မေ၊ ၂၉ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ် ၊ တောင်ခင်ရန်းရွာရဲစခန်းမှာအခြေချတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲ တွေက ရွာခံတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီးနောက်တပတ်အတွင်းမှာ အဲ့ဒီရွာက ဒေသခံ တထောင်ဝန်း ကျင်လောက် နေရပ်စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ပြီးခဲ့တဲ့နှစ်ရက်သုံးရက်က အများဆုံးရှောင်ကြတယ်၊အများစုကတော့ တောထဲတွေကိုရှောင်ကြတယ်၊(မြစ်သာ) မြစ်အရှေ့ဘက်ကျေးရွာတွေနဲ့တခြားရွာတွေကိုရှောင်တဲ့ဟာတွေလည်းရှိတယ်၊ရှောင်တဲ့လူတော်တော်များတယ်” လို့ဒေသခံတဦးကပြောပါတယ်။ ကျေးရွာကိုစွန့်ခွာတိမ်းရှောင်ကြသူတွေဟာ ရွာရှိလူဦးရေရဲ့ ထက်ဝက်နီးပါးလောက်အထိလည်းရှိနိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းကြပါတယ်။အစိုးရမှတ်တမ်းတွေအရ တောင်ခင်ရန်းရွာဟာ လူဦးရေလေးထောင်ဝန်းကျင် လောက်နေထိုင်တဲ့ရွာဖြစ်ပါတယ်။ လတ်တလော နေရပ်စွန့်ခွာခဲ့ကြတဲ့ လူဦးရေ စာရင်းအတိအကျကိုတော့မသိရသေးပါဘူး။ “ကြောက်လို့ပြေးခဲ့ကြတော့တာ၊တချို့ကလည်း…
Read Moreမေ၊ ၁၄ မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းနဲ့ကျောက်ထုနယ်မှာ ယောချောင်းရေကြီးတာကြောင့် စစ်ရှောင်တွေရဲ့ ရိက္ခာဆန်အိတ်တွေမျောပါပြီး ယောချောင်းကိုဖြတ်ကူးတဲ့ကျောက်ထုနယ် လက်ပန်းရွာတံတားလည်းကျိုးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မိုးကရွာတာနှစ်ရက်ရှိပြီ။ ဒီလောက်မိုးဦးရွာတာတသက်မကြုံဖူးဘူး။ ယောချောင်းက ကမ်းလုံးပြည့်။ ချောင်းဘေးမှာနေတဲ့သူတွေရဲ့ရိက္ခာတွေမျောကြတယ်။ တချို့ကလည်း စစ်ကြောင်းကြောက်လို့ဖွက်ထားတဲ့ရိက္ခာတွေ ချောင်းနားနီးတော့ ရေနစ်ကုန်တယ်။ ဘာမလုပ်နိုင်ဘူး” လို့ ကျောက်ထုဒေသခံတဦးကပြောပါတယ်။ ယခုအချိန်မှာ ဆော၊ကျောက်ထု၊ ထီးလင်းမှာလေပြင်းတွေစတင်တိုက်ခတ်နေပြီးမိုးရွာသွန်းမူကြောင့် ယောချောင်းအပါအဝင် ယောဒေသက တောင်ကျချောင်းတွေအားလုံး ရေတွေကမ်းလုံးပြည့်လာနေတယ်လို့သိရပါတယ်။ ” စိုက်ခင်းတွေလဲ မြေတွေပို့ကုန်သလို ချောက်ရေတွေကြောင့်…
Read Moreဖေဖော်ဝါရီ၊ ၂၈ မကွေးတိုင်း၊ယောဒေသ၊ ဂန့်ဂေါ၊ကျောက်ထု၊ ထီးလင်းစတဲ့မြို့နယ်တွေမှာ ဖေဖေါ်ဝါရီလအတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဆယ်ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေဆီကသိရပါတယ်။ “တိုက်ပွဲတွေကဖြစ်နေတာပဲ၊တော်တော်တန်တန်တော့မထုတ်ပြန်ကြတော့ဘူး၊ ဟိုတလောကပဲ လယ်ကြီး ဘက် မှာ စနိုက်ဘာနဲ့ပစ်လို့ ပျူနှစ်ယောက်သေတဲ့အပြင် ဒရုန်းနဲ့ဗုံးကျဲတာရော၊ လက်နက်ကြီးနဲ့ထုတာရော ငါး ယောက် သေတယ်၊တယောက်က ခါးကနေပြတ်သွားတာ” လို့ ဂန့်ဂေါခရိုင် တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံ ကိုစတီဗင် ကပြောပါတယ်။ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ပျုုစောထီးကျေးရွာဖြစ်တဲ့…
Read Moreမကွေးတိုင်းဒေသကြီး ဖြစ်တဲ့ ဂန့်ဂေါ၊ကျောက်ထု၊ ထီးလင်း မြို့နယ်မှာရှိတဲ့ စစ်ယောဒေသဘေးရှောင်စခန်းတွေမှာ ရေရှားပါးမူနဲ့စတင်ကြုံတွေ့ရပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ရေက မိုးတုန်းကသဲပြင်အောက်မှာကျန်ခဲ့တဲ့ ရေကျန်တွေပဲရှိတော့တာ။ စိမ့်စမ်းရေမဟုတ်တော့ မကြာခင်ခမ်းမှာပဲ။ ဂန့်ဂေါမြို့နယ် အရှေ့တောင်၊အနောက်တောင်စခန်းတွေအကုန် ရေရှားလာတာပဲ” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ နှမ်းခါးလူငယ်အဖွဲ့တာဝန်ခံ ကိုနွေဦးကပြောပါတယ်။ အလားတူပဲထီးလင်းမြို့နယ်မှာ စစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေဟာလည်း ရေရှားပါးမူနဲ့ တွေ့ကြုံနေရပြီး ပြီးခဲ့တဲ လပိုင်းက ရေမသန့်မူကြောင့် ဝမ်းပျက်ဝမ်းလျောတွေလည်းဖြစ်ပွားခဲ့ကြတယ်လို့ စစ်ရှောင်ကူညီသူတဦးကပြောပါတယ်။ “၁၅ရွာလောက် ဝမ်းလျောဝမ်းပျက်ဖြစ်ခဲ့ကြတာ။ ဆန်တွေလည်းမီးထဲပါသွားတာတွေရှိတော့ ဆန်၊…
Read Moreစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မူကြောင့် ကျဆုံးခဲ့ရတဲ့ CNA/CNF ရဲဘော်တွေအတွက် ယောဒေသ၊ဆောမြို့နယ်မှာ မနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတရပ်တွေက ချင်းအမျိုးသားတပ်ဦး ဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် CNA/CNF ရဲဘော်ငါးဦးကျဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့ညနေပိုင်းမှာလဲ လေကြောင်းကနေထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့လို့ ဆေးပေးခန်းအပါအဝင် အဆောက်အဦးတွေပျက်စီးခဲ့ရပါတယ်။ ” သတင်းကြားရရချင်းစိုးရိမ်စိတ်တွေဖြစ်တာပေါ့။ ခုလည်းကျမတို့ညီအစ်ကိုမောင်နှမတိုင်းရင်းသားတွေ တသားတည်းရှိတယ်ဆိုတာကိုပြတာပါ” လို့ ဆုတောင်းပွဲတက်ရောက်ခဲ့တဲ့ယောဒသခံတဦးကပြောပါတယ်။ ဆုတောင်းပွဲကိုယောဒေသအတွင်းမှာရှိတဲ့…
Read Moreယောဒေသက၊ The Youth Force (Saw&Kyaukhtu)ရဲ့ စခန်း (၂) ကို စက်တင်ဘာလ (၁၀) ရက် ညနေ (၃) နာရီဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတယ်လို့ The Youth Force တာဝန်ခံ ကိုဇင်ကိုဝင်းက DNA ကိုပြောပါတယ် ။ “လက်နက်အင်အားချင်းမမျှလို့ နောက်ဆုတ်လိုက်တာပါ။ ပစ္စည်းတွေ အသုံးအဆောင်တွေ အကုန်ယူပြီးမှ ထွက်တာဖြစ်တဲ့အတွက် တဲသုံးလုံးပဲမီးရိူ့ခံလိုက်ရတာပါ။ အခြား ပစ္စည်း၊လူ ဆုံးရူံးထိခိုက်တာမရှိပါဘူး။ စခန်းနားက…
Read Moreဇွန်လ ၆ ရက်နေ့၊ ညနေမှာ စစ်သား၊ ရဲ၊ ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ ခန့်ဟာ တောင်ခင်ရန်းရွာ ရဲစခန်းမှာ ညအိပ်ပြီး ဒီနေ့ ၇ ရက်နေ့မှာတော့ တောင်ဘက်နှမ်းခါးရွာကို ချီတက်သွားပြီလို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။ ဂန့်ဂေါကထွက်ခွာပြီး မဲရွာအနီး မိုင်းမိခဲ့တဲ့ စစ်ယဥ်တန်းကလည်း ပြန်လည်ဆုတ်ခွာလာပြီး ဂန့်ဂေါမြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ “ဂန့်ဂေါကို ကားတွေပြန်ရောက်တာ သေချာတယ်ဗျ။ တောင်ခင်ရန်းရဲစခန်းမှာ ညအိပ်တဲ့ စစ်၊ရဲ၊ပျူတွေလည်း…
Read Moreယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေရာကို တက်သိမ်းတဲ့ အကြမ်းဖက်စစ်တပ်ဟာ PDF ထောင်ထားတဲ့ ဆုတ်မိုင်းထိပြီး စခန်းကုန်းကနေ အလောင်း ၈ လောင်းထမ်းပြန်ဆင်းလာကြောင်း သိရပါတယ်။ ဇွန် ၄ ရက်နေ့ မနက်ပိုင်းက စစ်သား ၇၀ လောက်ပါတဲ့ ရှေ့ပြေးအဖွဲ့ဟာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF (YRPA) ၏ တပ်ရင်း (၁) ၊ တပ်ခွဲ (၂) နေရာကိုဝင်ရောက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး PDF တွေက ကြိုတင်သတင်းအရ ပစ္စည်းတွေကို…
Read Moreယောဒေသကို အကြမ်းဖက်စစ်တပ်က လေကြောင်းစစ်ဆင်ရေး ပိုမိုပြုလုပ်လာတာကြောင့် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ သတိရှိကြဖို့ ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု (YRPA) က သတိပေးလိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ယောဒေသကို မြေပြင်ထိန်းချုပ်နိုင်မှု အလွန်နည်းပါးတာကြောင့် လေကြောင်း ထိုးစစ်ဆင်တာ ပိုမိုပြုလုပ်လာတာလို့ ဆိုပါတယ်။ မေ ၂၆ ရက်နေ့ မနက် ၁၁ နာရီလောက်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၅ စီးဟာ မြစ်သာဆည်ဘောင်တစ် လျှောက်ရှိ ကျေးရွာတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတွေကို အပြင်းအထန်တိုက်ခိုက်ခဲ့ရာ လတ်တလောသတင်းတွေအရ PDF…
Read More၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း ယောဒေသ ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ သင်္ကန်းအရောင်းဆိုင်တွေမှာ စစ်အုပ်စုက သင်္ကန်းအစုံရေ ၂၀၀ခန့်ကို ဝယ်ယူသွားသည်ဟု သတင်းတွေရရှိခဲ့ပြီးနောက် ဘာသာရေးပဋိပက္ခတွေနဲ့ ရဟန်းအယောင်ဆောင် အကြမ်းဖက်မှုတွေ လုပ်ဆောင်လာနိုင်တာမို့ သတိပြုကြဖို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ယောဒေသအတွင်းမှာရှိတဲ့ သာသနိကအဆောက်အဦးတွေမှာ တပ်စွဲနေထိုင်နေကြတာအပြင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုမျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာ ဘာသာရေးအကြောင်းပြပြီး ဘာသာမတူသူတွေကြားမှာ ဘာသာရေး ပြသနာတွေ…
Read More