စမ်းချောင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အရက်ဆိုင်မှာရန်ဖြစ်ပြီးခေါင်းကွဲ

မတ်၊ ၃

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်က စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးဦးမိုးက မနေ့ မတ်လ ၂ ရက်ညပိုင်းက အရက်ဆိုင်မှာ ရပ်ကွက်နေလူငယ်တဦးနဲ့ ရန်ဖြစ်ထိုးကြိတ်မှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတွေကပြောပါတယ်။

စမ်းချောင်းမြို့နယ်၊ စစ်ကိုင်းလမ်းက အရက်ဆိုင်မှာ အရက်သောက်နေချိန် ဘေးဝိုင်းက လူငယ်တဦးကိုအုပ်ချုပ်ရေးမှူးဦးမိုးက စတင်ထိုးကြိတ်ခဲ့တာဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

” စစ်ကိုင်းလမ်းထိပ်ကဆိုင်မှာ သောက်နေရင်း ငမိုးက တကောင်းလမ်းကကောင်လေးကိုအရင်ထိုးတာ၊ ပြီးမှ အဲဒီကောင်လေးကပြန်ထိုးတာ အဲဒီမှာနောက်ပြန်လဲကျပြီး နောက်စေ့ကွဲသွားတာ။ ငမိုးကပက်လက်လန်သွားတော့ တောင်းပန်ပါတယ်အော်နေတာ ချက်ခြင်းမထနိုင်တော့  ဘေးကတချို့ ဝိုင်းထူရတယ်။ ဆိုက်ကားနဲ့ပြန်သွားတော့ ဆိုက်ကားပေါ်ကနေ မကျေနပ်ဘူးအော်သွားတယ်” လို့ ရပ်ကွက်နေဒေသခံတဦးက DNA ကိုပြောပါတယ်။

လက်ရှိမှာ ပြန်လည်ထိုးကြိတ်ခဲ့တဲ့လူငယ်ကို ရပ်ကွက်ရုံးမှာခေါ် ယူစစ်ဆေးဖို့အကြောင်းကြားနေပြီး အုပ်ချုပ်ရေးမှူး ဦးမိုးကတော့ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

” အခုက စမ်းချောင်းမှာအရင်ကထပ်ပိုစစ်ဆေးတင်းကျပ်လာတာ။ အရပ်ဝတ်တွေလည်းလည်းလာထိုင်ကြတာတွေရှိတယ်။ အဲဒီအုပ်ချုပ်ရေးမှူးက သေနတ်နဲ့လည်းအပစ်ခံရဖူးတယ်၊ ဓါးနဲ့လည်းအထိုးခံရဖူးတယ်” လို့ ရပ်ကွက်နေဒေသခံကပြောပါတ်။

လက်ရှိအရက်ဆိုင်မှာ ရန်ဖြစ်တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမိုးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဇွန်လထဲမှာလည်း ကားတစီးနဲ့ အမည်မသိလူတစုက သေနတ်နဲ့လာရောက်ပစ်ခတ်တာခံခဲ့ရပြီး နားရွက်ထိမှန်ခဲ့ဖူးပါတယ်။

ဒါ့အပြင် သူဟာ စစ်းချောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းပြီး ရပ်ကွက်အတွင်း လူငယ်တွေကိုဖမ်းဆီးတာ ၊ ဧည့်စာရင်းစစ်တာတွေကိုလုပ်ဆောင်နေသူဖြစ်တယ်လို့လည်းသိရပါတယ်။