မုံရွာမြို့ ကျောက္ကာလမ်းမှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိပြီး ၂ဦးသေ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက္ကာလမ်း ငွေကမ္ဘာမင်းဆီဆိုင်အနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း မိုင်းဆွဲခံရပြီး အနီးကပ်ပစ်ခတ်ခံရကာ ၂ဦးသေဆုံး ၊ ၄ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၃၀ရက်နေ့ ညနေ ၃နာရီခန့်မှာ ကျောက္ကာလမ်း ငွေကမ္ဘာမင်းဆီဆိုင်အနီးကို ရောက်ရှိလာတဲ့ အရပ်ဝတ်နဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းကို မုံရွာအခြေစိုက် မဟာမိတ်ညီနောင်တွေ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပြီး စစ်အုပ်စုက အထိနာခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအပြီးမှာ မဟာမိတ်ညီနောင်တွေကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Delta News

Read Previous

မြို့ပြတိုက်ပွဲတွေမှာ စစ်တပ်ကို ခြိမ်းခြောက်နိုင်မယ့်မောင်းပြန်သေနတ် မကြာမီ မိတ်ဆက်မယ်

Read Next

မြန်မာ့ဒီမိုကရေစီရေး NUG နဲ့ ဆက်လက်ပူးပေါင်းမယ်လို့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂဥက္ကဌ ပြော