မြန်မာ့ဒီမိုကရေစီရေး NUG နဲ့ ဆက်လက်ပူးပေါင်းမယ်လို့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂဥက္ကဌ ပြော

မြန်မာပြည်သူတွေ တောင့်တတဲ့ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးအတွက် NUG အစိုးရနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဌက ပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂတို့ ဧပြီ ၂၇ ရက်က ဗွီဒီယိုကွန်ဖရင့်နဲ့ ကျင်းပခဲ့တဲ့ ၅ ကြိမ်မြောက် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲမှာ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌ ကအဲဒီလိုပြောကြားခဲ့တာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန်လွှတ် တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌရဲ့ ပူးပေါင်းဆောင်ရွက်မူတွေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးမှုတွေအတွက် ကျေးဇူးတင်ကြောင်း နဲ့NUG နဲ့အတူ ပူးပေါင်းဆောင်ရွက်တာ ရလဒ်ကောင်းတွေ ရရှိမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့က ဂျပန် National Defense Academy နဲ့ စစ်အုပ်စု တို့ ပူးပေါင်းလုပ်ဆောင်မှုတွေ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆွေးနွေးခဲ့ရာ ဂျပန် လွှတ်တော်အမတ်များသမဂ္ဂက အထူး အ ရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာအဖွဲ့ဝင်တွေက နယ်မြေထိန်းချုပ်နိုင်မှုအခြေအနေ၊ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်တွေ၊ လူသားချင်းစာနာမှုအကူအညီနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းအောင်မြင်မှုရလဒ်တွေ ပိုမိုပေါ်ထွက်လာရေးအတွက် စီမံကိန်းတွေ ချမှတ်လုပ်ဆောင်နေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။