲ့စားအုန်းဆီဆိုတာ ကျန်းမာရေးပြဿနာတွေရှိနေနိုင်ပေ မဲ့ ဈေးနှုန်းသက်သာတဲ့အတွက် မြန်မာပြည်သူ လူလတ်တန်းစားတွေကစလို့ တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြ ရတာပါ။

တိုင်းပြည်စီးပွားရေးတစ်ခုလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် မင်းအောင်လှိုင်အာဏာသိမ်းပြီးချိန်ကစလို့ ကောင်းရောင်းကောင်းဝယ်လုပ်ငန်းမှန်သမျှ အလုပ်မဖြစ်တော့သလို စက်ရုံတွေတစ်ရုံ ပိတ်သိမ်းနေတာ ကြောင့် အလုပ်လက်မဲ့ဦးရေလည်း နေ့စဉ်မြင့်တက်နေပါတယ်။ပြောရရင် သူဌေးတွေလည်းအဆင်မပြေ၊ဝန် ထမ်းတွေလည်းအဆင်မပြေ၊အောက်ခြေလက်လုပ်လက်စားတွေလည်း အဆင်မပြေတဲ့ကာလဟာ အချိန်ကာ လကြာလာတာနဲ့အမျှ သိသိသာသာနက်ရှိုင်းလာခဲ့ပါတယ်။

အခုတိုင်းပြည်တွင်းအလုပ်ဖြစ်နေတာဆိုလို့ မူးယစ်ဆေးဝါးနဲ့လောင်းကစားအလုပ်တွေသာ ။မူးယစ် ဆေးဝါးတွေကို မြို့တိုင်းနယ်တိုင်းမှာ ဈေးပေါပေါနဲ့အလွယ်တကူရရှိနေတယ်။PDFအား နည်း တဲ့မြို့တွေမှာ ဗြောင်ကျတဲ့လောင်းကစားဝိုင်းတွေဖြစ်လာတာ စစ်အုပ်စုအုပ်ချုပ်ရေးရဲ့ အဂတိလိုက်စားမှု ကြောင့်ဆိုတာ မြန်မာပြည်သူတိုင်းသိကြပါတယ်။

မကြာသေးခင်က ရန်ကုန်မြို့၊လှည်းတန်းမှာ ဖုန်းလုပြေးတဲ့ အလစ်သမားတစ်ဦးကို ဆိုက်ကားဆရာ တွေက ဝိုင်းဖမ်းလိုက်ကြတယ်။နောက်ရက်မှာ အလစ်သမားဖမ်းတဲ့ဆိုက်ကားဆရာကို လှည်းတန်းလို လူအင် မတန်စည်းကားတဲ့နေရာမှာတင် လူရမ်းကားတွေက အုပ်စုဖွဲ့သတ်ဖြတ်သွားကြပါတယ်။ပြီးတော့ ရန်ကုန်မြို့ လိုင်းကားတွေပေါ် အုတ်စုဖွဲ့လုယက် သူတွေ ပေါများလာတယ်ဆိုတာ ရန်ကုန်လိုမြို့ကြီးတွေမှာတောင် တ ရားဥပဒေစိုးမိုးမှု ရေချိန်သိသိသာသာ ကျဆင်းနေကြောင်း သက်သေတွေပါပဲ။

ဒါပေမဲ့ ရဲစခန်းတွေရဲ့ အမှုတွဲဖိုင်တွေကို ကြည့်လိုက်ရင်တော့ အာဏာသိမ်းပြီးချိန်ကစလို့ အမှုဖြစ်ပွား တဲ့အရေအတွက် သိသိသာသာကျဆင်းနေတာတွေ့ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဘာဖြစ်ဖြစ် ရဲစခန်း တွေ ကို ယုံကြည်ပြီးတိုင်မယ့်ပြည်သူမရှိတော့သလို ရဲတွေကိုယ်တိုင်ကလည်း သူတို့ ရဲစခန်းဗုံးမမှန်ရေးအတွက် ရဲစခန်းထဲ အပြင်လူအဝင်မခံဘဲ ဘန်ကာတွေကာပြီး ပုန်းနေတာကြောင့်ပါပဲ။

NLDအစိုးရလက်ထက် အစိုးရနဲ့ပြည်သူ ရသလောက် ကြိုးစားရုန်းကန်တည်ဆောက်ထားသမျှ အာဏာသိမ်းပြီး၆လကျော်မှာ ကုန်းကောက်စရာမရှိတဲ့ဘဝ ရောက်ရှိသွားတာပါပဲ။အဲဒါဟာ အင်မတန်မှသိ သာ ထင်ရှားလှတဲ့ မင်းအောင်လှိုင်ရဲ့ စီမံခန့်ခွဲမှုပါပဲ။

ထွန်းလင်း