မုံရွာမှာ Freedom is not Free စာသားကိုင်‌ဆောင် ချီတက် သပိတ်မှောက်

Photo – မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း ဒီနေ့မေလ ၅ ရက်နေ့ မှာ Freedom is not Free စာသားကိုင်ဆောင်ပြီး သပိတ်မှောက်ခဲ့ကြပါတယ်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ မုံရွာလူငယ်များအစည်းရုံးမှ လူငယ်တွေဦးဆောင်ပြီး မုံရွာမြို့ ပြည်သူပိုင်လမ်းတစ်ခုပေါ်တွင် Freedom is not Free လွတ်မြောက်မှုဆိုတာ အလကားမရဘူး စာသားကို ကိုင်စွဲကာ ချီတက် သပိတ်မှောက်ဆန္ဒပြခဲ့ကြတာပါ။