လောင်းလုံမှာစစ်ကောင်စီက နေအိမ် ၁၅၀ ကျော်မီးရှို့၊ အရပ်သားတဦးသေဆုံး

လောင်းလုံမှာစစ်ကောင်စီက နေအိမ် ၁၅၀ ကျော်မီးရှို့၊ အရပ်သားတဦးသေဆုံး

မတ်၊ ၂၂ တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံမြို့နယ်က ကျေးရွာနှစ်ရွာကို မနေ့က မတ် ၂၁ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားသလို အရပ်သားတကိုလည်း သေနတ်ပစ်ခတ်ခဲ့လို့ သေဆုံးတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ရေကြောင်းလမ်းကနေတဆင့် လောင်းလုံးမြို့နယ် ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ် ကျေးရွာဘက်ကို နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုး ဝင်ရောက်လာတာပြီး အကြောင်းပြချက်မရှိဘဲ…

Read More
လောင်းလုံးမှာ စစ်ကောင်စီလက်ချက်နဲ့ ရွာသားခြောက်ဦးသေဆုံး

လောင်းလုံးမှာ စစ်ကောင်စီလက်ချက်နဲ့ ရွာသားခြောက်ဦးသေဆုံး

မတ်၊ ၄ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာကို ဒီကနေ့ မတ် ၄ ရက်မနက်ပိုင်းမှာပစ်ခတ်ဝင် ရောက်လာတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သား ခြောက်ဦးကို အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ ဒေသ ခံတွေကပြောပါတယ်။ စစ်ကောင်စီနဲ့ ပျူစောထီး  အင်အား ငါးဆယ်ကျော်ဟာ ဒီကနေ့ မနက်ကိုးနာရီခွဲဝန်းကျင်မှာ ကျောက်ဝပ်ပြင် ကျေးရွာကနေ တောင်ကြောအတိုင်း စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး နောက် အောက်ကျောက်ဝပ်ကျေးရွာ ထဲကို ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီနောက်…

Read More
လောင်းလုံးကသကျက်တော ရဲစခန်းကို ကာကွယ်ရေးအင်အားစုတွေက မီးရှို့

လောင်းလုံးကသကျက်တော ရဲစခန်းကို ကာကွယ်ရေးအင်အားစုတွေက မီးရှို့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ကသကျက်တောနယ်မြေရဲစခန်းကို စစ်အုပ်စုက စွန်ခွာသွားခဲ့အပြီးရက်ပိုင်းအကြာမှာ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ “ညက မီးရှို့သွားတာပါ၊ သူတို့ဟာ သူတို့လာပြီး ရှို့သွားတာပဲ၊ အကုန်လုံးတော့ လောင်သွားတာပေါ့” လို့ သကျက်တော ဒေသခံတဦးကDNA ကို ပြောပါတယ်။ အဲ့ဒီရဲစခန်းကို  ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ သကျက်တောနယ်မြေရဲစခန်းဟာဝင်ရောက်စီးနင်းတိုက်ခိုက်ခံရတာ၊အဲ့ဒီစခန်းမှာတပ်စွဲထားတဲ့စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ…

Read More
လောင်းလုံးမှာ စစ်တပ်ထုတ်ကုန်တွေမသုံးဖို့ လူထုကိုစည်းရုံးလှုပ်ရှားမှုလုပ်

လောင်းလုံးမှာ စစ်တပ်ထုတ်ကုန်တွေမသုံးဖို့ လူထုကိုစည်းရုံးလှုပ်ရှားမှုလုပ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်တပ်စီးပွါးရေးထောက်တိုင်တွေဖြိုချဖို့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး စည်းရုံးလှုံ့ဆော်တဲ့လှုပ်ရှားမှုတစ်ခုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို မနေ့ဇန်နဝါရီ ၁၂ ရက်က  ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ( DMSCD) ကဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ စစ်တပ်ထုတ်ကုန်တွေကိုဝယ်ယူသုံးစွဲတာမလုပ်ဘဲ သပိတ်မှောက်ကြဖို့ ထုတ်ကုန်စာရင်းပါတဲ့ စာရွက်တွေကို ဖြန့်ဝေတာတွေလည်းလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ DMSCD အဖွဲ့က ဈေးတဈေးနဲ့ ရွာလေးရွာကိုသွားခဲ့ပါတယ်။ဈေးထဲမှာရှိတဲ့သူတွေက ကျွန်တော်တို့ပြောတာကိုဂရုတစိုက်နား ထောင်ကြတယ်။ တချို့ဒေသခံတွေက စစ်တပ်ထုတ်ကုန်ကဘာတွေမှန်းတောင်မသိကြဘူး ။ ကျေးလက်နေပြည်သူလူထုကများတော့ အင်တာနက်မရှိတာ သေချာမသုံးဖြစ်တဲ့အိမ်ရှင်မတွေရှိကြတော့ အွန်လိုင်းတင်မဟုတ်ပဲ မြေပြင်ထိ ထိထိရောက်ရောက်မလုပ်နိုင်တဲ့အတွက် ပြည်သူလူထုဆီတိုက်ရိုက်ဟောပြောတာတွေလုပ်ဖြစ်တယ်…

Read More
လောင်းလုံးမှာ စစ်သားတွေနဲ့ပျူ‌စောထီးတွေက ပြည်သူပိုင်‌ နေအိမ်တွေကို မီးရှို့ဖျက်ဆီး

လောင်းလုံးမှာ စစ်သားတွေနဲ့ပျူ‌စောထီးတွေက ပြည်သူပိုင်‌ နေအိမ်တွေကို မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ လောင်လုံးမြို့နယ်အတွင်းက ဟင်ချိုတောရွာကို  စစ်ကောင်စီတပ်သားတွေနဲ့ ပျူ‌စောထီး တချို့ ဒီကနေ့ ဇန်နဝါရီ(၁၁)ရက် မနက်ပိုင်း မှာရောက်လာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးလို့ အိမ်ငါးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေပါဝင်တဲ့ အဲ့ဒီအဖွဲ့ဟာ အင်အား (၁၅)ဦးဝန်းကျင်နဲ့ ဟင်ချိုတော ရွာကို ရောက်လာတာဖြစ်ပြီး အရပ်ဝတ်လက်နက်ကိုင်တွေလည်း ပါလာကာ နေအိမ်တွေကို မီးရှို့ပြီးတာနဲ့ ရွာကပြန်ထွက်သွားတယ်လို့ သိရပါတယ်။ “အိမ် ၅လုံးမီးလောင်တာ။ ၃လုံးနဲ့ပရိဘောဂဆိုင်တစ်ဆိုင်ကတော့…

Read More
မဲစာရင်းကောက်နေတဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့ ပစ်ခတ်ခံရပြီး စစ်သားတဦးသေ

မဲစာရင်းကောက်နေတဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့ ပစ်ခတ်ခံရပြီး စစ်သားတဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က မြောကင်းကျေးရွာမှာ ဒီကနေ့ ဇန်နဝါရီ(၉)ရက် မနက်ပိုင်းက စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေတဲ့ အဖွဲ့ကိုတိုက်ခိုက်ရာမှာစစ်သား တဦးသေပြီးတဦးဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။  စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေတဲ့အဖွဲ့တွေကို လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ နံနက် ၁၁ နာရီဝန်းကျင် က မြောကင်းကျေးရွာ မူလတန်းကျောင်းအနီးမှာ  လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး-ပကဖ)နဲ့ Guerrilla Revolution Force – DGRF (ထားဝယ်-ပကဖ) ပူးပေါင်းအဖွဲ့က…

Read More
လောင်းလုံးမှာ ထန်းရည်လာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီး တဦးသေတယ်လို့ဆို

လောင်းလုံးမှာ ထန်းရည်လာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီး တဦးသေတယ်လို့ဆို

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် သကျက်တောရွာမှာ ဒီကနေ့ ဇန်နဝါရီ ၆ရက် မနက်ပိုင်းက အရပ်ဝတ်နဲ့ ထန်းရည် လာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီး တဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။ သရက်တောကျေးရွာနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ ရွာထိပ်နားကို ထန်းရည်လာဝယ်ချိန်မှာ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုမှပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ခန္ဓာကိုယ်နဲ့ ခြေထောက်တွေမှာ ကျည်ထိမှန်ခဲ့ပြီး ဆေးရုံအရောက်မှာ တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “ရွာထိပ်က ထန်းရည်ဆိုင်ကို သွားတာ၊ သူတို့က…

Read More
လောင်းလုံးက မင်္ဂလာဆောင်တခုမှာ ပေါက်ကွဲမှုဖြစ်လို့ ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

လောင်းလုံးက မင်္ဂလာဆောင်တခုမှာ ပေါက်ကွဲမှုဖြစ်လို့ ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအရှေ့ပိုင်းမှာ ဒီကနေ့ မနက်ပိုင်းက မင်္ဂလာဆောင်တခုအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားလို့ ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဝေဒီကျေးရွာ အရှေ့ပိုင်းက ဦးတင်သိန်းနဲ့ ဒေါ်အေးရှစ်တို့ရဲ့သားဖြစ်သူ မင်္ဂလာဆောင် ကျင်းပနေချိန် ဒီကနေ့ ဒီဇင်ဘာ (၂၉) ရက် မနက်ခုနစ်နာရီဝန်းကျင် မင်္ဂလာမဏ္ဍပ်ထဲမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး မဏ္ဍပ်ထဲရှိနေတဲ့ အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း…

Read More
လောင်းလုံးမှာ တပ်ကြပ်ကြီး တဦးနဲ့ ပျူစောထီးဆိုသူ နှစ်ဦးတရက်တည်း ပစ်ခတ်ခံရပြီးနှစ်ဦးသေ

လောင်းလုံးမှာ တပ်ကြပ်ကြီး တဦးနဲ့ ပျူစောထီးဆိုသူ နှစ်ဦးတရက်တည်း ပစ်ခတ်ခံရပြီးနှစ်ဦးသေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်တပ်ကတပ်ကြပ်ကြီးတဦးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေလို့ဆိုတဲ့ အမျိုးသားနှစ်ဦး ဒီဇင်ဘာ (၂၈)ရက်မှာ တရက်တည်း ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးတယ်လို့  လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-LLPDF နဲ့ ဒေသခံတွေဆီက သိရပါတယ်။ လောင်းလုံးမြို့က ပျူစောထီးတွေလို့ဆိုတဲ့ ဦးစိုးသိန်းနဲ့သားမက်ဖြစ်သူ ဦးနိုင်ဦးတို့ဟာ အဲ့ဒီမြို့က နေအိမ်မှာပဲ မနေ့က ပစ်ခတ်ခံရတာဖြစ်ပြီး ပျူခေါင်းဆောင်ဆိုသူ ဦးစိုးသိန်း(ခ)သက်ရှည်က သေဆုံးခဲ့ပြီး သားမက်ဖြစ် သူကတော့ ဆေးရုံမှာ  ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကားနဲ့ဆိုင်ကယ်နဲ့လားတော့မပြောတတ်ဘူး၊အိမ်ထဲဝင်ပြီးပစ်သွားတာ”လို့ လောင်းလုံးမြို့ခံတဦးက DNA…

Read More
လောင်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုစည်းရုံးလှုပ်ရှားမှုလုပ်

လောင်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုစည်းရုံးလှုပ်ရှားမှုလုပ်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုစည်းရုံးရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ဖက်ဒရက်ပြည်ထောင်စုအရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအရေး စည်းရုံးဟောပြောခဲ့ပြီး ‘ဖက်ဒရယ်စနစ်နှင့် နိုင်ငံရေးပြဿနာ’ ဆောင်းပါးတွေလည်း ဖြန့်ဝေခဲ့ကြပါတယ်။ ‘’ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ မတရားအနိုင်ကျင့်မှုတွေအကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အနှစ်သာရတွေအကြောင်းကို ပိုသိရလေ စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ ပိုပြီးပါဝင်လာလေပါပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း…

Read More