စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေစကြိုPDF လိုက်လံရှင်းလင်း​ပေ

ဓာတ်ပုံ-ရေစကြိုPDF
မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေစကြိုPDFက နေ့စဉ် ရှင်းလင်းသန့်ရှင်းရေးတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဒီကနေ့ မေလ ၁၉ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒါ့အပြင် ရေစကြိုPDF နယ်မြေစိုးမိုးထားတဲ့ ဒေသတွေအတွင်းမှာ ပြည်သူတွေအနေနဲ့ အကူညီလိုအပ်တာတွေ ရှိပါက ရေစကြိုPDFကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး အတတ်နိုင်ဆုံး ကူညီပေးသွားမယ်လို့ ဆိုပါတယ်။