မကွေးတိုင်းဒေသကြီး၊ထီးလင်းမြို့မှာ စစ်ကြောင်းထိုးနေတဲ့အကြမ်း ဖက်စစ်တပ်ရဲ့တပ်သားတွေက ဒေသကာ ကွယ်ရေးတပ်ဖွဲ့(PDF)ယူနီဖောင်းတွေ ဝတ်ဆင်ပြီး ပြည်သူတွေအထင်မှားအောင် လုပ်ဆောင်နေတယ်လို့ ယောဒသကာကွယ်ရေးအဖွဲ့ YDF (Htilin)က ထုတ်ပြန်ပါတယ်။ ထီးလင်းမြို့ကို ဇူလိုင် ၉ ရက်၊ညနေ ၃နာရီခွဲလောက်က အကြမ်းဖက်စစ်သား ၂၅ယောက်ကို လေယဉ်နဲ့ ပို့လာခဲ့ပြီး အဲဒီသူတွေဟာ PDF ယူနီဖောင်းနဲ့ ဦးထုပ်ဝိုင်းတွေကို လဲလှယ်ဝတ်ဆင်ခဲ့ကြတယ်လို့ YDF က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့တပ်သားတွေအနေနဲ့ အခုလို PDF ယူနီဖောင်းတွေကိုလဲလှယ်ဝတ်ဆင်ပြီး ပြည်သူများအထင်လွဲစေဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအယောင်ဆောင်ပြီး…
Read Moreမကွေးတိုင်းဒေသကြီး၊ ပခုက္ကူ၊ မြိုင်၊ ရေစကြိုမြို့နယ်၊ နယ်နမိတ်အစပ်က ကျေးရွာအချို့မှာ အကြမ်းဖက်စစ်တပ်နဲ့ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ကြား ဇူလိုင် ၈ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို အကြမ်းဖက်စစ်တပ်က ပြန်လည်သယ်ဆောင်တာမလုပ်ဘဲ တစ်ခါတည်း မီးရှို့ခဲ့တယ်လို့လည်း ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့က ဆိုပါတယ်။ ဇူလိုင် ၈ ရက်မနက်ပိုင်းက ကျေးရွာတွေကိုစစ်ကြောင်းထိုးပြီး ဆုပ်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်တာကြောင့် တစ်နာရီကြာအပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့…
Read Moreမကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်က ပုသိမ်-မုံရွာလမ်းပိုင်းကို ဒေသခံတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ တစ်ပတ်တိတိ အသုံးမပြုကြဖို့ ပွင့်ဖြူ PDF က ထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ၃ ရက်နေ့ ည ၈ နာရီအချိန်လောက်ကစပြီး အသုံးမပြုဖို့ တောင်းဆိုထားတာပါ။ အကြမ်းဖက်စစ်တပ်အနေနဲ့ အင်အားဖြည့်တာတွေ လုပ်နေတာကို မြင်တွေ့နေရတဲ့အတွက်ကြောင့် သတိပေးထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေဟာ ဇူလိုင် ၃ ရက် ညပိုင်းက မဲဇလီတံတား၊ ပုသိမ် – မုံရွာလမ်းဘေး…
Read Moreမကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ နှမ်းခါးကျေးရွာဘက်ကိုထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် မိုင်းထိပြီး အနည်းဆုံးလေးဦး သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ ဇွန်လ ၃ ရက်နေ့၊ ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာ တောင်ခင်ရန်းကျေးရွာဘက်ကနေ နှမ်းခါးကျေးရွာဘက်ကို ထွက်လာချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ တင်သားကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး တောင်ခင်ရန်း ကျေးရွာနဲ့ သာလင်းကျေးရွာတွေကို အင်အားဖြည့်ဖို့ ထွက်လာခဲ့တာဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ဆိုပါတယ်။…
Read Moreမကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့မှာရှိနေတဲ့ စစ်သားနဲ့ရဲတို့ကြား အရက်မူးရန်ဖြစ်ရာကနေ ရမ်းသမ်း ပစ်ခတ်တာကြောင့် လူ ၃ ဦးသေဆုံးခဲ့တယ်လို့ YDF Htilin Battalion-15 (Shwe Som Nyo) အဖွဲ့က ထုတ်ပြန်ပါတယ်။ ဇွန် ၂၆ ရက် ညနေ ၅ နာရီအချိန်က အကြမ်းဖက်စစ်အုပ်စု စစ်သားနဲ့ရဲတပ်သားတို့ အရက်သောက် မူးယစ်ရန်ဖြစ်ပြီး လက်နက်ကြီး၊လက်နက်ငယ်တို့နဲ့အပြန်အလှန်ပစ်ခတ်ကြတာကြောင့် နေအိမ်တစ်လုံး အပေါ်ကျရောက်ပေါက်ကွဲပြီး လူ ၃ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေပြာဆိုမှုအရ…
Read Moreမကွေးတိုင်းဒေသကြီး၊ တမူးမြို့မှာ ဇွန် ၂၂ရက် က ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးအဖွဲ့တွေကို ဝင်ရောက်ခိုက်ခဲ့တာမှာ အကြမ်းဖက်စစ်တပ်ဘက်က ၂၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ တမူးမြို့ ၊ ပန်းသာကျေးရွာမှာရှိနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက စွန်ရဲစစ်ဆင်ရေးနာမည်နဲ့ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဟာ ဇွန် ၂၂ရက် မနက် ၁၀နာရီခွဲကနေ ညနေ ၄နာရီ မိနစ် ၂၀လောက်အထိ အချိန်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။…
Read Moreမကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဒေသကို အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်နေတာကြောင့် စစ်ရှောင်ပြည်သူ နှစ်သောင်းကျော်ရှိသွားပြီလို့ YSO News & Information က ထုတ်ပြန်ပါတယ်။ အဲဒီစာရင်းဟာ YSO News & Information က ဒီနေ့မနက် ၁ နာရီကျော်မှာ ထုတ်ပြန်တဲ့ စာရင်းဖြစ်ပြီး အကြမ်းဖက်စစ်သားတွေဟာ ရေလယ်ကျွန်းဒေသမှာ ဆက်လက်ရှိနေတာကြောင့် စစ်ရှောင်ပြည်သူ၊ မီးရှို့ခံရတဲ့ ပြည်သူတွေရဲ့နေအိမ်နဲ့ အသတ်ခံရတဲ့ ပြည်သူတွေရဲ့ စာရင်းထပ်မံတိုးပွားလာနိုင်ခြေရှိတယ်လို့ ရေစကြိုမြို့၊…
Read More