နိုင်ငံရေး

အင်းစိန်ထောင်က အကျဥ်းသူတွေ နေရာထိုင်ခင်းကောင်းကောင်းရဖို့ ပိုက်ဆံသိန်းချီပေးနေရ

မတ် ၊ ၂၇ ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူတွေအပါအဝင် အကျဥ်းသူတွေအနေနဲ့ နေရာထိုင်ခင်း ကောင်းကောင်းရဖို့ အာဏာပိုင်တွေကို ပိုက်ဆံသိန်းချီပေးနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်း သားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။  “ဘုရားစင်နားကနေရာတွေ၊ လေဝင်လေထွက်ကောင်းတဲ့ အပေါ်ထပ်ကလိုမျိုးနေရာတွေရဖို့ ပိုက်ဆံပေးရတာ၊ မပေးတဲ့လူတွေတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပြည်သာမှာ ပျောက်သွားတဲ့ ငါးနှစ်အရွယ်မိန်းကလေးကို တောင်းရမ်းသူတွေဆီက ပြန်တွေ့

မတ်၊ ၁၃ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ရွှေပြည်သာပန်းခြံမှာ ပျောက်ဆုံးသွားတဲ့ အသက်ငါးနှစ်အရွယ် မိန်းက လေးငယ်တဦးကို တရက် အကြာ ဒီကနေ့ မတ်လ ၁၃ ရက် မနက် ၁၀ နာရီလောက်က ဒညင်းကုန်း လမ်းဆုံမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပြည်သာမှာ အရပ်သားတဦးကို စစ်တပ်အရာရှိကပစ်ခတ်လို့သေဆုံး

ဇူလိုင်၊၁၇ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ အရပ်သား အမျိုးသားတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ သေ ဆုံးသွားတယ်လို့ အခင်းဖြစ် ရပ် ကွက် အတွင်းနေထိုင်သူတချို့က DNA ကိုပြောပါတယ်။ ရွှေပြည်သာမြို့နယ် ၊ဏ/၁၄ရပ်ကွက်၊အမှတ် (၃၄)မူလွန်ကျောင်းရှေ့လမ်းမှာနေထိုင်တဲ့ အသက် လေးဆယ်အရွယ်  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာကေတမြို့နယ်မှာ ဖမ်းဆီးခံရတဲ့လူငယ်နှစ်ဦးတလကြာတဲ့အထိအဆက်အ သွယ်မရသေး

ဧပြီ၊ ၄ ရန်ကုန်မြို့၊သာကေတမြို့နယ်မှာ ဂျပန်နိုင်ငံကိုအလုပ်သွားလုပ်ဖို့ သင်တန်းတက်နေတဲ့ လူငယ်နှစ်ဦးကို မတ်လ ၄ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့ရာ တလကြာတဲ့လက်ရှိအချိန်အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ နီးစပ်သူတွေက DNAကိုပြောပါတယ်။ “မနေ့က မနက်ပိုင်းက သူတို့နှစ်ယောက်ကသင်တန်းသွားဖို့ဆိုပြီး ထွက်သွားတာ ။ပြန်ရောက်မလာလို့ စုံစမ်းကြည့်လိုက်တော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗဟန်းမြို့မှာကားပိုင်ရှင်တဦးလုယက်သတ်ဖြတ်ခံရ ကားလည်းပျောက်ဆုံးနေ

မတ် ၊ ၂၄ ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်မှာနေထိုင်တဲ့ အ မျိုးသားတဦး နေအိမ်ကနေ ကားနဲ့ထွက်သွားရာကလုယက်သတ်ဖြတ်ခံရပြီး ကားလည်းပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။ ကြည့်မြင်တိုင်မြို့နယ်၊သီတာရပ်ကွက်၊သိင်္ဂီလမ်းမှာနေထိုင်တဲ့အဲ့ဒီအမျိုးသားဟာ မတ်လ ၂၂ရက်ကနေအိမ်ကနေ ကားနဲ့ထွက်သွားရာကပြန်မရောက် လာဘဲ နောက်တရက်မနက်မှာ ဒဏ်ရာတွေနဲ့ရုပ်အလောင်းကို ဗဟန်းမြို့နယ်ထဲမှာ ပြန်တွေ့ခဲ့တာပါ။ ၊ဗဟန်းမြို့နယ်၊ဗိုလ်ချို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သာကေတမှာရဲသုံးဦး ပစ်ခတ်ခံရပြီးနယ်ထိန်းတဦးပွဲချင်းပြီးသေဆုံး

မတ်၊ ၁၇ ရန်ကုန်မြို့၊သာကေတမြို့နယ်၊၁၀ မြောက်ရပ်ကွက်မှာရှိတဲ့ သာကေတအမှတ် (၂)ရဲစခန်းက နယ်ထိန်းအပါအဝင် ရဲသုံးဦးကို အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တဲ့အတွက် တဦးနေရာမှာတင်သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေဆီကသိရပါတယ်။ သာကေတ မြို့နယ်၊(၁၀​)မြောက်ရပ်ကွက်ရဲ့ နယ်ထိန်း စောလေးဖော၊ရဲတပ်ကြပ်ကြီးစာရေး(ဂတ်စာရေး)နဲ့ရဲတပ်သားတဦးတို့ဟာ ဒီကနေ့ မတ်လ ၁၇ရက်၊နေ့လယ်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အရက်ဆိုင်မှာရန်ဖြစ်ပြီးခေါင်းကွဲ

မတ်၊ ၃ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်က စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးဦးမိုးက မနေ့ မတ်လ ၂ ရက်ညပိုင်းက အရက်ဆိုင်မှာ ရပ်ကွက်နေလူငယ်တဦးနဲ့ ရန်ဖြစ်ထိုးကြိတ်မှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတွေကပြောပါတယ်။ စမ်းချောင်းမြို့နယ်၊ စစ်ကိုင်းလမ်းက အရက်ဆိုင်မှာ အရက်သောက်နေချိန် ဘေးဝိုင်းက လူငယ်တဦးကိုအုပ်ချုပ်ရေးမှူးဦးမိုးက [ဆက်လက်ဖတ်ရှုရန်]