ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ လက်နက်စက်ရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေးတိုင် ဖောက်ခွဲခံရ

၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း မင်းဘူးမြို့နယ် ကုန်းသာကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်စက်ရုံတွေကို လျှပ်စစ်ဓာတ်အားပေးပို့နေတဲ့ ဓာတ်အားပေးတာဝါတိုင် တစ်တိုင်ကို MSPDFရဲ့ ဘီလူးစစ်ဆင်ရေးအထူးတပ်ဖွဲ့က ဖောက်ခွဲခဲ့တယ်လို့ MSPDFက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောမြို့နယ်ထဲ တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းဆင်းလာတာကလွဲ တိုက်ပွဲငြိမ်သက်

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း၊ဆောမြို့နယ် ကျောက်ထုလေယာဉ်ကွင်းကို တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းဆင်းလာတာကလွဲလို့ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဆောဒေသအတွင်း ငြိမ်သက်နေတယ်လို့ သိရပါတယ်။ မုံရွာကနေထွက်ခွာလာတဲ့ စစ်ရဟတ်ယာဉ်နှစ်စင်းဟာ ဒီနေ့မနက်၁၀နာရီ၃၅မိနစ်လောက်က ဆောမြို့ နယ်၊ကျောက်ထုလေယာဉ်ကွင်းကို ဆင်းသက်ရပ်နားပြီးသိပ်မကြာမီ ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်ဘက် ကိုထွက်ခွာသွားတယ်လို့ ကျောက်ထု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နတ်မောက်စျေးကြီး မီးလောင်မှု ဆိုင်ခန်းပေါင်း ၂၄၀ကျော်မီးလောင်ပျက်စီး

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း နတ်မောက်မြို့ စျေးရပ်ကွက်မှာရှိတဲ့ နတ်မောက်မြို့မစျေးကြီး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၂၄၀ကျော် ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က နိုဝင်ဘာလ ၁၃ရက်နေ့ ည၉နာရီ ၄၃မိနစ်ခန့်မှာ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မကွေးတိုင်းမီးသတ်တပ်ဖွဲ့အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲကနေ ၅​ပေ​ကျော် ရေကျော်ကျနေ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ပွင့်ဖြူမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကြီးအုံကြီးဝတမံ ရေပိုလွှဲကနေ ၅ဒသမ၇ပေခန့်အထိ ရေကျော်ကျနေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၇ရက်နေ့မှာ ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများပြားပြီး တမံရေပြည့်မှတ် ၃၄၀ပေထက်ကျော်လွန်ကာ ရေပိုလွှဲကနေ ကျော်ကျနေတာကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားလာမှာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ စစ်ကားမိုင်းထိ၊တစ်ဦး ပွဲချင်းပြီးသေ

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ မကွေးတိုင်း၊ရေစကြိုမြို့နယ်အတွင်း စစ်ကားတစ်စီးမိုင်းထိခဲ့ရာ တစ်ဦးသေ၊၄ဦး ဒဏ်ရာရ ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်။ ဒီနေ့မနက်၈နာရီ ခွဲလောက်က  ရေစကြိုမြို့နယ်၊ရွှေချောင်းကျေးရွာ အနီး မှာအကြမ်းဖက်စစ်အုပ်စုတပ်သားတွေ စီးနင်းလာတဲ့ စစ်ကား (၂ )စီးကို ဒေသခံ မဟာမိတ်ပြောက်ကျား၁၀ဖွဲ့တို့ပူးပေါင်းပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါရွာသား ၅၀ကျော်ကို  စစ်အုပ်စု ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွား

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာက ဒေသခံ ၅၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။ အောက်တိုဘာလ ၇ရက်နေ့ မနက်ပိုင်းမှာ ဂန့်ဂေါမြို့ကနေ ဟားခါးဘက်ကို ထွက်လာတဲ့ စစ်အုပ်စုယာဉ်တန်းဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၅ရက်အတွင်း စစ်အုပ်စုက ဂန့်ဂေါမြို့နယ်တွင်းက ကျေးရွာတွေမှာ ပြည်သူ ၂၀ဦးကျော်ကို သတ်ဖြတ်ခဲ့

၁၇၊ စက်တင်ဘာလ၊ ၂၀၂၁။ ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ သာလင်း၊ မြင်သား၊ ကုန်းရွာ၊ နှမ်းခါး၊ မွှေ့လယ်နဲ့ ထယ်လှော်ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၉ရက်နေ့က စတင်ပြီး ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာမှာ အပြစ်မဲ့ ပြည်သူ ၂၃ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်မြို့နယ်မှာ စစ်အုပ်စုက ပြည်သူတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

၁၆၊ စက်တင်ဘာလ၊ ၂၀၂၁။ မြိုင်မြို့နယ် အေးချမ်းသာစံပြကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၁၄ရက်နေ့က ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ပြည်သူတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ကာ အသက်၁၄နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “မနက်အစောကြီး လက်နက်ကြီးတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ စစ်အုပ်စုနဲ့ PDF တို့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အကျအဆုံးရှိ

၁၀၊ စက်တင်ဘာလ၊ ၂၀၂၁။ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာမှာ စက်တင်ဘာလ ၉ရက်နေ့ မနက် ၁၀ နာရီ ၃၀မိနစ်ခန့်က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ PDFတို့ အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်တွင်းကြီးက NLD အမတ်ရဲ့ နေအိမ် ဖျက်ဆီးခံရ

၇၊ စက်တင်ဘာလ၊ ၂၀၂၁။ တောင်တွင်းကြီးမြို့နယ် မောင်တိုင် ၁ရပ်ကွက်မှာရှိတဲ့ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝင်းမြင့်လှိုင်ရဲ့ နေအိမ်ကို စက်တင်ဘာလ ၇ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာ အမည်မသိသူနှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]