ဧပြီ၊ ၄ ရန်ကုန်မြို့၊သာကေတမြို့နယ်မှာ ဂျပန်နိုင်ငံကိုအလုပ်သွားလုပ်ဖို့ သင်တန်းတက်နေတဲ့ လူငယ်နှစ်ဦးကို မတ်လ ၄ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့ရာ တလကြာတဲ့လက်ရှိအချိန်အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ နီးစပ်သူတွေက DNAကိုပြောပါတယ်။ “မနေ့က မနက်ပိုင်းက သူတို့နှစ်ယောက်ကသင်တန်းသွားဖို့ဆိုပြီး ထွက်သွားတာ ။ပြန်ရောက်မလာလို့ စုံစမ်းကြည့်လိုက်တော့ သူတို့ကိုစစ်ကောင်စီတပ်က ဖမ်းသွားတာတွေ့လိုက်တယ်လို့ မြင်တဲ့သူတွေကပြောတယ်။အခုအချိန်အထိလည်း ဘယ်ကိုဖမ်းသွားလည်းဆိုတာမသိရသေးဘူး။ပျောက်နေတယ်”လို့ အဖမ်းခံရတဲ့လူငယ်နှစ်ဦးနဲ့နီးစပ်သူက ပြောပါတယ်။ မတ်လ ၄ရက် မနက် ၁၀ခန့်က လူငယ်နှစ်ဦးဟာ ဂျပန်စာသင်တန်းတက်ရောက်ဖို့အတွက် သင်တန်းကိုအသွားမှာ သာကေတမြို့နယ် ၊ကျောက်တိုင်…
Read Moreမတ် ၊ ၂၄ ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်မှာနေထိုင်တဲ့ အ မျိုးသားတဦး နေအိမ်ကနေ ကားနဲ့ထွက်သွားရာကလုယက်သတ်ဖြတ်ခံရပြီး ကားလည်းပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။ ကြည့်မြင်တိုင်မြို့နယ်၊သီတာရပ်ကွက်၊သိင်္ဂီလမ်းမှာနေထိုင်တဲ့အဲ့ဒီအမျိုးသားဟာ မတ်လ ၂၂ရက်ကနေအိမ်ကနေ ကားနဲ့ထွက်သွားရာကပြန်မရောက် လာဘဲ နောက်တရက်မနက်မှာ ဒဏ်ရာတွေနဲ့ရုပ်အလောင်းကို ဗဟန်းမြို့နယ်ထဲမှာ ပြန်တွေ့ခဲ့တာပါ။ ၊ဗဟန်းမြို့နယ်၊ဗိုလ်ချို (၂)ရပ်ကွက် နတ်မောက်လမ်းသွယ်(၁)ထဲမှာ အမျိုးသား တဦး ဓားဒဏ်ရာများနဲ့ သေဆုံးနေကြောင်း သက်ဆိုင်ရာကအသိပေးလို့သွားရောက်သယ်ယူခဲ့ရတယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ “သူ့ ကိုယ်ပေါ်မှာ ဖုန်းတလုံးတွေ့တယ်၊ အဲ့ဒီဖုန်းနဲ့ပဲ မိသားစုကိုဆက်သွယ်အကြောင်းကြားထားတယ်လို့ မျက်မြင်တွေ့တဲ့သူတွေကပြောတယ်၊ ကျွန်တော်တို့ကို…
Read Moreမတ်၊ ၁၇ ရန်ကုန်မြို့၊သာကေတမြို့နယ်၊၁၀ မြောက်ရပ်ကွက်မှာရှိတဲ့ သာကေတအမှတ် (၂)ရဲစခန်းက နယ်ထိန်းအပါအဝင် ရဲသုံးဦးကို အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တဲ့အတွက် တဦးနေရာမှာတင်သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေဆီကသိရပါတယ်။ သာကေတ မြို့နယ်၊(၁၀)မြောက်ရပ်ကွက်ရဲ့ နယ်ထိန်း စောလေးဖော၊ရဲတပ်ကြပ်ကြီးစာရေး(ဂတ်စာရေး)နဲ့ရဲတပ်သားတဦးတို့ဟာ ဒီကနေ့ မတ်လ ၁၇ရက်၊နေ့လယ်ပိုင်းက ရဲစခန်းအရှေ့ မိတ္တူဆိုင်မှာ မိတ္တူကူးနေချိန် သေနတ်သမားနှစ်ဦးက ဆိုင်အ တွင်းဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိသူတဦးကပြောပါတယ်။ “သူတို့တွေ(ရဲသုံးဦး)ကို ပစ်ဖို့ကြိုစောင့်နေတာကို သူတို့သတိမထားမိဘူးထင်တယ်၊သူတို့တွေရဲစခန်းထဲကထွက်လာပြီး မိတ္တူကူးတာစောင့်နေတဲ့အချိန်မှာ ဟိုကဝင်ပစ်သွားတာ”လို့ (၁၀)မြောက်ရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။ ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲ…
Read Moreမတ်၊ ၃ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်က စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးဦးမိုးက မနေ့ မတ်လ ၂ ရက်ညပိုင်းက အရက်ဆိုင်မှာ ရပ်ကွက်နေလူငယ်တဦးနဲ့ ရန်ဖြစ်ထိုးကြိတ်မှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတွေကပြောပါတယ်။ စမ်းချောင်းမြို့နယ်၊ စစ်ကိုင်းလမ်းက အရက်ဆိုင်မှာ အရက်သောက်နေချိန် ဘေးဝိုင်းက လူငယ်တဦးကိုအုပ်ချုပ်ရေးမှူးဦးမိုးက စတင်ထိုးကြိတ်ခဲ့တာဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ ” စစ်ကိုင်းလမ်းထိပ်ကဆိုင်မှာ သောက်နေရင်း ငမိုးက တကောင်းလမ်းကကောင်လေးကိုအရင်ထိုးတာ၊ ပြီးမှ အဲဒီကောင်လေးကပြန်ထိုးတာ အဲဒီမှာနောက်ပြန်လဲကျပြီး နောက်စေ့ကွဲသွားတာ။ ငမိုးကပက်လက်လန်သွားတော့ တောင်းပန်ပါတယ်အော်နေတာ ချက်ခြင်းမထနိုင်တော့ ဘေးကတချို့…
Read More