ထီးလင်းမြို့နယ်တိုက်ပွဲအတွင်း YDF ရဲဘော် တစ်ဦးကျဆုံး

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ အောက်တိုဘာ (၂၇) ရက် မနေ့က တိုက်ပွဲဖြစ်ရာမှာ YDF တပ်ရင်း (၁၄) က ရဲဘော်ဝေယံမင်းကျဆုံးခဲ့တယ်လို့ YDF ဗျူဟာမှူးသခင်ဇော်က DNA ကိုပြောပါတယ်။

” ကဲထော်လို့ နာမည်ပြောင်ခေါ်ကြတာပေါ့၊ လက်နက်ကြီးထိတာပါ၊ အလောင်းကို တရွတ်တိုက်ဆွဲ သွားကြတာ၊သွေးကွက်တွေလမ်းပေါ်မှာကျန်နေခဲ့တယ်၊အလောင်းကိုမရလိုက်ဘူး၊ အိမ်တွေနဲ့တွဲပြီးမီးရှို့ ထားခဲ့ပုံရတယ်” လို့ သခင်ဇော်ကပြောပါတယ်။

ထီးလင်းမြို့နယ်ထဲမှာ ရွာတွေကိုမီးရှို့နေတဲ့ စစ် ကောင်စီစစ်ကြောင်းကိုထန်းပင်ကုန်းကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ YDF ထီးလင်း၊YDF တပ်ရင်း ၁၄၊KKG တပ်ရင်း ၅၊PDF ထီးလင်းတပ်ရင်း၂ ခွဲ ၇ ၊နပတတပ်ရင်း ၇၀၇ ADF ပူး ပေါင်းတပ်ပေါင်းစုက စစ်ကြောင်းသုံး ကြောင်း ခွဲပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီစစ်သားနဲ့ ပျူစောထီး သုံးဆယ်ကျော်သေဆုံးတယ်လို့ YDF ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ဒေသခံကာကွယ်ရေးတပ် YDF က ရဲဘော်ဝေယံမင်းကျဆုံးခဲ့ရပြီး၈၀ မမပြောင်း နှစ်ခုနဲ့အသီး ခြောက်လုံး၊ ၆၀ မမပြောင်း သုံး ခုနဲ့အသီး (၂၅)လုံး၊ ဆိုင်ကယ် ခြောက်စီးဆုံးရှုံးလိုက်ရတယ်လို့ ကာကွယ်ရေးအင်အားစုတွေဆီကသိရပါတယ်။