ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်တိုင်းPDF၂၀ကျော်အဖမ်းခံရ၊ဦးဖြိုးဇေယျာသော်သတင်း ရာနှုန်းပြည့်အတည်မပြုနိုင်သေး

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ PDF ရဲဘော်၂၀ကျော်ဖမ်းဆီးခံရတာသေချာပေမဲ့ ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုမူရာနှုန်းပြည့်အတည်မပြုနိုင်သေးဘူးလို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ တာဝန် ရှိသူတစ်ဦးက ဒီကနေ့မနက်မှာပြောပါတယ်။ NLDလွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်မှာ နိုဝင်ဘာ ၁၈ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လမ်းမတော် ထွေအုပ်ရုံးအနီး ရပ်နားထားသည့် ကားတစ်စီးအနီးမှာ ဗုံး၆ကြိမ်ပေါက်ကွဲပြီး ကားမီးလောင်

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးမှာ ရပ်တန့်ထားတဲ့ မော်တော်ယာဉ်တစ်စီးအနီးမှာ ဗုံး ၆ကြိမ်ပေါက်ကွဲပြီး ကားတစ်စီးမီးလောင်သွားခဲ့တယ်လို့ အနီးဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၀ရက် မနက် ၇နာရီ ၃၀မိနစ်ခန့်မှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တပ်နယ်မြေ မင်္ဂလာဒုံက ထွေအုပ်ရုံး အပစ်ခံရပြီး သေဆုံးသူရှိ

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ထွေအုပ် ၃၃နှစ်ပြည့် အခမ်းအနား ပြုလုပ်နေစဉ်မှာ အမည်မသိသေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်သားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၇ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကွမ်းခြံကုန်းမှာ စစ်ကား တိုက်ခိုက်ခံရ၊၇ဦးသေ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ကွမ်းခြံကုန်းမြို့နယ်၊အင်္ဂလုံးကျေးရွာအနီး ကင်းလှည့်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် တွေတိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအနီး လမ်းမပေါ်မှာ ကင်းလှည့်လာတဲ့ စစ်ကားပေါ် လိုက်ပါလာသူ အင်အား ၂၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်း၊ကရင်ကန်ဂိတ်မှာဗုံးကွဲ

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်က ကရင်ကန်စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် ၈နာရီ၁၀မိနစ်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ မြို့ခံ​တွေဆီက သိရပါတယ်။ ဗုံးပေါက်ကွဲချိန်မှာ ဂိတ်စောင့်အကြမ်းဖက်စစ်သားတွေ အဆာပြေထမင်းစားနေချိန်မို့ လူထိခိုက်ခြင်းမရှိတာလို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ‘ဗုံးကသဲအိတ်တွေထဲမှာ ပေါက်တာ။ ထိခိုက်ပျက်စီးမှုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ဒဂုံမှာ စစ်ရဟတ်ယာဉ်ပျံဝဲနေ

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်၊တောင်ဒဂုံမြို့နယ်တွင်းမှာ  ဒီနေ့မွန်းလွဲ၃နာရီကျော်လောက်က စစ်ရဟတ်ယာဉ် တစ်စီးပျံဝဲခဲ့ တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်ရဟတ်ယာဉ်ဟာ ဒဂုံဆိပ်ကမ်းဘက်ကနေ တောင်ဒဂုံဘက်ရောက်လာပြီး တောင်ဒဂုံ ၁၀၇ရပ်ကွက်ကောင်း ကင်ပေါ် လက်ယာရစ်ပတ်ပြီးနောက် လှည်းကူးဘက်ကို ထွက်ခွာသွားတယ်လို့ ဒေသခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နုတ်ထွက်ထားတဲ့ ခရမ်းအုပ်ကြီးအနည်းငယ် ရုံးပြန်ထိုင်

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်အတွင်းရှိ နုတ်ထွက်စာတင်ထားတဲ့အုပ်ချုပ်ရေးမှူးအနည်းငယ် ရုံးပြန်ထိုင်နေပြီလို့ သိရပါတယ်။ ခရမ်းမြို့နယ်အတွင်းရှိ ၃ရပ်ကွက်၊၉ရပ်ကွက်၊၁၁ရပ်ကွက်၊ညောင်ပင်ကွင်းကျေးရွာနဲ့ကံသာရွာတို့က နုတ်ထွက်ထား တဲ့အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့အိမ်တွေမှာ ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာပြန်လုပ်ပေးနေတယ် လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ၉ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒီနေ့ကစလို့ ရုံးပြန်ထိုင်မယ်လို့ ထောက်ခံစာလာလုပ်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အုပ်ကြီး ၄ဦးပဲ ကျန်တော့တဲ့ ခရမ်းမြို့မှာ မြို့နယ်ပြင်ပသွားလာဖို့ ထောက်ခံစာတောင်းနေ

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး ၄ဦးသာကျန်တော့တဲ့ ခရမ်းမြို့နယ်မှာ မြို့နယ်ပြင်ပကို သွားလာလိုလျှင် အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာ သွားလာရမယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်က တင်းကြပ်မှုတွေ လုပ်ဆောင်နေပါတယ်။ မြို့နယ်အတွင်းက မြို့နယ်ပြင်ပကို သွားလာဖို့ အုပ်ချုပ်ရေးမှူးထောက်ခံစာမပါရင် မြို့ပြင်ထွက်ခွင့်မပေးဘဲ မြို့တွင်းကိုလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ပေါ်စစ်ကား၁၀စီးထက်မနည်း ရောက်ရှိ အင်အားဖြည့်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ ဒီနေ့မနက်၈နာရီကျော်ကစလို့ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်ကို စစ်ကား၁၀စီးထက်မနည်းရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ စစ်ကား၁၀စီးစလုံးဟာ မနက်ပိုင်း ၁၁နာရီခွဲအချိန်ထိ ခရမ်းမြို့ပေါ်မှာရှိနေပြီး ပိတ်ဆို့စစ်ဆေးနေတာကလွဲပြီး ဖမ်းဆီးတိုက်ခိုက်တာမျိုးမရှိသေးဘူးလို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ယမန်နေ့ညဦးပိုင်းက ခရမ်းမြို့ပေါ်အားကစားရုံနား စစ်ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ပေါ် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် Mytel တာဝါတိုင် မီးရှို့

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်က အားကစားရုံးနားမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးမကြာမီ စစ်အုပ်စုပိုင် Mytel တာဝါတိုင် မီးရှို့ခံလိုက်ရတယ်လို့သိရပါတယ်။ ယမန်နေ့ည ၆နာရီ၃၆မိနစ်မှာ အားကစားရုံအနီးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ထပ်မိနစ်၂၀ခန့်အကြာမှာ ကွမ်းမိုးဒိန်းရပ်ကွက်ရှိ Mytelတာဝါတိုင်မီးရှို့ခံရတယ်လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ‘ခရမ်းအားကစားရုံနားမှာ [ဆက်လက်ဖတ်ရှုရန်]