နှစ်လအတွင်း တိုက်ပွဲ ၁၀ကြိမ်ကျော်ဖြစ်ပွားပြီး နေအိမ် ၃၈လုံးမီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း CNDF ထုတ်ပြန်

နှစ်လအတွင်း တိုက်ပွဲ ၁၀ကြိမ်ကျော်ဖြစ်ပွားပြီး နေအိမ် ၃၈လုံးမီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း CNDF ထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ မေလ၊ ဇွန်လအတွင်း ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ဟာ စစ်အုပ်စုနဲ့ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်သား ၆၆ ယောက် သေဆုံးကြောင်း CNO၊ CNDF က ဇူလိူင်လ (၄) ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ၂ လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ CNDF ရဲဘော်သုံးဦးကျဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်အုပ်စုတပ်တွေဟာ ဖလမ်းမြို့နယ်…

Read More
ကလေး- ဖလန်း ကားလမ်းကို ပြည်သူတွေသွားလာခြင်းမပြုကြဖို့ CNOနဲ့ CNDF မေတ္တာရပ်ခံ

ကလေး- ဖလန်း ကားလမ်းကို ပြည်သူတွေသွားလာခြင်းမပြုကြဖို့ CNOနဲ့ CNDF မေတ္တာရပ်ခံ

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ချင်းတောင်ပေါ်ကို အင်အားအလုံးအရင်းနဲ့တက်လာတာကြောင့်ပြည်သူတွေ ကလေး-ဖလန်းကားလမ်းကို သွားလာခြင်းမပြုကြဖို့ CNOနဲ့CNDFအဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုတပ်ဟာ ဇွန်လ ၂၇ ရက်နေ့မနက် ၇ နာရီဝန်းကျင်မှာ ကားငါးစီးလူအပြည့် လက်နက်အပြည့်အစုံနဲ့ ကလေးမြို့ကနေချင်းတောင်ပေါ်ကို တက်သွားခဲ့ပါတယ်။ တက်သွားပြီး နာရီပိုင်းအကြာမှာပဲCNOနဲ့CDF အဖွဲ့က “အကြမ်းဖက်စစ်အုပ်စုတွေ ကလေးမြိုမှ ချင်းပြည်နယ်သို့ တက်လာကြသည့်အတွက် မိဘပြည်သူများအနေဖြင့် ကလေး-ဖလမ်း ကားလမ်းသို့ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ အသိပေးအပ်ပါသည်။”လို့ ထုတ်ပြန်ကြေငြာခဲ့တာပါ။ ကလေး-ဖလန်းကားလမ်းဟာ ဖလန်းဒေသခံတွေအဓိကအသုံးပြုနေရတဲ့ လမ်းပိုင်းတစ်ခုဖြစ်ပြီး စစ်ကြောင်းနဲ့တွေ့ရင်…

Read More
ကလေးမြို့၊ စန်းမြို့ရပ်ကွက်မှာ စစ်အုပ်စုနဲ့ CNDF တို့အကြား တိုက်ပွဲဖြစ်ပွား

ကလေးမြို့၊ စန်းမြို့ရပ်ကွက်မှာ စစ်အုပ်စုနဲ့ CNDF တို့အကြား တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဒီနေ့ ဇွန် ၁၈ ရက် မနက် ၉ နာရီဝန်းကျင်ကစပြီး သေနတ်သံနဲ့ လက်နက်ကြီးသံကြားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ ဒီမနက် တာဟန်းဘောလုံးကွင်းကို အင်အားအများအပြားနဲ့ ရောက်လာပြီး အခုလိုပစ်ခတ်ကြတာလို့ ဆိုပါတယ်။ “တာဟန်းနဲ့တဆက်တည်းပေါ့ စန်းမြို့ရပ်ကွက် စတောင်ဘော်လုံးကွင်းမှာ အင်အားတစ်ရာလောက်ခွေးတွေ ရှိတယ်ဗျ။ လက်နက်ကြီးတွေနဲ့လည်း တာဟန်းဘက်၊ စက္ကန့်ဘက်ကိုချိန်ထားတယ်နော” လို့ စန်းမြို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ စက္ကန့်ရွာဟာ မနေ့ကမီးရှို့ခံရတဲ့…

Read More
CNDF အထူးကွန်မန်ဒို သင်တန်းဆင်းပွဲ

CNDF အထူးကွန်မန်ဒို သင်တန်းဆင်းပွဲ

  ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ အထူးကွန်မန်ဒိုသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း Chin National Organization က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Read More
CNDFနဲ့ စစ်အုပ်စုတို့ တစ်လအတွင်း တိုက်ပွဲ၅ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုက ၄၀ကျော်သေ

CNDFနဲ့ စစ်အုပ်စုတို့ တစ်လအတွင်း တိုက်ပွဲ၅ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုက ၄၀ကျော်သေ

ချင်းအမျိုးသားကာကွယ်ရေးတပ် CNDFနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ ဖေဖော်ဝါရီလ ၁လအတွင်းမှာ တိုက်ပွဲပေါင်း ၅ကြိမ်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုက ၄၁ဦးသေဆုံးပြီး ၅၀ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNOက ဒီကနေ့ မတ်လ ၅ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဘက်တော့ မိုင်းထောင်စဉ်မှာ မတော်တဆပေါက်ကွဲမှုကြောင့် တစ်ဦးကျဆုံးခဲ့ရပြီး တိုက်ပွဲအတွင်းမှာ တစ်ဦးနဲ့ စုစုပေါင်း ၂ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ သာလွန်လက်နက်အင်အားတွေနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်တာနဲ့ ပြောက်ကျားတိုက်ပွဲတွေကို ဆင်နွှဲပြီး ခုခံတိုက်ခိုက်နေရတာပဲဖြစ်ပါတယ်။

Read More