မြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ ဗြိတိန်အစိုးရက သူ့နိုင်ငံသားတွေကို တိုက်တွန်း

၁၃ ၊ မတ်လ ၊ ၂၀၂၀ ။

လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေ မြင့်တက်လာချိန်မှာပဲ ဗြိတိန်အစိုးရက သူရဲ့နိုင်ငံသားတွေ မြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ မတ်လ ၁၂ရက်နေ့က သတိပေးတိုက်တွန်းလိုက်ပါတယ်။

မနေ့ကတောင်ကြီးမြို့မှာ ပိုလန်နိုင်ငံသားသတင်းစာဆရာတစ်ဦး အဖမ်းခံရပြီးနောက် အခုလိုထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

မြန်မာနိုင်ငံမှာ ပိုလန်နိုင်ငံသား သတင်းစာဆရာတစ်ဦး ဖမ်းခံရကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပြီး သူဟာ စစ်အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရတဲ့ ဒုတိယမြောက်နိုင်ငံခြားသားသတင်းစာဆရာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဆန္ဒပြပွဲသတင်းယူနေတဲ့ ဂျပန်နိုင်ငံသားသတင်းစာဆရာတစ်ဦးလည်း ယာယီထိန်းသိမ်းခံခဲ့ရပါသေးတယ်။

မတ်လ ၁၁ရက်နေ့မှာ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် လူ၁၂ယောက်သေဆုံးပြီးနောက် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးတင်းမာမှုတွေနဲ့ မငြိမ်သက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ အရှိန်တိုးမြင့်လာနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက သတိပေးခဲ့ပါတယ်။

Ref : telegraphindia

Delta News

Read Previous

စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့သားသမီးတွေကို အမေရိကန်ပိတ်ဆို့အရေးယူ

Read Next

အိန္ဒိယဘက်နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၄၀၀ကျော်အနက် အများစုက ရဲနဲ့မီးသတ်ဝန်ထမ်းတွေဖြစ်