၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်တဲ့ကမ္ဘာတစ်ဝန်းက ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံကို ဆက်လက် ထည့်သွင်းထားပါတယ်။ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အက်ဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက နှစ်စဉ်သတ်မှတ်တာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ၊နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်ရဲ့ အခုလဆန်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အရင်ကတည်းက ဘာသာရေးလွတ်လပ်ခွင့် နိမ့်ကျနေတဲ့…
Read More၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက Johnson & Johnson ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ဒီဇင်ဘာလအတွင်း ပေးပို့လှူဒါန်းသွားမယ်လို့သိရပါတယ်။ ဝါရှင်တန်ဒီစီ နိုင်ငံရေးလောက အကြောင်း အဓိက ရေးသားနေတဲ့ Politico သတင်းဌာနက နိုဝင်ဘာ၁၇ရက်မှာ အခုလို အဲဒီလိုဖော်ပြခဲ့တာပါ။ ဒါဟာ အမေရိကန် အစိုးရက ကမ္ဘာ ပဋိပက္ခဖြစ်တဲ့ဒေသတွေဆီကို ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး အကူအညီပေးမယ်လို့ ကတိပေးခဲ့တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း…
Read More၇၊ အောက်တိုဘာလ၊ ၂၀၂၁။ မြန်မာအပါအဝင် နိုင်ငံ (၁၆) နိုင်ငံကအလုပ်သမားတွေကို ပြန် လည်ခေါ်ယူနိုင်ရေးအတွက် ကိုရီးယား အစိုးရ အနေနဲ့ ပြည်ဝင်ခွင့်ကန့် သတ်ထားချက်တွေကို အနည်းငယ်လျှော့ပေါ့ပေးဖို့စီစဉ်နေတယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။ ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်နေ့မှာအဲဒီလို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကိုရီးယားအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ EPS သဘောတူညီမှုအောက်က အလုပ် သမား စေလွှတ်တဲ့ နိုင်ငံ (၁၆) နိုင်ငံက အလုပ်သမားတွေအားလုံးကို…
Read More၂၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်အာဏာသိမ်းပြီး ၈လအကြာမှာ မြန်မာနိုင်ငံဟာ သတင်းသမားတွေကို အများဆုံးအကျဥ်းချထားတဲ့ ဆော်ဒီအာရေဗျနဲ့ မြောက်ကိုးရီးယားအဆင့်ထက် ကျော်လွန်သွားပြီလို့ နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF)ကထုတ်ပြန်ပါတယ်။ သတင်းသမားတွေကို ဖမ်းဆီးမှုဟာ မြန်မာနိုင်ငံအပေါ်မှာ တရုတ်နိုင်ငံသာကျန်တော့တယ်လို့လည်းသိရပါတယ်။ RSFရရှိထားတဲ့စာရင်းအရ အာဏာသိမ်း၈လတာအတွင်း သတင်းသမား ၁၀၀လောက်အဖမ်းခံခဲ့ရပြီး ၅၃ဦးထက် မနည်း ထောင်ချခံထားရတယ်လို့ သိရပါတယ်။ အဖမ်းခံရသူတွေထဲကအများစုဟာ အာဏာသိမ်းပြီးပထမလေးလအတွင်းဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲကြီးတွေမှာ သ တင်းရယူရင်း အဖမ်းခံရတာလို့ သိရပါတယ်။ အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ တရားဝင်ရပ်တည်နေတဲ့မီဒီယာအနည်းငယ်သာကျန်တော့တဲ့အတွက်…
Read More၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ဩဂုတ်လဆန်းပိုင်းက စစ်အုပ်စုနဲ့ ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲကြောင့် မူဆယ်မြို့နယ် ပန်ဆိုင်းမြို့အနီးက ရွာ ၇ ရွာဟာ မြန်မာ-တရုတ်နယ်စပ်အနီးမှာ တိမ်းရှောင်နေရချိန် တရုတ်ဘက်က ဒီသီတင်းပတ်အတွင်းမှာ ခြံစည်းရိုးတွေ ကာနေပါတယ်။ စစ်ရှောင်တွေဟာ နေရာ ၃ ခုမှာ လူဦးရေ (၁,၄၀၄)ဦး တိမ်းရှောင်ခဲ့ရပြီး တရုတ်ဘက် မဝင်ဖို့နဲ့ ခြံစည်းရိုးတွေကို ဒီရက်ပိုင်းမှာပဲ အလျင်အမြန် တည်ဆောက်နေတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ “မိုးတွင်းကာလ ဖြစ်နေတော့…
Read More၁၃၊ ဩဂုတ်လ၊ ၂၀၂၁။ ဒီပဲယင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်အကြားမှာရှိတဲ့ စိုင်ပြင်မြို့မှာ ရဲစခန်းရှေ့မှာ ဒီကနေ့ ဩဂုတ်လ ၁၃ရက်နေ့ မနက် ၆နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ “အသံအကျယ်ကြီးကြားလိုက်ရတယ် အတော်ပြင်းမယ်ထင်တယ်၊ ပေါက်တာတော့ သိလိုက်တယ် ဘာတွေ ထိသွားလဲဆိုတာတော့ သေချာမသိဘူး၊ ပေါက်ကွဲသံကြားပြီးတော့ စခန်းထဲကနေ ကြောက်ပြီး သေနတ်တွေ ပစ်နေတာတော့ အချက်ရေမနည်းဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
Read More၁၂၊ ဩဂုတ်လ၊ ၂၀၂၁။ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လွှဲပြောင်းပေးမယ်လို့ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးထဲက စီမံကိန်းတွေအတွက် တရုတ်နိုင်ငံက ရန်ပုံငွေ လွှဲပြောင်းမှာဖြစ်ပြီး သဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီစီမံကိန်းတွေထဲမှာ တိရစ္ဆာန် ကာကွယ်ဆေးထိုးလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ၊ စိုက်ပျိုးရေး၊…
Read More၁၁၊ ဩဂုတ်လ၊ ၂၀၂၁။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် လူသားချင်း စာနာမှု အကူအညီ အရေးတကြီးလိုအပ်နေသူတွေအတွက် အမေရိကန်နိုင်ငံက ရန်ပုံငွေ ဒေါ်လာ သန်း ၅၀ ကျော် ကူညီမယ်လို့ ဩဂုတ်လ ၁၀ရက်နေ့က ကြေညာခဲ့ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူအမြောက်အများသေဆုံးခဲ့ကြရပြီး စစ်အုပ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ မြင့်တက်ခဲ့ကာ လူထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield…
Read More၁၁၊ ဩဂုတ်လ၊ ၂၀၂၁။ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ စစ်တက္ကသိုလ် ၊ တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာ လက်ခံမယ့်ရက်ကို ဩဂုတ်လကုန်အထိ ထပ်တိုးလိုက်တယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းစာမှာ ကြေညာခဲ့ပါတယ်။ လျှောက်လွှာလက်ခံမယ့်ရက်ကို ကနဦး ဩဂုတ်လ ၄ရက်နေ့ နောက်ဆုံးသတ်မှတ်ထားပေမယ့် လျှောက်လွှာတင်မယ့်သူနည်းပါးလို့ ဩဂုတ်လ ၃၁ရက်နေ့အထိ ထပ်တိုးလိုက်တာပါ။ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူအပေါ် တရားလက်လွတ် ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်တရပ်လုံးအပေါ် ရာဇဝတ်မှု…
Read More၈၊ ဩဂုတ်လ၊ ၂၀၂၁။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းအမြောက်အများကို စစ်အုပ်စုတပ်က ဒီကနေ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ လက်နက်တင်ဆောင်လာတဲ့ သတင်းကြိုရထားလို့ တောင်နီတောင်ခေါင်းကျေးရွာဘက်က မောင်းလာတဲ့ ထော်လာဂျီယာဥ်တစ်စီးကို စစ်အုပ်စုတပ်က မသင်္ကာလို့ ရပ်ခိုင်းခဲ့ရာ မောင်းပြေးသွားခဲ့တယ်လို့ ကြေးနန်းထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ အဲဒီနောက် စစ်အုပ်စုတပ်တွေက လိုက်လံပိတ်ဆို့ဖမ်းဆီးရာ ဆန်အိတ်နှင့်ဖွဲအိတ်တွေအောက်မှာ သယ်ဆောင်လာတဲ့ K-22 မောင်းပြန်ရိုင်ဖယ်အလက် ၆၀၊ အီနာဂါဗုံးသီး ၈၅ လုံး၊လက်ပစ်ဗုံးအလုံး ၈၀…
Read More