ရွှေပြည်သာမှာ အရပ်သားတဦးကို စစ်တပ်အရာရှိကပစ်ခတ်လို့သေဆုံး

ဇူလိုင်၊၁၇

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ အရပ်သား အမျိုးသားတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ သေ ဆုံးသွားတယ်လို့ အခင်းဖြစ် ရပ် ကွက် အတွင်းနေထိုင်သူတချို့က DNA ကိုပြောပါတယ်။

ရွှေပြည်သာမြို့နယ် ၊ဏ/၁၄ရပ်ကွက်၊အမှတ် (၃၄)မူလွန်ကျောင်းရှေ့လမ်းမှာနေထိုင်တဲ့ အသက် လေးဆယ်အရွယ်  ဦးကျော်ဇေယျဆိုသူဟာ ဒီကနေ့မနက်ပိုင်းက ရပ်ကွက်အတွင်း စကားများရာကစစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ရောက်လာပြီးနောက် ပစ်ခတ်ခံရတာလို့ အဲ့ဒီရပ်ကွက်အတွင်း နေထိုင်သူတွေကပြောပါတယ်။

“ရာအိမ်မှူးက စစ်တပ်ကကောင်တွေကို ခေါ်လိုက်တော့ လက်နက်တွေကိုင်ပြီးရောက်လာတယ်၊ သူတို့(စကစ) ရောက်လာတော့ လန့်ပြီး ဓားနဲ့ယမ်းလိုက်တာ၊နှစ်ပွင့်နဲ့ဗိုလ်ကြီး ဒဏ်ရာရသွားတယ်၊အဲ့ဒါနဲ့ပစ်ဖမ်းလိုက်တာ အိမ် ထဲဝင်အပြေးမှာပဲ သေနတ်ဒဏ်ရာနှစ်ချက်နဲ့သေသွားတာပါ” လို့ အဲ့ဒီရပ်ကွက်အတွင်း နေထိုင်သူတဦးကပြောပါ တယ်။

ရွှေပြည်သာမြို့နယ်တွင်းသတင်းတွေဖော်ပြပေးနေတဲ့ Shwe Pyi Thar Information ကလည်း အဲ့ဒီဖြစ်စဉ်ကို ဖော်ပြထားပါတယ်။သေဆုံးခဲ့သူဟာ နေအိမ်ရှေ့သစ်ပင်က သစ်ကိုင်းတွေကို ခုတ်နေရာက အနီးပတ်ဝန်းကျင် အိမ်က ပန်းပင်တွေကိုလည်းခုတ်မိခဲ့တာကြောင့် စကားများရာကနေ အခုလိုအခြေအနေအထိဖြစ်ခဲ့တာလို့ ဆိုပါ တယ်။

သေဆုံးသူဟာ စိတ်ကျန်းမာရေး မကောင်းသူတဦးဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ချိန်ပြီး ဖမ်းဆီးဖို့ကြိုးစားချိန်မှာ အသင့်ကိုင်ထားတဲ့ ဓားကို ဝှေ့ယမ်းမိခဲ့တာလို့ ဒေသခံတချို့ကပြောပါတယ်။

“သူက ရွာသာကြီးမှာ ဆေးကုသခံဘူးတယ်၊အခုရောဂါနဲ့ပက်သက်ပြီး ဆေးစာအထောက်အထားတွေ လည်းရှိ တယ်၊တခါတလေတော့ စိတ်ဖောက်တာမျိုးရှိတာပေါ့၊သူကိုချော့ပြီးဆေးတိုက်လိုက်ရင်ရပါတယ်”သေဆုံးသူကို သိတဲ့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေကိုဖော်ပြပေးနေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့တယ်လီဂရမ်ချန် နယ်တွေက တော့ ဦးကျော်ဇောယျဟာ မူးယစ်သောက်စားပြီး ရပ်ကွက်အတွင်း ရမ်းကားနေတာကြောင့် မြို့နယ်စစ် ကောင် စီ အဖွဲ့ဝင် စစ်တပ်အရာရှိတဦးက သွားရောက်တားဆီးချိန်မှာဓားနဲ့ရန်ပြုတာကြောင့် ပစ်ခတ်ဖမ်းဆီးတာလို့ ဖော်ပြ ကြပါတယ်။

သေဆုံးသူက ရန်မပြုခင်မှာ စစ်ကောင်စီအရာရှိက သေနတ်ကိုမိုးပေါ်ထောင်ဖောက်ခဲ့ပြီး ဓားနဲ့ရန်ပြုမှုကြောင့် စစ် ကောင်စီအရာရှိရဲ့ အင်္ကျီစုတ်ပြဲခဲ့တယ်လို့လည်း အဲ့ဒီချန်နယ်တွေမှာဖော်ပြကြပါတယ်။

ပစ်ခတ်ခံရတဲ့ ဦးကျော်ဇေယျကို လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာရသွားတာကြောင့် ဆေးရုံပို့ထားတယ်လို့ စစ် ကောင်စီသတင်းတွေဖော်ပြပေးနေတဲ့ လူမှုကွန်ရက်တွေမှာရေးသားကြပေမယ့် ဒေသခံတွေကတော့ နေအိမ်မှာ ကတည်းက သေဆုံးသွားတာလို့ DNA ကိုအတည်ပြုပါတယ်။

“အခုလို ဝေဒနာရှင်တွေအတွက် စိတ်ဖောက်ပြန်တဲ့အချိန်မှာ မိသားစုဝင်တွေက အရင်ဆုံး သူ့စိတ်ကိုငြိမ်အောင် လုပ်ပေးလို့ရပါတယ်၊စိတ်ငြိမ်သွားပြီဆိုမှ လိုအပ်မယ်ထင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးလို့ရအောင် နား လည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ကုသရမှာပေါ့၊စိတ်ဖောက်နေချိန်မှာ လက်နက်ပြခြိမ်းခြောက်တာမျိုးက တော့ မလုပ်သင့်ဘူး၊အဲ့လိုလုပ်ရင်တော့ အခုလိုတုန့်ပြန်မှာပဲ”လို့ စိတ်ကျန်းမာရေး ဆရာဝန်တဦးကအခုဖြစ်ရပ်နဲ့ ပတ် သက်ပြီး မှတ်ချက်ပြုပါတယ်။

အခုလ လဆန်းပိုင်ကလည်း ပုသိမ်မြို့မှာ ဆိုင်ကယ်နဲ့စက်ဘီး တိုက်မိရာက စကားများကြတဲ့ ဖြစ်ရပ်နဲ့ပတ်သက် လို့ စစ်တပ်က ဖမ်းခေါ်သွားတဲ့ အသက် ၄၇နှစ်အရွယ် အမျိုးသားတဦးဟာ ဖမ်းဆီးခံရပြီးနောက် နာရီပိုင်းအတွင်း မှာပဲ သေဆုံးခဲ့ပါသေးတယ်။