မြဝတီခရိုင်၊ လေးကေ့ကော်ဒေသက ကော်ဘရာစစ်ကြောင်းရဲ့စခန်းကုန်းငယ်ကို အကြမ်းဖက် လေတပ်က ဗုံး နှစ်ကြိမ်ကြဲခဲ့ရာ တော်လှန်ရေးရဲဘော် ၃ ဦး ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။
လေးကေ့ကော်ဒေသက ကော်ဘရာစစ်ကြောင်းရဲ့စခန်းကုန်းငယ်တစ်ခုကို မေလ ၁၉ ရက်နေ့ မနက်၂နာရီလောက်မှာတစ်ကြိမ်၊တခြားတောင်ကုန်းငယ်တစ်ခုကို မနက်၂နာရီ၂၇မိနစ်မှာတစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရ၃ဦးအနက်တစ်ဦးမှာ စိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း Cobra Column ကထုတ် ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှု (၃၅) ကြိမ်ကို ကြံ့ကြံခံကာ အကြမ်းဖက် စစ်တပ်ရဲ့ သေ့ဘော့ဘိုးစခန်းကုန်းကို ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေက မေလ (၁၈) ရက်နေ့ ၊နေ့လည်ပိုင်းမှာ အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီးနောက် အကြမ်းဖက် လေတပ်ဟာ လေ့ကေ့ကော်ဒေသကို ဗုံးလာကြဲခြင်းဖြစ်ပါတယ်။