ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်းမြို့မှာ ဒုတိယဗိုလ်မှူးကြီးတဦးရဲ့ သားဖြစ်သူ ပစ်ခတ်ခံရလို့သေဆုံး၊ ဒဏ်ရာရအမျိုးသမီးစိုးရိမ်ရ

မတ် ၊ ၂၀ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ဆီဆုံလမ်းမှာ ဒီကနေ့ ညနေပိုင်းက စစ်ထောက်လှမ်းရေးအတွက်အလုပ်လုပ်နေတဲ့ ဒုဗိုလ်မှူးကြီးရဲ့သားဖြစ်သူနဲ့မိသားစုဝင်အမျိုးသမီးတဦးတို့ကို အမည်မသိသေနတ်သမားတွေက လာရောက်ပစ်ခတ်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ်ဒေသခံတွေက DNAကိုပြာပါတယ်။ အမည်မသိသေနတ်တွေရဲ့ပစ်ခတ်မှုကြောင့် ဒုတိယဗိုလ်မှူးကြီးရဲ့သားဖြစ်သူ ဝင့်မိုးအောင်ဆိုသူဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး မိသားစုဝင်အမျိုးသမီးတဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အရက်ဆိုင်မှာရန်ဖြစ်ပြီးခေါင်းကွဲ

မတ်၊ ၃ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်က စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးဦးမိုးက မနေ့ မတ်လ ၂ ရက်ညပိုင်းက အရက်ဆိုင်မှာ ရပ်ကွက်နေလူငယ်တဦးနဲ့ ရန်ဖြစ်ထိုးကြိတ်မှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတွေကပြောပါတယ်။ စမ်းချောင်းမြို့နယ်၊ စစ်ကိုင်းလမ်းက အရက်ဆိုင်မှာ အရက်သောက်နေချိန် ဘေးဝိုင်းက လူငယ်တဦးကိုအုပ်ချုပ်ရေးမှူးဦးမိုးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်း၊ဝေဠုဝန်မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးသေ

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ဝေဠုဝန်မြောက်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်နဲ့အဖွဲ့ လက်ဘက် ရည်ဆိုင်ထိုင်နေချိန် ဒီကနေ့ ဒီဇင်ဘာ (၂၂)ရက်မနက်ပိုင်းမှာ ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးအပါအဝင်နှစ်ဦး သေပြီး တဦးဒဏ်ရာရသွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတွေက DNA ကိုပြောပါတယ်။   ရပ်ကွက်အုပ်ချုပ်ရေးမှူးဝေဖြိုးအောင်နဲ့အပေါင်းအပါတွေဟာ ဝေဠုဝန်(မြောက် )ရပ်ကွက်က စူပါလက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်း၊ ဗဟိုလမ်းက အမှိုက်ပုံမှာဗုံးတွေ့လို့ စစ်တပ်က ဖောက်ခွဲဖျက်ဆီး

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော (တောင်) ရပ်ကွက်၊ ပုသိမ်လမ်းနဲ့ ဗဟိုလမ်းမကြီးထောင့် အမှိုက်ပုံမှာ ဒီကနေ့ ဗုံးတွေ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။ “စည်ပင်တွေက အမှိုက်ပုံထဲကတွေ့လို့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကို အ​ကြောင်းကြားလိုက်တာနေမယ်” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်း၊ ဂန္ဓမာလမ်းက တိုက်ခန်းတခုကို အမျိုးသမီးတဦးက အနုကြမ်းဝင်စီး

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ ဂန္ဓမာလမ်းက နေအိမ်တအိမ်ကို အမျိုးသမီးတဦးက ဝင်ရောက်အနုကြမ်းစီးဖို့ ကြိုးစားခဲ့ပြီး ရပ်ကွက်နေသူတွေသိသွားလို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အဲ့ဒီလမ်းမှာ နေထိုင်သူတွေဆီက သိရပါတယ်။ “ကျွန်တော်တို့ ဂန္ဓမာလမ်း အလယ်လောက်၊ သမဆိုင်နားက အိမ်မှာဖြစ်တာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်း အလက (၃) ကျောင်းရှေ့ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတဦး ပြင်းထန် ဒဏ်ရာရ

စမ်းချောင်းမြို့နယ်၊ကျွန်းတော (တောင်)ရပ်ကွက်၊ဗဟိုလမ်းနဲ့ ပုသိမ်လမ်းထောင့်ကအမှတ်(၃) အခြေ ခံပညာအလယ်တန်းကျောင်းရှေ့မှာ ဒီကန့ နိုဝင်ဘာ (၂၃)ရက် ညပိုင်းမှာပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတဦးပြင်းထန်ဒဏ်ရာရတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ “ပေါက်တာတော်တော်လေးပြင်းတယ်၊ထိသွားတဲ့အမျိုးသားတဦးတော့ ခန္ဓာကိုယ်အောက်ပိုင်း ပြတ်ထွက်သွားတာ၊ခန္ဓာကိုယ်အောက်ပိုင်းက အစအနတွေဆိုရင် တော်တော်ဝေးဝေးကိုလွှင့်သွားလို့ ကယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်းတရားရုံးအနီးက ယာဥ်ထိန်းရဲကင်းဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်၊စမ်းချောင်းမြို့နယ်၊ဗားကရာလမ်းနဲ့ဗဟိုလမ်းထောင့်က ယာဥ်ထိန်းရဲကင်းကို ဒီကနေ့အောက်တိုဘာ (၁၀) ရက် ည ၈နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရဲကင်းရုံ အရှေ့ဘက်မှာ ထိခိုက်ပျက်စီးမှုတွေရှိ ခဲ့တယ်လို့ Freelance Attack Force အဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်သားတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်းမြို့နယ်မှာ လူငယ်တစ်ချို့ကို စစ်ကောင်စီက နေအိမ်မှာလာရောက် ဖမ်းဆီးသွား

စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း(တောင်)ရပ်ကွက်မှာ ဒီကနေ့အောက်တိုဘာ ၁၀ရက် မနက် ၁၀နာရီ ဝန်းကျင်မှာ စစ်ကောင်စီက လူငယ်အချို့ကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ “စစ်ကောင်စီဘက်က အင်အားနဲနဲများတယ်၊ကျွန်မတို့ ဘာဝနာလမ်းလို့ခေါ်တာပေါ့၊အဲ့ဒီက လူနေတိုက်မှာ ဝင်ဖမ်းသွားတာ၊သုံးလေးယောက်လောက်ရှိမယ်၊အတိအကျတော့ မသိဘူး”လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်း ကျွန်းတော(တောင်)ရပ်ကွက်ရုံး၊ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ

စမ်းချောင်းမြို့နယ်၊ကျွန်းတော(တောင်)ရပ်ကွက်၊ပြည်အေးလမ်းအနီးကရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို ဒီနေ့ညပိုင်းမှာ အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက် ခိုက်ခဲ့တယ်လို့ FLAအဖွဲ့ဝင်တစ်ဦးက DNAကို ပြောပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုကို Freeland Attack Force (FLA) နဲ့မဟာမိတ်အဖွဲ့ တွေပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ပြီးဒီကနေ့ စက်တင်ဘာ (၁၄)ရက်၊ည ၈နာရီ ကျော်မှာ အဝေးထိန်းမိုင်းနှစ်လုံးပူးပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်းဂွစျေးအနီး ဗုံးတွေ့အပြီး အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကြပ်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊မကြီးကြီးလမ်းနဲ့ဗဟိုလမ်းထောင့်မှာရှိတဲ့ ရှမ်းလမ်းစျေး(ဂွစျေး)အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိတယ်လို့ဆိုပြီး အကြမ်းဖက်စစ်တပ်က လမ်းပိတ်တာ၊စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မပေါက်ကွဲသေးတဲ့ ဗုံးဟာ ရှမ်းလမ်းစျေး(ဂွစျေး)အနီးမှာ ဒီကနေ့ဇူလိုင် ၃၀ ရက်၊မွန်းလွဲ ၁နာရီဝန်းကျင်က တွေ့ရှိခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်က ရောက်ရှိလာပြီး [ဆက်လက်ဖတ်ရှုရန်]