နိုင်ငံတကာရေးရာ

မြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ ဗြိတိန်အစိုးရက သူ့နိုင်ငံသားတွေကို တိုက်တွန်း

၁၃ ၊ မတ်လ ၊ ၂၀၂၀ ။ လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေ မြင့်တက်လာချိန်မှာပဲ ဗြိတိန်အစိုးရက သူရဲ့နိုင်ငံသားတွေ မြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ မတ်လ ၁၂ရက်နေ့က သတိပေးတိုက်တွန်းလိုက်ပါတယ်။ မနေ့ကတောင်ကြီးမြို့မှာ ပိုလန်နိုင်ငံသားသတင်းစာဆရာတစ်ဦး အဖမ်းခံရပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့သားသမီးတွေကို အမေရိကန်ပိတ်ဆို့အရေးယူ

၁၁ ၊ မတ်လ ၊ ၂၀၂၁ ။ သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ စစ်အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးတွေကို အရေးယူပိတ်ဆို့ကြောင်း မတ်လ၁၀နေ့က ကြေညာလိုက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အရှိန်မြင့်လာနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက သတိပေးနေချိန်မှာပဲ အခုလိုအရေးယူလိုက်တာပါ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆုံးသတ်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်တွေတောင်းဆိုလိုက်ပြီ

၁၀ ၊ မတ်လ ၊ ၂၀၂၁။ မြန်မာနိုင်ငံမှာစစ်အာဏာရှင်အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီပြန်လည်ရှင်သန်ရေးအတွက် တောင်ကိုရီးယားလွှတ်တော်အမတ်တွေဟာ မြန်မာနိုင်ငံသံရုံးရှေ့မှာ ဒီကနေ့ တောင်းဆိုခဲ့ကြပါတယ်။ လက်ရှိတောင်ကိုရီးယားနိုင်ငံရဲ့အာဏာရ Democratic Party of Korea ပါတီကလွှတ်တော်အမတ်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားပြုအဖွဲ့တွေဟာ ဒီကနေ့မနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းခံထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလလူ့အခွင့်အရေးကောင်စီတောင်းဆို

၁၃ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုအခြေအနေနဲ့ ပတ်သတ်လို့ မနေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့တာပါ။ ဒီမိုကရေစီနည်းလမ်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားပစ်တာ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ပုသိမ်ဆေးရုံက ဆရာဝန်တွေရဲ့ ဆန္ဒသဘောထားထုတ်ပြန်

၂ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။ ပုသိမ်ဆေးရုံက လက်ထောက်ဆရာဝန်တွေဟာ မနက်ဖြန်မနက်ကစပြီး Civil Disobedience Campaign ပြုလုပ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သွားမယ်လို့ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ကလည်း ဆေးရုံအုပ်အဖြစ်တာ၀န်ထမ်းဆောင်သွားမှာ ဖြစ်ပေမယ့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်း လူငယ်ရေးရာကော်မတီက ကြေညာချက်ထုတ်ပြန်

၁၊ဖေဖော်ဝါရီ၊ ၂၀၂၁။ စစ်တပ်ရဲ့ နိုင်ငံတော်အာဏာသိမ်းမှု့အပြီး ၂၄ နာရီအတွင်းမှာပဲ ဧရာဝတီတိုင်းလူငယ်ရေးရာကော်မတီက ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ လက်တလော အခြေအနေကို တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူငယ်တွေရဲ့ သဘောထားကို အများသိစေချင်လို့ ထုတ်ပြန်တဲ့ သဘောပါ။ နောက်အဆင့်တွေကိုလည်း တဆင့်ပြီးတဆင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖျာပုံက တိုင်းဒေသကြီးကိုယ်စားလှယ်လည်း ဖမ်းဆီးခံရ

၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။ NLDပါတီရဲ့ ဖျာပုံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် အမတ် မပြုံးပြုံးအေးကို စစ်ယူနီဖောင်းဝတ်သူ (၁၀)ဦးနဲ့ ရိုးရိုးဝတ်လူ (၄)ဦးတို့က စစ်ကားတစ်စီး၊ ရိုးရိုးကားအဖြူတစ်စီးနဲ့နေအိမ်ကိုလာရောက်ခေါ်ဆောင်သွားတယ်လို့ ခင်ပွန်းဖြစ်သူ ကိုအောင်မိုးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာရဲ့ သတင်းစကား

၁ ၊ ဖေဖော်ဝါရီ၊ ၂၀၂၁။ နေပြည်တော် စည်ပင်ရိပ်သာဝန်းထဲမှာ ထိန်းသိမ်းခံနေရတဲ့ အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန္တာက ပြည်သူတွေ စိတ်မပူဖို့ ၊ ပြည်သူ့ဆန္ဒသာ အဓိကဖြစ်ကြောင်းနဲ့ ပြည်သူ့ဆန္ဒကို ဘယ်သူဖျက်ဖျက် မပျက်ဘူးလို့ Delta News Agency ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဧရာဝတီရဲ့ ဒီချုပ်ပါတီတိုင်းရုံးကို စစ်တပ်ဝင်ရောက်စစ်ဆေး

၁ ၊ ဖေဖော်ဝါရီ၊ ၂၀၂၁။ အမှတ် ၂ ရပ်ကွက်၊ ငွေဆောင်ကားဝန်းထဲမှာရှိတဲ့ ဧရာဝတီတိုင်း၊ ဒီချုပ်ပါတီရဲ့တိုင်းအဆင့်ရုံးကို စစ်တပ်ကဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တိုင်းရုံးအဖွဲ့ဝင်တစ်ဦးက အတည်ပြုဖြေကြားပါတယ်။ လက်ရှိအချိန်အထိတော့ ပုသိမ်မြို့အတွင်းမှာ ပုံမှန်အတိုင်း အသွားအလာ မပျက်ရှိနေပြီး အစိုးရအဖွဲ့ရုံး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေကြည်တိုင်းဒေသကြီးအမတ် ကိုမျိုးသက်ဦးကို စစ်တပ်လာခေါ်သွားပြီ

၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။ ဒီနေ့မနက် ၄နာရီခန့်မှာ NLDပါတီရဲ့ ရေကြည်တိုင်းဒေသကြီး အမတ် ကိုမျိုးသက်ဦးကို ကွန်မန်ဒိုဝတ်စုံဝတ် လက်နက်ကိုင်တွေက နေအိမ်ကို လာရောက်ခေါ်ဆောင်သွားတယ်လို့ ဇနီးဖြစ်သူ မဝင်းစန္ဒာခိုင်က အတည်ပြုပါတယ်။ ဆွေးနွေးစရာရှိတဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]