စစ်အုပ်စုရဲ့ မှတ်ပုံတင်ထုတ်ပေးရေးစီမံချက်ကို ကူညီပေးရေးအကြောင်းကြားစာ KNLA ပြန်လည်ရုပ်သိမ်း

KNLA တပ်မဟာ(၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်အတွင်း မြို့နဲ့ကျေးရွာတွေမှာ စစ်အုပ်စုလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနက မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းတွေ လုပ်ဆောင်ပေးရာမှာ ရှေ့တန်းရုံးတွေကနေ ကူညီပေးဖို့ အကြောင်းကြားစာကို ပြန်လည်ရုတ်သိမ်းကြောင်း ဒူးပလာယာခရိုင်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
စစ်အုပ်စုဦးဆောင်တဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းကောက်ယူတဲ့လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ရတာဟာ ဒေသတွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံမှုနဲ့ စားဝတ်နေရေးအတွက် လုံခြုံစိတ်ချစွာ လုပ်ကိုင်စားသောက်နိုင်ဖို့ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ အသိပေးစာမှာ ဖော်ပြထားပါတယ်။
KLNAအနေနဲ့ ကူညီဆောင်ရွက်နိုင်ဖို့ ခွင့်ပြုခဲ့ပေမဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဒူးပလာယာခရိုင်အတွင်းမှာ စစ်အင်အားတိုးချဲ့လာပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးအောင် လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့ကြောင့် ဒေသတွင်း လုံခြုံရေးအတွက် အခုလို ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်တယ်လို့ KLNA အမှတ် (၆) တပ်မဟာမှူး စောဆာမိစေးဖိုးက ဒီကနေ့ ဧပြီလ ၂၀ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။