နွေဦးပွင့်သစ်

တော်လှန်သောမွေးနေ့

လူငယ်တွေ တိုင်းပြည်က ထွက်ပြေးနေကြတယ်။ဒီလူကြီးတစ်ယောက်အတွက် ငါတို့အသက်အသေမခံနိုင်ဘူးတဲ့ဥရောပနိုင်ငံကြီးတစ်နိုင်ငံမှာပေါ့။လူငယ်တွေတိုင်းပြည်က ထွက်ပြေးနေကြတယ်အလုပ်လက်မဲ့နဲ့ ငတ်ပြီးအသေမခံနိုင်လို့အနာဂတ်ပျောက်ပြီး ဘဝမမဲ့ချင်ကြလို့အမှောင်ထုထဲမှာ သိမ်လှီခြောက်ကပ်မနေချင်ကြလို့မတရားတဲ့အုပ်ချုပ်မှုတစ်ခုကို လက်မခံနိုင်ကြလို့ တဲ့အရှေ့တောင်အာရှရဲ့ ကမ်းခြေတစ်နေရာမှာပေါ့။နိုင်ငံဆိုတဲ့လှောင်ချိုင့်တစ်ချိုင့်ထဲမှာ ဒီခေတ်မှာ လူတွေကို ထည့်ပိတ်ထားလို့ မရတော့ဘူးမြေကြီးအတွက် သူတို့အသက်တွေကို အလကားတောင်းလို့ မရတော့ဘူးလူတိုင်းဟာ သူတို့ဘဝကို သူတို့ပိုင်တယ် [ဆက်လက်ဖတ်ရှုရန်]

နွေဦးပွင့်သစ်

ကြည်ဇော်အေးကို လိုက်ပို့ခြင်း

ဆုံးပြီဆိုတဲ့ စကားဟာ မင်းနဲ့ကျမှ ပြည့်စုံလွန်းနေတယ်။ကြည်ဇော်အေးဆုံးပြီတဲ့။မင်းကိုချစ်တဲ့သူတွေအတွက်တော့ ဘာမှမကျန်အောင် ဆုံးရှုံးလိုက်ရတာပေါ့ကွာ။တစ်နေ့တစ်နေ့ လူတွေက သေနေကြတာပဲ။ ကိုယ်ချစ်တဲ့သူသေမှ၊ကိုယ်တန်ဘိုးထားတဲ့သူ သေမှ၊ လောကကြီးကမတရားဘူး ဘာဘူးလည်းမပြောချင်တော့ပါဘူး။  တကယ်တော့ သေခြင်း တရားဟာ ငါတို့မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုပဲ။ နောက်ဆုံးအချိန်ထိ ခုခံသွားရုံကလွဲပြီး ငါတို့မှာ [ဆက်လက်ဖတ်ရှုရန်]