စစ်ရေးအခြေအနေတွေကြောင့် ဂန့်ဂေါမြို့ပေါ်ကို ကားအသွားအလာရပ်၊ အခြေခံစားသောက်ကုန်တွေပြတ်လပ်လာ

ဧပြီ၊ ၁၁

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာ စစ်ရေးအခြေအနေတွေကြောင့် ကျေးရွာတွေက နေဂန့်ဂေါမြို့ပေါ်ကို ကားသွားလာမူတွေဆယ်ရက်ကျော်ရပ်ဆိုင်းပြီးနောက် အ​ခြေခံစားသောက်ကုန်တွေနဲ့ ဓာတ်ဆီ၊ဒီဇယ်တွေ ပြတ်လပ်လာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကန်ရဲစခန်းကိုစီးနင်းတိုက်ခိုက်ခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကနေ ဒီကနေ့အထိ ဂန့်ဂေါမြို့ပေါ်ကိုကားသွားလာမူတွေရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

“စျေးဆိုင်တွေမှာပြတ်ပြီ။ များများဝယ်ထားတဲ့သူတွေက မျှပေးကြတယ်။ သူတို့ဆီကဝယ်ရတာပ” လို့ ကန်ရွာခံတဦးကပြောပါတယ်။ 

အခြေခံမီးဖိုချောင်သုံး မီးဖိုချောင်သုံး ငါးပိ၊ဆား၊ငံပြာရည်၊အချို့မှုန့်က အစ ဓာတ်ဆီ၊ဒီဇယ်တွေပါပြတ်သလောက်ဖြစ်နေတယ်လို့ဆိုပါတယ်။ဓာတ်ဆီ တပီပါ ကို အနည်းဆုံးခုနစ်သိန်းကနေ ရှစ်သိန်းနဲ့အထက်ကိုရောက်နေတယ်လို့သိရပါတယ်။

” အဓိကကတော့ အချို့မူန့်၊ငါးပိ၊ဆားတွေကို နည်းနည်းချင်းစီဝယ်စားကြရတဲ့ လက်လုပ်လက်စားတွေပြတ်တာများတယ်။ ရှိတယ်လူကျတော့ များများဝယ်ထားတော့ခံသာသေးတာ။ ဆင်းရဲတာများတစက်မပါ့မကောင်း၊ အရင်ဆုံးခံရတာခဲ”လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ဒေသခံတဦးကပြောပါတယ်။

ဂန့်ဂေါနယ်ကျေးရွာတွေမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်မူဖြစ်ပေါ်နေတာကို စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ နှမ်းခါးလူငယ်အဖွဲ့တာဝန်ခံကိုနွေဦးကလည်း အတည်ပြုပြောဆိုပါတယ်။

ဂန့်ဂေါ – ကလေးကားလမ်းပိတ်ထားတာတနှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး ကလေးဘက်ကနေ ကုန်စည်စီးဆင်းမူမရှိပဲဂန့်ဂေါနယ် မြောက်ပိုင်းဟာ အခြေခံစားသောက်ကုန်မီးဖိုချောင်သုံး ဆား၊အချို့မုန့်၊ငါးပိ၊ငံပြာရည် အစရှိတဲ့ပစ္စည်းတွေအတွက် ဂန့်ဂေါမြို့ကနေသာတဆင့်ဝယ်ယူကြရတာဖြစ်ပါတယ်။

ကန်စခန်းတိုက်ပွဲဖြစ်ပြီးကတည်းက ဂန့်ဂေါမြို့ ခ.လ.ရ (၅၀) တပ်ကနေ ဂန့်ဂေါမြို့ဝန်းကျင်ကို နေ့စဥ်စစ်ကြောင်းထိုးနေတဲ့အတွက် ကားသွားလာမူတွေရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ကုန်စည်ပြတ်လပ်တာကြောင့်ကားတွေအမြန်ပြေးဆွဲဖို့ဒေသခံတွေကအလိုရှိနေတာပါ။ ” ဒီကနေ့နဲ့မနက်ဖြန် လမ်းဖွင့်ပေးတယ်လို့ပြောတယ်။ ဒါပေမယ့်ကားတွေကမသွားရဲကြသေးဘူး” လို့ ဒေသခံတဦးကပြောပါတယ်။