ယမန်နေ့ည၁၂နာရီမှာ NUGငွေတိုက်စာချုပ် ကန်ဒေါ်လာ၆သန်းကျော်ဖိုး ရောင်းချရ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

ယမန်နေ့ည ၁၂နာရီမှာ NUG နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ၆သန်းကျော် ဖိုးရောင်း ချနိုင်ခဲ့တယ်လို့ Public Voice Television(PVTV)ကထုတ်ပြန်ပါတယ်။

မနေ့ည၁၂နာရီမှာ အထူးငွေတိုက်စာချုပ် ၆ဒဿမ၃သန်း ရောင်းချနိုင်ခဲ့ပြီး ငေွတိုက်စာချုပ်စတင်ရောင်းချပြီး ၂နာရီအတွင်း အမေရိကန်ဒေါ်လာ၂သန်းဖိုးရောင်းချနိုင်ခဲ့ပါတယ်။

ယမန်နေ့မနက်ပိုင်းကစတင်ပြီး အမေရိကန်ဒေါ်လာသန်း၂၀၀ဖိုးရှိတဲ့ အထူးငွေတိုက်စာချုပ်တွေကို အနည်း ဆုံးအမေရိကန်ဒေါ်လာ၁၀၀ကနေ ဒေါ်လာ၅၀၀၊ဒေါ်လာ၁၀၀၀နဲ့ဒေါ်လာ၅၀၀၀အထိ ရောင်းချပေးနေ ပါတယ်။

ငွေတိုက်စာချုပ်တွေဟာ အတိုးမဲ့ ၂နှစ်သက်တမ်းဖြစ်ပြီး ရရှိလာတဲ့ငွေတွေကို နွေဦးတော်လှန်ရေးမှာအ သုံးပြုသွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ရည်ရွယ်ပါတယ်။