ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမြို့က DMG သတင်းဌာနရုံးကို စစ်ကောင်စီ စီးနင်းချိပ်ပိတ်၊ သတင်းထောက်တဦး အပါအဝင်နှစ်ဦး ဖမ်းဆီးခံရ

အောက်တိုဘာ၊ ၃၀ ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Development Media Group(DMG)သတင်းဌာနရုံးခန်းကို စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက်မှာ ဝင်ရောက်စီးနင်းပြီး သတင်းထောက်တဦးနဲ့ ရုံးစောင့်ဝန်ထမ်းတဦးတို့ကို ဖမ်းဆီးကာ ရုံးပစ္စည်းတွေအားလုံးကိုလည်း သိမ်းယူသွားတယ်လို့ အဲ့ဒီသတင်းဌာနကထုတ်ပြန်အသိပေးထားပါတယ်။ မနေ့က သီတင်းကျွတ်လပြည့်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် လွိုင်ကော်ဒေသခံ ငါးဦးဒဏ်ရာရ

အောက်တိုဘာ၊ ၃၀ ရှမ်း-ကရင်နီ(ကယား)အစပ် လွိုင်ကော်မြို့နယ်၊လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီတပ်က လူနေကျေးရွာတွေဘက်ကို နှစ်ရက်ဆက် လက်နက်ကြီးတွေပစ်ခတ်နေပြီး ကလေးငယ်လေးဦးအပါဝင်ဒေ သခံ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာ ကွယ်ရေးတပ်(KNDF)၊ တပ်ရင်း (၁၂) ကထုတ်ပြန်ပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲကရှစ်နှစ်အရွယ် မိန်းကလေးတဦးစိုးရိမ်ရတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းမြောက်မှာ စစ်ရှောင်တသောင်းကျော်နဲ့ ပိတ်မိနေသူ ငါးသောင်းဝန်းကျင်ရှိလာ

အောက်တိုဘာ၊ ၃၀ တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတာ လေးရက်ရှိပြီဖြစ်တဲ့  ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်သွားပြီဖြစ်ပြီး စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ အဝတ်အထည်နဲ့ အိပ်ယာခင်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့  စစ်ရှောင်တွေက ပြောကြပါတယ်။ လားရှိုးမြို့နယ်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ PDF တွေက စုပေါင်းရုံးကို တိုက်ခိုက်

အောက်တိုဘာ၊ ၃၀ မကွေးတိုင်း ၊ ရေစကြိုမြို့ အမှတ် ( ၂ ) ရပ်ကွက်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူးစောတပ်ဖွဲ့ဝင်တွေ  အခြေစိုက်တပ်စွဲထားတဲ့ စုပေါင်းရုံးကို အောက်တိုဘာလ ၂၈ ရက်၊ညနေ ၆ နာရီခန်ကမှာ တိုက်ခိုုက်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ ပျူစောထီးအခြေစိုက်တဲ့ မကျီးတုံကျေးရွာကို PDF တိုက်ခိုက်

အောက်တိုဘာ၊ ၃၀   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျူစောထီးတွေ အခြေစိုက်တဲ့ မကျီးတုံကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေက အောက်တိုဘာ ၃၀ ရက်၊ ဒီကနေ့ မနက် ၅ နာရီခန့်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သိန္နီမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်တွေထိန်းချုပ်

အောက်တိုဘာ၊ ၃၀   ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က စစ်ကောင်စီတပ်နဲ့ ရဲစခန်းတွေကို မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး အောက်တိုဘာလ ၂၉ ရက်၊ မနေ့က ကတည်းက ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသခံတွေက DNA သတင်းဌာနကို ပြောကြားပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရလို့ သေဆုံးပြန်

အောက်တိုဘာ၊ ၃၀   ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေးရွာ အုပ်စု၊ ချောင်းခွ (ကေ)ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အောက်တိုဘာ ၂၉ ရက်၊ မနေ့က မနက် ၁၁ နာရီခန့်မှာ ပစ်ခတ်ခဲ့လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်လေယာဉ် ရာနဲ့ချီ ပူးပေါင်းပျံသန်းပြီး စစ်ရေးလေ့ကျင့်

အောက်တိုဘာ၊ ၃၀ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းပြီး ၂၄ နာရီအတွင်း စစ်လေယာဉ် အစီးရေ ရာနဲ့ချီ ပူးပေါင်း ပျံသန်းတဲ့ စစ်ရေး လေ့ကျင့်မှုကြီး တခုကို ပြုလုပ်ခဲ့ပါတယ်။ မဟာမိတ် နှစ်နိုင်ငံ နှစ်စဉ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မက္ကဆီကိုမှာ ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ငါးဆယ်ဝန်းကျင်ထိ မြင့်တက်လာ

အောက်တိုဘာ၊ ၃၀ မက္ကဆီကို နိုင်ငံမှာ ဖျက်ဆီးအား ပြင်းထန်တဲ့ ဟာရီကိန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် ၅၀ နီးပါးထိ မြင့်တက်လာကြောင်း သိရပါတယ်။ ကမ်းရိုးတန်း မြို့တမြို့ဖြစ်တဲ့ အကာပူလ်ကိုမှာ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မော်စကိုမှာ ဟားမားစ် ကိုယ်စားလှယ်တွေကို လက်ခံ တွေ့ဆုံမှု ရုရှားသံအမတ်ကို အစ္စရေး ဆင့်ခေါ် ကန့်ကွက်

အောက်တိုဘာ၊ ၃၀ ဟားမားစ် တာဝန်ရှိသူတွေကို ရုရှား အစိုးရက လက်ခံ တွေ့ဆုံခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ အစ္စရေးက ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်မှာ အစ္စရေး [ဆက်လက်ဖတ်ရှုရန်]