LGBT ရဲဘော်တွေ ဦးဆောင်ခဲ့တဲ့ မုံရွာ ပင်မသပိတ်လှုပ်ရှားမှု

ယင်းမာပင်မြောက်ခြမ်း ကျေးရွာတစ်ရွာသို့ မုံရွာပင်မသပိတ် ဦးဆောင်ကော်မတီအဖွဲ့ဝင် LGBT သပိတ်ဦးဆောင်သူ မြင့်မြတ်နှင့် ရွာပေါင်းစုံသပိတ် ကော်မတီဝင် LGBT သပိတ်ဦးဆောင်သူတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ချီတက်ခဲ့ပြီး နိုင်ငံရေးတရားတွေ ဟောခဲ့တယ်လို့သိရပါတယ်။
အနောက်မြောက်လွင်ပြင်ရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၊ မုံရွာပင်မသပိတ်မှ LGBT သပိတ်ဦးဆောင်သူတစ်ဦးနဲ့အတူပူးပေါင်းပီး “ညီညွတ်မှ ပြည်သစ်ရမယ်” စာတမ်းကိုကိုင်ဆွဲကာ သပိတ်မှောက်ဆန္ဒပြခဲ့ကြတာပါ။