ဝါရီဆူးပလိုင်ကျေးရွာအနီး တိုက်ပွဲအတွင်း စစ်အုပ်စု အထိနာ

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည် အကြား မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက သေဆုံးသူ​တွေ ရှိခဲ့တယ်လို့ KNDF ဖယ်ခုံက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဧပြီလ ၂၀ရက်နေ့ မနက် ၆နာရီခန့်မှာ ဝါရီဆူးပလိုင်ကျေးရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို KNDF တပ်ရင်း ၃၊ တပ်ရင်း ၁၁နဲ့ ဖယ်ခုံ PDFတို့က ပူးပေါင် းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်အုပ်စုဟာ ဖယ်ခုံမြို့မှာရှိတဲ့ စကခ-၇နဲ့ လွိုင်ကော်မြို့မှာရှိတဲ့ အမြောက်တပ်တွေက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ကူခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်အချို့ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရပါတယ်။
မြေပြင်အခြေအနေတွေအရ စစ်အုပ်စုရဲ့ သေဆုံးသူ စာရင်းကို အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။