မြဝတီခရိုင်၊ လေးကေ့ကော်ဒေသက ကော်ဘရာစစ်ကြောင်းရဲ့စခန်းကုန်းငယ်ကို အကြမ်းဖက် လေတပ်က ဗုံး နှစ်ကြိမ်ကြဲခဲ့ရာ တော်လှန်ရေးရဲဘော် ၃ ဦး ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ လေးကေ့ကော်ဒေသက ကော်ဘရာစစ်ကြောင်းရဲ့စခန်းကုန်းငယ်တစ်ခုကို မေလ ၁၉ ရက်နေ့ မနက်၂နာရီလောက်မှာတစ်ကြိမ်၊တခြားတောင်ကုန်းငယ်တစ်ခုကို မနက်၂နာရီ၂၇မိနစ်မှာတစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရ၃ဦးအနက်တစ်ဦးမှာ စိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း Cobra Column ကထုတ် ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှု (၃၅) ကြိမ်ကို ကြံ့ကြံခံကာ အကြမ်းဖက် စစ်တပ်ရဲ့ သေ့ဘော့ဘိုးစခန်းကုန်းကို ကော်ဘရာစစ်ကြောင်းနဲ့…
Read Moreကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ထိန်းချုပ်နယ်မြေ ဒေါနအရှေ့ခြမ်း လေးကေကော်နဲ့ ဝေါလေဒေမှာ အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KLNAနဲ့ ပူးပေါင်းလာတဲ့ တပ်မတော်သားတွေဟာ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၈ဦးထိ ရှိလာပြီဖြစ်တယ်လို့ KICရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ လာရောက်ပူးပေါင်းတဲ့ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိ ၅ဦးခန့်ပါဝင်ပြီး KNUလက်အောက်မှာ ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ KNLA သတင်းအရင်အမြစ်ကပြောပါတယ်။ “သူတို့ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးတယ်။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်။ ကျနော်တို့…
Read Moreကရင်ပြည်နယ် မြဝတီမြိုနယ် လေးကေ့ကော်ဒေသ ဖလူးကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ Cobra Columnတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁ဦးသေဆုံးသွားခဲ့တယ်လို့ Cobra Columnက ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၂၁ရက်နေ့ ညနေ ၆နာရီခွဲလောက်က အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၄၄လက်အောက်ခံ ခမရ(၁) စစ်ကြောင်း(၁)နဲ့ Cobra Column တို့ ဖူလူးကျေးရွာအနီးမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားချိန် ၄နာရီကျော်အထိ ကြာမြင့်ခဲ့ပြီး…
Read Moreဒီနေ့မနက်၁နာရီလောက်မှာ လေးကေ့ကော်မြို့သစ် အနီးရှိ တောင်ကုန်းတွေပေါ် အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ကော်ဘရာ စစ်သည်တော်တွေဟာ လူထုမေတ္တာကြောင့် ဘေးကင်းနေတယ်လို့ Cobra Column က ထုတ်ပြန်ပါတယ်။ ဧပြီ ၁၉ ရက်နေ့ မနက် ၁၂ နာရီကျော်ကလည်း တိုက်လေယာဉ်လို့ယူဆရတဲ့ လေယာဉ်တစ်စီး လေးကေ့ကော်ဘက် ဝဲပျံလာသလို ဧပြီ ၁၉ ရက်နေ့ မနက် ၆ နာရီခွဲကျော်မှာလည်း ကင်းထောက်လေယာဉ်လို့…
Read Moreလေးကေ့ကော်ဒေသအတွင်း ဒီနေ့နေ့ခင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား အနည်းဆုံး ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက် ၁၁ နာရီလောက်မှာ လေးကေ့ကော်ထဲက ကော်ဘရာစစ်ကြောင်းရှိရာဘက်ကို အကြမ်းဖက်စစ်တပ်က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကော်ဘရာစစ်ကြောင်းရဲ့ အမြောက်စစ်သည်နဲ့ စနိုက်ပါစစ်သည်တို့က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ‘ကျွန်တော်တို့ဘက်က တုံ့ပြန်ပစ်ခတ်တဲ့အခါ သူတို့ဘက်က စက်လတ်ထားတဲ့နေရာနဲ့ စနိုက်ပါနေရာတွေပေါ့လေ။ ဒါကို တိုက်ရိုက်ထိမှန်ပြီးတော့ သူတို့ဘက်က အနည်းဆုံး ၅ ဦး…
Read Moreအကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊တိုက်လယာဉ်၊ရဟတ်ယာဉ်တို့နဲ့ မဆင်မခြင်ပစ်ခတ်မှုတွေကြောင့် လေးကေ့ကော်မြို့သစ်အတွင်းရှိ ပြည်သူပိုင်နေအိမ်တွေ ပျက်စီးခဲ့ကြောင်း Cobra Column က မှတ်တမ်း ဓာတ်ပုံတချို့ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်၃နာရီလောက်ကစပြီး အကြမ်းဖက်စစ်တပ်ဟာ လေးကေ့ကော်ရပ်ကွက်တွေထဲ စစ်ကြောင်းထိုး ကျူးကျော်ခဲ့ခြင်းဖြစ်ပြီး ဒီနေ့တစ်နေ့လုံး ကော်ဘရာစစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ တိုက်ပွဲပြင်းထန်နေပါတယ်။
Read MoreKNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ လေးကေကော်ဒေသ ရပ်ကွက်တွေမှာ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖငက် စစ်အုပ်စုတို့ကြား ဒီနေ့မနက် ၃ နာရီကတည်းက နေ့လည် ၂ နာရီခွဲအထိ တိုက်ပွဲပြင်းထန်နေပါတယ်။ တိုက်ပွဲမှာ စစ်အုပ်စုဘက်က အကျအဆုံးများပြီး တပ်မ (၄၄) က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို ဖမ်းဆီးရမိကာ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ PVTV သတင်းဌာနက ဖော်ပြပါတယ်။ ကော်ပရာစစ်ကြောင်း ဦးစီးတဲ့ KNLA…
Read Moreလေးကေ့ကော် လေးကေ့ကော်ဒေသအနီးမှာ စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခုကို စနိုက်ဘာအဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပြီး စစ်အုပ်စုဘက်က ၂ဦးသေဆုံးသွားတယ်လို့ Cobra Column က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၅ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ လေးကေ့ကော်ဒေသအနီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်အုပ်စုစစ်ကြောင်းကို Cobra တပ်ဖွဲ့ စနိုက်ဘာတွေက ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ မြဝတီ-ဝေါ်လေ ကားလမ်းအနီးမှာ စစ်ရေးလှုပ်ရှားနေတဲ့ Cobra စစ်ကြောင်းကို ဧပြီလ ၄ရက်နေ့ ည၇နာရီလောက်က လေးကေ့ကော်ဒေသမှာရှိတဲ့ စွယ်တော်ကုန်း…
Read Moreခမရ (၅၈၅) ဒု-တပ်ရင်းမှူး ဗိုလ်မှူးနဲ့ စစ်သား ၁ ဦး တို့ဟာလက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသကို စစ်ကြောင်းထိုး ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် ခမရ (၅၈၅)က ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် နဲ့ တပ်သား ဟိန်းမင်းထွေး တို့ဟာ KNLAပူးပေါင်းတပ်ဖွဲ့ဆီ လာရောက်ပူးပေါင်းနိုင်ခဲ့ပြီလို့ Cobra Column က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ သူတို့နဲ့အတူ MA -1 သေနတ် တစ်လက်၊…
Read Moreကေအဲန်ယူထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့တခွင်မှာ အကြမ်းဖက်စစ်အင်အား ၂၀၀ကျော်ရှိနေပြီး အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ရမ်းပစ်နေတာတွေရှိနေတယ်လို့ Delta News Agency ရဲ့ မြေပြင် ကင်း ထောက်က သတင်းပေးပို့ပါတယ်။ အခုအခါ လေးကေ့ကော်မြို့အစွန်၃ရပ်ကွက်၊ ရေကန်ကုန်း၊ဘုရား၊ မယ်ဝါးခီးဂိတ်၊ အမြောက်ကုန်းနဲ့ လေးကေ့ကော်ရေပေးဝေရေးစခန်းတို့မှသာ တပ်မ၄၄က အကြမ်းဖက်စစ်သားတွေ ရှိတယ်လို့ သိရ ပါတယ်။ ‘တနေ့က စစ်ကား၁၂စီးနဲ့ညဘက်မှာ ၃စီး တပ်မ၄၄ကရောက်လာတယ်။အင်အား၂၀၀ကျော်ရှိမယ်’လို့ သူကပြောပါတယ်။ မတ်လ၂၅ ရက်နေ့၊ လေးကေ့ကော်ကို တပ်မ…
Read More