ထီလင်းမြို့နယ် ဝက်သက်ရွာကို စစ်ကောင် စီကမီးရှို့ ၊ ပြည်သူတဦးကိုဓားစာခံအဖြစ်ဖမ်းဆီး

ထီလင်းမြို့နယ် ဝက်သက်ရွာကို စစ်ကောင် စီကမီးရှို့ ၊ ပြည်သူတဦးကိုဓားစာခံအဖြစ်ဖမ်းဆီး

ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ (၂၆) ရက် ညနေပိုင်းမှာဝက်သက်အရှေ့ပြင်ရွာကိုဝင်ရောက်မီးရှို့ပြီးစစ်ကြောင်းကိုလွတ်အောင်မပြေးနိုင်တဲ့ဒေသခံပြည်သူတဦးကိုလည်း ဓားစာခံ အဖြစ်ဖမ်းဆီးထားတယ်လို့ဒေသခံတော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။  စစ်ကောင်စီစစ်ကြောင်းရဲ့ ဓားစာခံ အဖြစ်ဖမ်းဆီးခံရသူဟာဝက်သက်အရှေ့ပြင်ရွာသားဦးညိုတင်ဆိုသူဖြစ် ပြီး စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ရွာကနေအိမ်သုံးလုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။ စစ်ကောင်စီဟာ ပြည်သူတွေကို အကြောက်တရားသွင်းဖို့ ခုလိုရွာတွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ အင်အားပိုတောင့်လာ၊ လက်နက်ပို ပြည့်စုံလာမှဒီမီးရှို့ခံရတဲ့ကိစ္စတွေကလျော့နည်းသွားမှာ” လို့ ဒေသခံတဦးကပြောပါတယ်။ ဝက်သက်အရှေ့ပြင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဝက်သက်ရွာမှာ ညအိမ်စခန်းချပြီး…

Read More
ထီးလင်းမြို့နယ် ထလင်းရွာကို စစ်တပ်က နှစ်ရက်အတွင်း နှစ်ကြိမ်ဝင်ပြီး နေအိမ်သုံးလုံးမီးရှို့

ထီးလင်းမြို့နယ် ထလင်းရွာကို စစ်တပ်က နှစ်ရက်အတွင်း နှစ်ကြိမ်ဝင်ပြီး နေအိမ်သုံးလုံးမီးရှို့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထလင်းရွာကို စစ်ကောင်စီစစ်ကြောင်းက နှစ်ရက်အတွင်း ဒုတိယ အကြိမ်အဖြစ် ဒီဇင်ဘာ ၂၅ ရက်မှာ ထပ်ဝင်လာပြီး နေအိမ်နှစ်လုံးမီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ဒလန်ရှိတာသေချာနေတာကြီးဗျ၊ရွာထဲက တော်လှန်ရေးမှာတက်ကြွလှုပ်ရှားသူနှစ်ယောက်ရဲ့အိမ်ကို ရွေးရှို့သွားတာ” လို့ ဒေသခံတဦးကပြောပါတယ်။   စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ(၂၄) ရက် ကလည်း ထလင်းရွာကိုဝင်ရောက်ပြီး ရွာက CDM ကျောင်းဆရာ ဦးသန်းဝင်းဦးရဲ့နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။   CDM…

Read More
ယောတော်လှန်ရေးတပ်YRAကို NUGက ဂန့်ဂေါခရိုင်အတွင်းက တပ်ရင်းတွေ အဖြစ်အတည်ပြု

ယောတော်လှန်ရေးတပ်YRAကို NUGက ဂန့်ဂေါခရိုင်အတွင်းက တပ်ရင်းတွေ အဖြစ်အတည်ပြု

ယောတော်လှန်ရေးတပ် YRA ကို အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဌာနက ဂန့်ဂေါခရိုင် တပ်ရင်းသုံးခုအဖြစ် အသိ အမှတ် ပြုလိုက်တယ်လို့ YRA က ဒီဇင်ဘာ (၁၉) ရက်မနေ့ကထုတ်ပြန်ပါတယ်။   မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ အ ခြေစိုက်တဲ့ YRA ကို NUG က ဂန့်ဂေါခရိုင် တပ် ရင်း ၁၅၊ ၁၆၊ ၁၇ -YRA…

Read More
ထီးလင်းနယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းမှူး တိုက်ပွဲဒဏ်ရာနဲ့ သေဆုံး

ထီးလင်းနယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းမှူး တိုက်ပွဲဒဏ်ရာနဲ့ သေဆုံး

ထီးလင်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းမှူးဟာ အောင်းမြောက်ရွာ ဘုန်းကြီးကျောင်းမှာ ဒဏ်ရာကို ဆေးကုသမှုခံနေရင်း ဒီဇင်ဘာ (၁၅) ရက် ဒီကနေ့မှာ သေဆုံးသွားတယ်လို့ ဒေသခံတချို့နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။ “ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်ဆီကနေ သတင်းပေးပို့လာတာပါ၊ ခုစစ်ကြောင်းက ထီးလင်းနဲ့ နှစ်မိုင်လောက်ဝေးတဲ့ သရခါရွာကို ရောက်နေတယ်၊ အဲဒီရွာမှာပဲ သဂြိုလ်မလား၊ ထီးလင်းကို သယ်မလားတော့ မသိဘူး” လို့ ထီးလင်းအခြေစိုက် ကာကွယ်ရေးတပ် YRA စစ်ဦးစီး…

Read More
ထီးလင်းနယ်ထဲ စစ်ကြောင်းထိုးနေတဲ့စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရ

ထီးလင်းနယ်ထဲ စစ်ကြောင်းထိုးနေတဲ့စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရ

ထီးလင်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ( ၁၄) ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ YRA က စောင့်ကြိုတိုက်ခိုက်တာကြောင့် စစ်သားတ ဦးသေပြီး ဆယ်ဦးဝန်းကျင် ဒဏ်ရာရတယ်လို့ YRA က ထုတ်ပြန်ပါတယ်။ “သူတို့စစ်ကြောင်းလာတာမှာ ကျွန်တော်တို့ရဲ့ ကင်းထောက်ရဲဘော်က စနိုက်ဘာနဲ့ပစ်တာ တယောက်သေတယ်၊ အဲ့ဒါကသေချာတယ်၊ ဟိုဘက်ကသေနတ်တွေနဲ့ ပစ်ကြတော့ နောက်ကတပ်ခွဲက နေ လက်နက်ကြီးနဲ့ထုတာပေါ့၊ ထုတုန်းကတော့ ထိတယ်မထိတယ်မသိဘူး၊ သူတို့ပြန်ဆုတ်ပြီးအောင်းရွာကို ဝင်သွားတာမှာ…

Read More
ထီးလင်းမြို့နယ် ဝါးရင်းချိုင်ရွာက မီးဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ထီးလင်းမြို့နယ် ဝါးရင်းချိုင်ရွာက မီးဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တဲ့ ထီးလင်းမြို့နယ် ဝါးရင်းချိုင်ကျေးရွာက ပြည်သူသုံးရာကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ဝါးရင်းချိုင်ရွာသားတဦးက DNA ကိုပြောပါတယ်။ “ဆန်အသစ်မပေါ်ခင်ဆန်ရယ်၊ မီးဖိချောင်သုံးပစ္စည်း ဆီး၊ ဆား၊ ငါးပိစသည်အားဖြင့်လိုတယ်၊ လောလောဆယ် မီးမလောင်ဘဲကျန်ခဲ့တဲ့အိမ်က ဆန်ဆီဆားတွေကို မျှဝေစားနေရတယ်” လို့ ဝါးရင်းချိုင်ရွာသားတဦးက ပြောပါတယ်။ လက်ရှိမှာ ရွာခံတွေရဲ့ စပါးခင်းတွေမာ့ ရိတ်သိမ်းချိန်ရောက်နေတဲ့ စပါးတွေရှိနေပေမယ့် ဝါးရင်းချိုင်ရွာဟာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ထီးလင်းမြို့နဲ့ နီးတဲ့အတွက် စပါးတွေလည်း သွားမရိတ်ရဲဘူးလို့ ရွာခံတောင်သူတဦးက…

Read More
ထီးလင်းမှာနှစ်လနီးပါးအတွင်း ပြည်သူဆယ့်သုံးဦးသတ်ဖြတ် အလောင်းဖျောက်ခံရ

ထီးလင်းမှာနှစ်လနီးပါးအတွင်း ပြည်သူဆယ့်သုံးဦးသတ်ဖြတ် အလောင်းဖျောက်ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ထဲ စစ်ကောင်စီ စစ်ကြောင်းတွေ သွားလာခဲ့တဲ့ ဒေသတွေမှာ နှစ်လနီးပါးအတွင်း ဒေသခံ (၁၃) ဦး သတ်ဖြတ်အလောင်းဖျောက်ခံခဲ့ရတယ်လို့ ယောတော်လှန်ရေးတပ် (YRA) ထီးလင်း ပြန်ကြားရေးတာဝန်ခံ ကိုမောင်ကောင်းက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း ထီးလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကြောင်းထိုးတာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီကာလအတွင်း စစ်ကောင်စီစစ်ကြောင်း ရောက်ခဲ့တဲ့ ရွာတွေကဒေသခံတွေ သတ်ဖြတ်အလောင်းဖျောက်ခံရတာတွေဖြစ်ခဲ့တာကြောင့် ဒီသတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်တွေက လုပ်တာဖြစ်တယ်လို့…

Read More
ထီးလင်းမြို့နယ် ကျားခဲရွာကို စစ်ကောင်စီ စစ်ကြောင်းကမီးရှို့

ထီးလင်းမြို့နယ် ကျားခဲရွာကို စစ်ကောင်စီ စစ်ကြောင်းကမီးရှို့

ထီးလင်းမြို့နယ်ကျားခဲရွာကို စစ်ကောင်စီစစ် ကြောင်းက ဒီကနေ့နိုဝင်ဘာ (၁) ရက် မနက် ခြောက်နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” စစ်​ကြောင်းက မနေ့ညကအဲ့ရွာမှာအိပ်တာ၊ မနက်ထမီးရှို့တာ၊ ခုထိလောင်နေတုန်းပါ၊ စစ်ကြောင်းကတော့ထွက်သွားပြီလို့ကြားတယ်ဗျ” လို့ ထီးလင်းဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။ ကျားခဲရွာကနေအိမ် ဘယ်လောက်မီး လောင်ကျွမ်း ပျက်စီးတယ်ဆိုတာ မသိရသေးပါဘူး။ ဒေသခံ ကာကွယ်ရေးတပ်တွေကို ဆက်သွယ်မေးမြန်းရာမှာ စစ်ရေးအခြေအနေအရ နယ်မြေရှင်းလင်းရေး မလုပ်ရသေးဘူးလို့ဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ခုရက်ပိုင်းအတွင်း ထီး လင်းမြို့နယ်က…

Read More
ထီးလင်းမြို့နယ်တိုက်ပွဲအတွင်း YDF ရဲဘော် တစ်ဦးကျဆုံး

ထီးလင်းမြို့နယ်တိုက်ပွဲအတွင်း YDF ရဲဘော် တစ်ဦးကျဆုံး

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ အောက်တိုဘာ (၂၇) ရက် မနေ့က တိုက်ပွဲဖြစ်ရာမှာ YDF တပ်ရင်း (၁၄) က ရဲဘော်ဝေယံမင်းကျဆုံးခဲ့တယ်လို့ YDF ဗျူဟာမှူးသခင်ဇော်က DNA ကိုပြောပါတယ်။ ” ကဲထော်လို့ နာမည်ပြောင်ခေါ်ကြတာပေါ့၊ လက်နက်ကြီးထိတာပါ၊ အလောင်းကို တရွတ်တိုက်ဆွဲ သွားကြတာ၊သွေးကွက်တွေလမ်းပေါ်မှာကျန်နေခဲ့တယ်၊အလောင်းကိုမရလိုက်ဘူး၊ အိမ်တွေနဲ့တွဲပြီးမီးရှို့ ထားခဲ့ပုံရတယ်” လို့ သခင်ဇော်ကပြောပါတယ်။ ထီးလင်းမြို့နယ်ထဲမှာ ရွာတွေကိုမီးရှို့နေတဲ့ စစ် ကောင်စီစစ်ကြောင်းကိုထန်းပင်ကုန်းကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ YDF…

Read More
ထီးလင်းမှာ စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

ထီးလင်းမှာ စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

ထီးလင်းမြို့နယ်ထဲက အောင်းရွာနဲ့ ရွှေအောင်သာရွာကြားမှာစစ်ကောင်စီစစ်ကြောင်းကို YDF တပ်ခွဲတစ်ခုက အောက်တိုဘာ (၂၃) ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်သားတစ်ဦး ပွဲချင်းပြီးသေ ဆုံးပြီး ဒဏ်ရာရသူတွေ လည်းရှိ တယ်လို့ တော်လှန် ရေးအင်အားစုတွေဆီ ကသိရပါတယ်။ ” တိုက်ပွဲကြီးမဟုတ်တော့ page ကနေသတင်း မထုတ်ပြန်တော့ဘူး၊သေတဲ့တစ်ယောက်ကိုရော ဒဏ်ရာရတဲ့သူတွေကိုရော သယ်ယူသွားတာကို မြင်လိုက်တဲ့ CNF ကကျွန်တော် တို့ဆီလှမ်းပြောတယ်” လို့ YDF ဗျူဟာမှူးသခင်ဇော်က ပြောပါတယ်။ ထီးလင်းမြို့နယ်ထဲ…

Read More