စစ်သား၂ဦး အသတ်ခံရပြီးနောက် တွံတေး၊ စမ်းရွာသားတွေကို နည်းလမ်းမျိုးစုံနဲ့စစ်အုပ်စု ဒုက္ခပေးနေ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

ရန်ကုန်တောင်ပိုင်းခရိုင်၊တွံတေးမြို့နယ်၊စမ်းရွာက Mytelတာဝါတိုင်စောင့် အကြမ်းဖက်စစ်သား၂ဦးအသတ် ခံရမှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့ရွာသား၁၀ယောက်ကိုထုတ်ပေးဖို့ စစ်အုပ်စုကပြောကြောင်းသိရပါတယ်။

စမ်းရွာအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်စစ်တပ်က အကျယ်ချုပ်ပုံစံထိန်းသိမ်းထားပြီး သံသယရှိသူရွာသား ၁၀ဦးကိုဖော်ထုတ်အပ်နှံမှ စမ်းရွာအုပ်ကြီးကို ပြန်လွှတ်ပေးမယ်လို့ပြောကြောင်း စမ်းရွာနဲ့နီးစပ်တဲ့ တွံတေး မြို့ခံ တစ်ဦးကပြောပါတယ်။

နိုဝင်ဘာ၁၉ရက်နေ့က စမ်းရွာMytel တာဝါတိုင်ကို အရပ်ဝတ်နဲ့ကင်းလှည့်နေတဲ့ အကြမ်ဖက်စစ်သား၂ဦး လာကပုံကျေးရွာအရောက် တွံတေးPDF ကသေနတ်နဲ့ပစ်ခဲ့ခြင်းဖြစ်ပြီး ၁၉ရက်နေ့ညမှာပဲ လာကပုံရွာထဲ အကြမ်းဖက်စစ်တပ်ဝင်ကာ အမျိုးသမီးတစ်ဦးကို ဖမ်းသွားခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

‘မနေ့ညနေ ၅နာရီလောက်က စမ်းရွာတစ်ရွာလုံးက ကလေးလူကြီးမကျန် နာရီဝက်ကျော် ကတ္တရာလမ်းပေါ် ထွက်ထိုင်ခိုင်း တယ်။အဲဒါပြီးတော့ ရွာသား၁၀ယောက်ကျော်ကို ရွာမူလတန်းကျောင်းမှာဖမ်းထည့်ထားလိုက် တယ်။ဒီနေ့မနက်ကျတော့ အဲဒီ၁၀ယောက်ကျော်ကို ရွာကအိမ်တစ်အိမ်ထဲရွှေ့ထားပြီး ကလေးတွေကို ကျောင်း တက်ဖို့ပြောတယ်။ဒီနေ့မနက်မှာ ရွာသားတွေကို စစ်ခွေးတစ်ကောင်ကပြောသွားတယ်။စစ်သားတစ်ယောက်နဲ့ စမ်းရွာတစ်ရွာလုံးနဲ့မလဲနိုင်ဘူးဆိုပြီးပြောသွားသေးတယ်’လို့ သူကပြောပါတယ်။

တစ်ရွာလုံးကို အစာရေစာဖြတ်ပြီး သတ်လိုက်လို့ရကြောင်းခြိမ်းခြောက်သွားသေးတယ်လို့ သိရပါတယ်။

စစ်သား၂ဦးအသတ်ခံရပြီးနောက် အနီးဝန်းကျင်ရွာတွေဖြစ်တဲ့ ကန်ဘဲ့၊စမ်းရွာ၊လာကပုံ၊ပေါက်တော၊ဘုရားကြီးနဲ့ ကျိုက်သလဲရွာတို့ကို နိုဝင်ဘာ၂၀နဲ့၂၁ရက်တို့မှာ အကြမ်းဖက်စစ်တပ်က အပြင်ထွက်ခွင့်ပိတ်ခဲ့ပါတယ်။

‘၂၀ရက်နေ့မှာ စမ်းရွာအုပ်ကြီးကိုဖမ်းတယ်။နေ့ခင်းပိုင်းမှာပြန်လွှတ်ပေးတယ်။ပြီးတော့ အုပ်ကြီးကို သူတို့နဲ့အတူ ထားတယ်။သူတို့စစ်ခွေးကိုသတ်တဲ့ PDFကိုဖော်ပေး၊မဖော်ပေးရင် ရွာကိုမီးရှို့မယ်၊အုပ်ကြီးကိုသတ်မယ်ဆိုပြီး နည်းမျိုးစုံခြိမ်းခြောက်တယ်။ရွာသားတွေက သူတို့ဘာမှမသိတော့ ဘယ်လိုသွားဖော်ပေးရမလဲ’လို့ သူကဆက် ပြောပါတယ်။

နိုဝင်ဘာ၂၁ရက်နေ့တုန်းကလည်း စမ်းရွာထဲဧည့်စာရင်းဝင်စစ်ပြီး ဘယ်ပါတီကိုမဲပေးခဲ့သလဲလို့ ရွာသားတွေကို မေးခဲ့ကြောင်းလည်းသိရပါတယ်။

ပြီးခဲ့တဲ့၂လကျော်ကတည်းက စမ်းရွာMytel တာဝါတိုင်နားမှာ စစ်သား၁၅ယောက်လောက်တပ်စွဲထားခဲ့ပြီး အခုအ ခါ အင်အား၃၀လောက်ရှိတယ်လို့သိရပါတယ်။

စမ်းရွာMytel တာဝါတိုင်ဟာ တွံတေးတစ်မြို့လုံးကိုဖြန့်ကျက်ပေးနေတဲ့ အဓိကတာဝါတိုင်လို့လည်း သိရပါတယ်။