ထီးလင်းမြို့နယ် ထလင်းရွာကို စစ်တပ်က နှစ်ရက်အတွင်း နှစ်ကြိမ်ဝင်ပြီး နေအိမ်သုံးလုံးမီးရှို့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထလင်းရွာကို စစ်ကောင်စီစစ်ကြောင်းက နှစ်ရက်အတွင်း ဒုတိယ အကြိမ်အဖြစ် ဒီဇင်ဘာ ၂၅ ရက်မှာ ထပ်ဝင်လာပြီး နေအိမ်နှစ်လုံးမီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ဒလန်ရှိတာသေချာနေတာကြီးဗျ၊ရွာထဲက တော်လှန်ရေးမှာတက်ကြွလှုပ်ရှားသူနှစ်ယောက်ရဲ့အိမ်ကို ရွေးရှို့သွားတာ” လို့ ဒေသခံတဦးကပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ(၂၄) ရက် ကလည်း ထလင်းရွာကိုဝင်ရောက်ပြီး ရွာက CDM ကျောင်းဆရာ ဦးသန်းဝင်းဦးရဲ့နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။
 
CDM ကျောင်းဆရာနေအိမ်ကိုမီးရှို့ဖျက်ဆီးပြီး နောက်စစ်ကောင်စီစစ်ကြောင်းဟာ ရွာခံတွေကို အစ ည်းအဝေးခေါ်ပြီး ကလေးတွေကို NUG လက် အောက်ခံပညာသင်ကြားရေး ကျောင်းတွေမှာမ ထားဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
 
“သူတို့ကခြိမ်းခြောက်တော့ကျောင်းသားမိဘတွေက စစ်ကောင်စီကျောင်းလည်းမထားချင်ဘူး၊NUG က ကျောင်းလည်းမထားရဲဘူးဆိုသလိုစဥ်းစားရကျပ်နေတဲ့အနေအထားရှိတယ်၊စစ်ကောင်စီကျောင်းကတော့ မိဘတွေမပြောနဲ့ ကလေးတွေကစ မင်းအောင် လှိုင်ကျောင်းမတက်ချင်ဘူးနဲ့နေတာ” လို့ ဒေသခံတ ဦးကပြောပါတယ်။
 
ထလင်းရွာဟာ ထီးလင်းမြို့နဲ့ နှစ်မိုင်ဝန်း ကျင်သာဝေးပြီးထီးလင်းမြို့ပေါ်ကနေလက်လှမ်းမီနိုင်တဲ့အ နေအထားရှိတာကြောင့် စစ်ကောင်စီက ထိန်း ချုပ်ဖို့ကြိုးစားတာဖြစ်နိုင်တယ်လို့ ​ဒေသ ကာကွယ်ရေးအင်အားစုဝင်တဦးကပြောပါတယ်။
 
ထလင်းရွာကနေအိမ်နှစ်လုံးကိုမီးရှိူ့ဖျက်ဆီးခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၅ ရက်ညက တောရောင်းရွာမှာညအိပ်ပြီးဒီကနေ့မှာ ရွာကနေပြန် ထွက်သွားတယ်လို့ကာကွယ်ရေးအဖွဲ့တွေဆီကသိရပါတယ်။
 
ဒေသခံပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းကို နားစွင့်ပြီး ဘေးလွတ်ရာကိုတိမ်းရှောင်ထားကြဖို့ ကာကွယ်ရေးအင်အားစုတွေနဲ ဒေသခံမီဒီယာတွေ က အသိပေးထားပါတယ်။