ဒလမှာ ကမ်းပါးပြိုလို့ အမျိုးသမီးတဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးနေဆဲ

ဒလမှာ ကမ်းပါးပြိုလို့ အမျိုးသမီးတဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးနေဆဲ

စက်တင်ဘာ ၊ ၂၁ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ တွံတေးတူးမြောင်းနံဘေးမှာရှိတဲ့ ကျောင်းစုရပ်ကွက်မှာ  စက်တင်ဘာလ ၂၀ ရက်၊ ညနေ ငါးနာရီခွဲလောက်က ကမ်းပါးပြိုလို့ အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ “ရေကလည်းတက်တဲ့အချိန်၊ ပြီးရင် မိုးကလည်း တအားရွာတော့ ကမ်းပါးပြိုကျသွားတာ” လို့ သွားရောက် ကူညီပေးခဲ့တဲ့ လူမှုကူညီရေး အဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။ ကမ်းပါးပြိုကျတဲ့အချိန် ရေစီးနဲ့အတူ အမျိုးသမီး လေးဦး မျောပါသွားခဲ့ပြီး အဲဒီထဲက…

Read More
တိုက်ကြီးမြို့နယ်မှာ အလှမွေးငါးကန်ထဲကငါးတွေသေဆုံးရတာ  ရေညစ်ညမ်းပြီးအောက်ဆီဂျင်ပျော်ဝင်မှုနည်းတာကြောင့်လို့ အဖြေထွက်လာ

တိုက်ကြီးမြို့နယ်မှာ အလှမွေးငါးကန်ထဲကငါးတွေသေဆုံးရတာ ရေညစ်ညမ်းပြီးအောက်ဆီဂျင်ပျော်ဝင်မှုနည်းတာကြောင့်လို့ အဖြေထွက်လာ

    မေ၊ ၂၅ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းရဲ့ ငါးကန်ထဲက အလှမွေးငါးတွေ သေဆုံးခဲ့တာဟာ ရေညစ်ညမ်းပြီး အောက်ဆီဂျင်ပျော်ဝင်မှုနည်းလို့ ဖြစ်တာလို့ ငါးလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲစမ်းသပ်မှုအဖြေအရ သိရပါတယ်။  တိုက်ကြီးမြို့နယ်ထဲက ဒေသခံတွေ အပန်းဖြေ အနားယူရာ နေရာတခုဖြစ်တဲ့ အဲဒီ ငါးကန်အတွင်းမှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က အလှမွေး ရွှေငါးကြင်း သုံးသောင်းကျော် သေဆုံးမှုဖြစ်ခဲ့တာပါ။ အဲဒီလို သေဆုံးတာနဲ့ ပတ်သက်ပြီး အဆိပ်ခတ်ခံရတယ်လို့…

Read More
စမ်းချောင်းမှာ လူငယ် ကိုးဦးခန့်ကို စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဖမ်းဆီးသွား

စမ်းချောင်းမှာ လူငယ် ကိုးဦးခန့်ကို စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဖမ်းဆီးသွား

မေ၊ ၂၅ ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ဝေဠုန်ဝန်မြောက်ရပ်ကွက်မှာ မေ ၂၄ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဖောက်ပြီး  လူငယ်ကိုးဦးခန့်ကိုလာရောက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေကDNAကိုပြောပါတယ်။ “ညက ၁၀နာရီကျော်လောက်မှာ စစ်ကား လေးစီးနဲ့လာဖမ်းတာ။လာဖမ်းတဲ့အချိန်မှာ တချို့လူငယ်တွေက တိမ်းရှောင်ဖို့လုပ်တဲ့အတွက် စစ်သားတွေက သေနတ် ၂ချက်ပစ်ဖောက်ပြီး ထွက်မပြေးဖိုခြိမ်းခြောက်တာပေါ့။အဲ့ဒါပြီးတော့ ဖမ်းသွားတာ။”လို့ အဲ့ဒိဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက ပြောပါတယ်။ လက်ရှိမှာတော့ လူငယ်တွေကို ဘာကြောင့်ဖမ်းဆီးတယ်ပြီးဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုကိုတော့ မသိရှိရသေးဘူးလို့လည်းဆိုပါတယ်။ အခုလို လူငယ်တွေကို လာရောက်ဖမ်းဆီးမှုမှာ စစ်ကောင်စီတပ်က နာမည်၊လိပ်စာတွေနဲ့တကွလာရောက်ရှာဖွေဖမ်းဆီးသွားတာဖြစ်ပြီး…

Read More
ခရမ်းPDF အဖွဲ့ဝင်ခုနှစ်ဦးအဖမ်းခံရပြီးနောက် ခရမ်းနဲ့သုံးခွကအိမ်တချို့ချိပ်ပိတ်ခံရ

ခရမ်းPDF အဖွဲ့ဝင်ခုနှစ်ဦးအဖမ်းခံရပြီးနောက် ခရမ်းနဲ့သုံးခွကအိမ်တချို့ချိပ်ပိတ်ခံရ

ဧပြီ၊ ၂၆ ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်အခြေစိုက် ခရမ်း PDF အဖွဲ့ဝင်လို့ဆိုသူတွေကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ခ ရမ်းနဲ့သုံးခွမြို့နယ်တွေက နေအိမ်တချို့ချိပ်ပိတ်ခံရပြီး စစ်ကောင်စီက ဖမ်းဆီးဖို့ကြိုးစားလို့ မိသားစုလိုက် တိမ်း ရှောင်နေရသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ “ဖမ်းဆီးခံရပြီးနောက်ပိုင်း(ချိပ်)အပိတ်ခံရတာပဲ၊ဖမ်းဆီးခံသူတွေနဲ့ဆက်စပ်ပြီးအဖမ်းခံရတာတော့မရှိသေးဘူး၊ ချိတ်ပိတ်တဲ့အိမ်တွေကတော့ ခရမ်းမြို့နယ်ရွာဘက်တွေ ကနဲ့သုံးခွထဲကလဲပါတယ်၊ အိမ်ကလေးလုံးမကဘူး၊စာ ရင်းကောက်နေတုန်းပါ၊လောလောဆယ် ဒီကောင်တွေ ဒုက္ခ ထပ်ပေးဦးမှာ၊ ငြိမ်တော့ငြိမ်နေတယ်”လို့ ခရမ်းမြို့ နယ်ဒေသခံတဦးကDNAကိုပြောပါတယ်။ ခရမ်းPDF တပ်ဖွဲ့ဝင် ခြောက်ဦးဟာ အခုလ ဧပြီ ၂၂ရက်က…

Read More
ခရမ်းမှာအသက်နှစ်ဆယ်အရွယ်လူငယ်တဦးကို စစ်တပ်ကပစ်သတ်ပြီး PDF လို့စွပ်စွဲ၊ အလောင်း ထုတ်ခွင့်မပေး

ခရမ်းမှာအသက်နှစ်ဆယ်အရွယ်လူငယ်တဦးကို စစ်တပ်ကပစ်သတ်ပြီး PDF လို့စွပ်စွဲ၊ အလောင်း ထုတ်ခွင့်မပေး

ဧပြီ၊ ၁ ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊ဒေးပေါက်ကျေးရွာနဲ့စွယ်တော်ကွင်းကျေးရွာအသွားလမ်းပေါ်မှာပြီးခဲ့တဲ့မတ်လ ၃၁ ရက် နေ့လယ်ပိုင်းကအသက်နှစ်ဆယ်အရွယ်လူငယ်တဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မိသားစုကို အလောင်းပြန် ထုတ်ခွင့်မပေးဘူးလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ လူငယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် လူမှု ကွန်ရက်ချန်နယ်တွေက ဝါဒဖြန့်နေပေမယ့် ဒေသခံတွေကတော့ ဒီစွပ်စွဲမှုမှားယွင်းတယ်လို့ အခိုင်အမာပြောကြ ပါတယ်။ “သေဆုံးသူက အရပ်သားပါ၊သူတို့အရပ်သားကို ပစ်သတ်ပြီး PDF ဆိုပြီးပုံဖော်တာပါ၊သေဆုံးသူဟာPDF  နဲ့ပတ် သတ်မှုမရှိပါဘူး၊စစ်တပ်က အရပ်သားကို ပစ်သတ်ပြီး အကြမ်းဖက်ပုံဖော်လာတာပါ”လို့ ခရမ်းဒေသ…

Read More
ရန်ကုန်က တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းတချို့ အရှုံးပေါ်လို့ရပ်နားဖို့ပြင်နေ

ရန်ကုန်က တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းတချို့ အရှုံးပေါ်လို့ရပ်နားဖို့ပြင်နေ

ရန်ကုန်တိုင်းအတွင်းက တပိုင်တနိုင်မွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအရှုံးပေါ်တဲ့ အခြေအနေတွေ ကြောင့် ရပ်နားဖို့အထိပြင်ဆင်နေပြီလို့ တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းရှင်တွေက DNAကို ပြောပါတယ်။ အခုလိုရပ်နားဖို့ဖြစ်လာတာဟာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း အထွေထွေ အကျပ်အတည်းတွေကြောင့်ဖြစ်ပြီး မွေးမြူရေးသုံး သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ဆေးဈေးတွေ အဆမတန်မြင့်တက်လာတာ၊ ခြံ ဆောက်လုပ်ရေး စရိတ်ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ်နဲ့ လုပ်အားခတွေပါ မြင့်တက်နေတာကြောင့်ဖြစ်တယ်လို့ ပြောကြပါတယ်။ “ဘယ်လိုမှအဆင်မပြေတော့ဘူး၊ အရင်ကအစာအိတ်တအိတ်ကို နှစ်သောင်းကျော်ပဲရှိတယ်၊ အခုလေးသောင်း ကျော်လာပြီ၊ဒီကြားထဲ သယ်ယူစာရိတ်တွေ၊ အလုပ်သမားစာရိတ်တွေပေါင်းလိုက်ရင် တော်တော်လေးအရှုံးပေါ် ကြတယ်၊…

Read More
Grand Rayal အရက်ချက်စက်ရုံမီးလောင်မှု ခြောက်နာရီကြာထိ မီးမငြိမ်းသေး

Grand Rayal အရက်ချက်စက်ရုံမီးလောင်မှု ခြောက်နာရီကြာထိ မီးမငြိမ်းသေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမကြီးဘေးက Grand Royalအ ရက်ချက် စက်ရုံမီးလောင်မှုဟာ လက်ရှိ ခြောက်နာရီကြာတဲ့အထိ မီးမငြိမ်းသေးဘူးလို့ အဲ့ဒီနေရာမှာ ကူညီပေးနေတဲ့ ရွှေ မေတ္တာလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက DNAကို ပြောပါတယ်။   “လက်ရှိမီးမငြိမ်းသေးဘူး၊ထိခိုက်ဒဏ်ရာရတဲ့ဦးရေ အရေအတွက်တော့ မသိဘူး၊ရန်ကုန်ဆေးရုံကြီးမှာ လေး ယောက်၊အင်းစိန်ဆေးရုံ ၂၇ယောက်၊အဲ့ဒါတော့ အစ်မသိထားတဲ့ဟာပဲ၊ထပ်ရောက်လား၊မရောက်လားတော့ မသိ ဘူး”လို့ သူကပြောပါတယ်။   ဒီကနေ့ ဇန်နဝါရီ ၁၃ရက် နေ့လယ် သုံးနာရီခွဲဝန်းကျင် ကတည်းကလောင်ကျွမ်းနေတဲ့…

Read More
စစ်တပ်ကဖမ်းဆီးထားတဲ့ ပရဟိတ၊ စာရေးဆရာမဒေါ်သန်းမြင့်အောင် ပြန်လွတ်မြောက်လာတယ်လို့သတင်းတွေထွက်ပေါ်

စစ်တပ်ကဖမ်းဆီးထားတဲ့ ပရဟိတ၊ စာရေးဆရာမဒေါ်သန်းမြင့်အောင် ပြန်လွတ်မြောက်လာတယ်လို့သတင်းတွေထွက်ပေါ်

စစ်အာဏာသိမ်းတဲ့နေ့ကတည်းက စစ်တပ်ကဖမ်းဆီးသွားတဲ့ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင်၊ ပရဟိတစာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ဒီကနေ့ဇန်နဝါရီ ၄ ရက်နေ့ မှာစစ်ကောင်စီလွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။   ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီ ၄ရက်ရဲ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ ဆရာမဒေါ်သန်းမြင့်အောင်အပြင် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုနဲ့ စာရေးဆရာ ထင်လင်းဦးတို့လည်း ပါဝင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။   လွတ်မြောက်လာတယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေသူတွေနဲ့ပတ်သက်ပြီး DNA ကဆက်အတည်ပြုဖို့ကြိုးစားနေပါတယ်။   ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့မှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ အတူNLD ထိပ်တန်းခေါင်းဆောင်တက်ကြွလှုပ်ရှားသူတွေ၊…

Read More
စစ်တပ်ဖမ်းသွားတဲ့တွံတေးမြို့ကလူငယ် လေးဦးအသက်အန္တရာယ်စိုးရိမ်နေရ

စစ်တပ်ဖမ်းသွားတဲ့တွံတေးမြို့ကလူငယ် လေးဦးအသက်အန္တရာယ်စိုးရိမ်နေရ

ရန်ကုန်တိုင်း၊ တွံတေးမြို့က ဒေသခံလူငယ် လေး ဦးကို စစ်တပ်ကဖမ်းဆီးသွားပြီးနောက် ညှင်းပန်းနှိပ်စက် နေလို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်ဟာ တွံတေးမြို့ဘုရား ငုတ်တိုကျေးရွာအနီး ဒလ-တွံတေးကားလမ်းပေါ်မှာ ဒီ ဇင်ဘာ(၉)ရက်ညနေပိုင်းက လူငယ်နှစ်ဦးကို စတင်ဖမ်းဆီးခဲ့ပြီး ကွင်းဆက်အဖြစ် နောက်ထပ် လူငယ်နှစ်ဦးကိုလည်း ထပ်မံဖမ်းဆီးစစ်ဆေး နေတယ်လို့သိရပါတယ်။ “လက်ရှိသူတို့ကိုတွံတေး ကံဘဲ့ကျေးရွာ စာသင်ကျောင်းနံဘေးက ဘုန်းကြီးကျောင်းထဲမှာဖမ်းဆီးနှိပ်စက်နေတယ်ဗျ၊တော်တော်ပြင်းထန်တယ်”လို့ တွံတေးမြို့ခံတဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့  လူငယ်လေးဦးဟာ အသက်(၁၅) နှစ်ကနေ…

Read More
ရွှေပြည်သာမြို့နယ်ခန်းမ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

ရွှေပြည်သာမြို့နယ်ခန်းမ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ် မြို့တော်ခန်းမကို မြေအောက်တော်လှန်ရေး အဖွဲ့တခုက ဒီနေ့ညနေ(၆)နာရီဝန်းကျင်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။   “လက်ပစ်ဗုံးနဲ့ပစ်သွားတာ။ အဖြစ်အပျက်ကမြန်တယ် ။ ဘယ်သူဘယ်ဝါ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်သွားတယ်ကို မသိလိုက်ဘူး ။ ပေါက်ကွဲသံတစ်ချက်ပဲကြားလိုက်တယ် ။ အသံကြားပြီး ခနအကြာမှာပဲ စစ်ကားတွေထပ်ရောက်လာတယ်။ Ambulance တစ်စီးပါပါတယ် ။ အထိအခိုက်တော့ ရှိနိုင်တယ် ။ ဒီခန်းမမှာက စစ်ကောင်စီတပ်ဖွဲ့တွေစခန်းချတာကြာပြီ”လို့ အမည်မဖော်လိုသူ တဦးက…

Read More