မေ၊ ၂၆ စစ်ကိုင်းတိုင်း ၊စဉ့်ကူးမြို့နယ် ကျေးရွာတွေကို စစ်ကောင်စီတပ်ကဒီလ၂၁ရက်ကစပြီးစစ်ကြောင်းထိုးနေပြီးအမျိုးသမီးတွေအပါအဝင်ဒေသခံ လူသုံးဆယ်ခန့်ကို ဖမ်းဆီးခံထားရတယ်လို့ဝက်လက် သတင်းကွန်ရက် Wetlet Information Nwtwork ထံကသိရပါတယ်။ “ (စဉ့်ကူးမြို့နယ်)ထုံးကြီး(ရွာ)ကလာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီအင်အားတရာပါတဲ့ စစ်ကြောင်းက ဒေသခံသုံးဆယ်ဦးကိုလည်းဖမ်းဆီးသွားတယ်”လို့ Wetlet Information Networkက တာတန်ရှိသူတဦးက DNA ကိုပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သူတွေဟာ ကျွန်းကြီးရွာနဲ့အနီးဝန်းကျင်ရွာတွေကဖြစ်ပြီးဘယ်သူတွေဖြစ်တာ၊ ဘာကြောင့်ဖမ်းဆီးတယ်စတဲ့အသေးစိတ်အချက်လက်ကိုတော့မသိရသေးဘူးလို့သူကဆိုပါတယ်။ “ဖမ်းတာတော့စစ်ကြောင်းတလျှောက်ဖမ်းခေါ်သွားတာ”လို့ ပြောပါတယ်။ လက်ရှိမှာ ရွှေဘယက် ၊ဝက်ပေါင် ၊ပေါက်ကုန်း ၊…
Read Moreမေ၊ ၂၅ စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် တောင်မွှာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေလက်ချက်နဲ့ထွက်မပြေးနိုင်တဲ့သူတွေအပါအဝင်သက်ကြီးရွယ်အိုဒေသခံခြောက်ဦးနှစ်ရက်အတွင်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့တက်ကြွလှုပ်ရှားသူတွေကDNAသတင်းဌာနကိုပြောပါတယ်။ “ တရွာလုံးပြေးရတာ ။မပြေးနိုင်တဲ့ တယောက်ကို နောက်ကနေလိုက်ပစ်တယ် ။ မပြေးနိုင်လို့ကျန်ခဲ့တဲ့အသက် ၈၀ အရွယ် ဒေါ်ခင်စိန်နဲ့ အသက် ၆၀ ကျော်အရွယ် ဒေါ်အေးထုပ်က အိမ်ထဲမှာ ထည့်ပြီးမီးရှို့ခံခဲ့ရတာ မနေ့ကမနက်ကမတွေ့တာ “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။ သေဆုံးသူတွေဟာ အသက် ၆၀နဲ့ ၈၀ ကြားသက်ကြီးပိုင်းတွေဖြစ်ပြီး…
Read Moreမေ ၊ ၂၅ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်၊ မော်တိတ်ဒေသရှိ ကျွန်းတောရွာ အနီး တော်လှန်ရေးအဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဒီကနေ့မနက်ပိုင်းက ထပ်မံဗုံးကြဲတိုက်ခိုက်သွားတယ်လို့ Indaw Revolution-IR အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ “ကျွန်းတော နားလေးမှာ မနက်ပိုင်းက တိုက်ပွဲဖြစ်နေတာပေါ့။ အင်းတော်လက်နက်ကြီးကုန်းကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူနေတာ ။အခုကျတော့ လေယာဉ်နဲ့လာဗုံးကြဲသွားတယ်။ စစ်အုပ်စုက ရွာသာယာရွာဖက်ကနေ ကျွန်းတောဖက်ကိုသွားတယ် အဲနားမှာပဲသူတို့ရှိနေသေးတယ်။ အခုလည်း သူတို့အထိနာနေလို့ လေယာဉ်နဲ့ဗုံးကြဲနေတာပါ…
Read Moreမေ၊ ၂၄ စစ်ကိုင်းတိုင်း၊အထက်ပိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာချိန် ထွက်မပြေးဘဲ ရွာ မှာကျန်နေခဲ့တဲ့ ဒေသခံတွေထဲက အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေကလိင်ပိုင်းဆိုင်ရာကျူးလွန်မှု တွေ ရှိနေတယ်လို့ အဲ့ဒီဒေသက မြေပြင်အခြေအနေတွေကိုဖော်ပြပေးနေတဲ့ Indaw Revolution(IR)က တာဝန်ရှိသူ တဦးကDNAကို ပြောပါတယ်။ အင်းတောမြို့ရဲ့ အနောက်မြောက်ဘက်က နန့်သာရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားချိန်လပိုင်းအတွင်း အဲ့ဒီ လို လိင်ပိုင်းဆိုင်ရာာကျူးလွန်မှုတွေရှိနေတာလို့ သူကပြောပါတယ်။စစ်ကောင်စီတပ်တွေဟာ အခုနှစ်ဖေဖော်ဝါရီ လအတွင်း နန့်သာရွာမှာစတင်တပ်စွဲခဲ့တာပါ။ အိမ်ခြေနှစ်ရာလောက်ရှိတဲ့အဲ့ဒီရွာကို စစ်ကောင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်…
Read Moreမေ၊ ၂၂ စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ပွဲစားတန်းလမ်းရှိ ငွေဇာလှိုင်း အလှန်ကုန်နဲ့စတိုးဆိုင်မှာ ဒီကနေ့ နေ့လယ် ၁၂နာရီ ဝန်း ကျင်ကဓားပြတိုက်မှုဖြစ်ခဲ့ပြီး ငွေသားကျပ်သိန်းခုနစ်ရာကျော်နဲ့ ဆိုင်ထဲမှာရှိနေတဲ့ ဆိုင်ရှင်နဲ့ဝန်ထမ်းတွေရဲ့ ရွှေ ထည်လက်ဝတ်ရတနာတွေကိုပါ ယူသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ “ကောင်မလေးတယောက်က အရင်ဝင်လာပြီး ဈေးဝယ်မလိုလုပ်ပြီးမှ အပြင်ကသူနဲ့အတူပါလာတဲ့ ကောင်လေး တွေကို လှမ်းခေါ်တာ၊ ဆိုင်ထဲရောက်မှ သေနက်တွေထုတ်ချိန်ပြီး ပိုင်ရှင်ကို အကြပ်ကိုင်တာ၊ ဆိုင်မှာရှိသမျှ ငွေ အားလုံးနဲ့ရွှေထည်ပစ္စည်းတွေနဲ့လက်ဝတ်ရတနာအားလုံးပါယူသွားကြတာ”လို့ ဓားပြတိုက်မှုဖြစ်ခဲ့တဲ့ ရပ်ကွက်အ တွင်းမှာနေထိုင်သူ တဦးက…
Read Moreမေ၊ ၂၂ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ်ကိုစစ်ကောင်စီတပ်တွေက ဒီကနေ့ မေလ၂၂ရက်မှာမြေပြင်စစ်ကြောင်းထိုးမှုသာမကလေကြောင်းတိုက်ခိုက်မှုပါလုပ်နေလို့ နေအိမ်နှစ်လုံးမီးလောင်ပြီးဒေသခံတွေစစ်ရှောင်နေရပါတယ်။ “ Mi 35 နဲ့လာပစ်တာ နေ့ခင်း ၁၂နာရီအချိန်က တကြိမ် ခုနက၄နာရီလောက်ကတကြိမ် နှစ်ကြိမ်လာပစ်သွားတယ် ။လေကြောင်းတိုက်ခိုက်မှု ကြောင့် ခုအိမ်နှစ်လုံးမီးလောင်နေတယ် ။တလုံးကတော့ပြာကျသွားပြီ။တိုက်ပွဲလဲဖြစ်နေတယ် ။ဒေသခံတွေလဲစစ်ရှောင်နေကြရတယ် “လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ စစ်ကိုင်းမြို့နယ်မြောက်ခြမ်း ပဒူတိုက်နယ်ကို စစ်ကောင်စီတပ်တွေက မနေ့က မေလ၂၁ရက်မနက်ခင်းပိုင်းကနေစတင်ပြီး စစ်ကြောင်းထိုးနေပြီး ဒီကနေ့မှာလေကြောင်းကပါတိုက်ခိုက်လာတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ စစ်အာဏာသိမ်းခဲ့တဲ့…
Read Moreမေ ၊ ၁၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ကံသာကုန်းကျေးရွာကိုစစ်ကောင်စီတပ်ကမနေ့ကဝင်ရောက်စီးနင်းပြီးဖမ်းဆီးခဲ့တဲ့အရပ်သားတွေထဲကအမျိုးသားတွေ ကိုစစ်ကောင်စီတပ်ကတဥဦးလျှင်ငွေကျပ်ငါးသိန်းနှုန်းနဲ့ပြန်ရွေးခိုင်းနေတယ်လို့စုံစမ်းသိရပါတယ်။ ကံသာကုန်းကျေးရွာကဖမ်းဆီးခံအရပ်သားငါးဆယ်ဦဦးအနက်အမျိုးသမီးဆယ်ဦးနဲ့ကလေးငယ်တွေကိုမနေ့ညနေကပဲ ပြန်လွှတ်ပြီးကျန်ရှိနေတဲ့အမျိုးသားတွေအတွက်တဦးကိုငါးသိန်းပေးပါကပြန်လွှတ်ပေးမယ်ဆိုပြီးစစ်ကောင်စီတပ်သားတွေကပြောဆိုလိုက်တာလို့ဆိုပါတယ်။ “မနေ့ကညနေပိုင်း ညောင်ပင်သာရွာကနေ ပြန်လွှတ်ပေးတယ်လို့ သိရတယ်။ဆယ်ယောက်ကျော်လောက် ပြန်လွှတ်ပေးတယ်၊အမျိုးသားတွေတော့ ဆက်ဖမ်းထားပြီး တယောက်ကို ငါးသိန်းနှုန်းနဲ့ ရွေးခိုင်းတာ၊ကလေးတွေက သူတို့မိခင်တွေနဲ့အတူ ပြန်လွှတ်ပါတယ်၊ဆက်ဖမ်းထားတာတော့ယောကျာ်းလေးတွေပဲနှစ်ဆယ်တော့ကျော်တယ်”လို့ People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က DNA ကိုပြောပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီတပ်တွေဟာကံသာကုန်းရွာကဖမ်းဆီးသွားတဲ့အရပ်သားတွေကိုခေါ်ဆောင်ပြီးခင်ဦးနယ်ထဲကလိပ်ရကုန်းကျေးရွာကနေ၊မူးမြစ်အရှေ့ဖက်လက်ပံကြိးကျေးရွာကိုဆက်လက်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ “အသက်အန္တရာယ်ကတော့သူတို့အတွက်စိုးရိမ်နေရတာပေါ့၊ယောက်ကျားလေးတွေပဲဆိုတော့၊ခုလဲအမြန်ဆုံးပြန်ရွေးဖို့ရှာဖွေနေကြရတယ်၊ချေးတဲ့သူကချေးငှားတဲ့သူကငှားပေါ့”လို့ ဒေသခံတဦးက DNAကိုပြောပါတယ်။ ဒါ့အပြင်သူတို့တပ်စွဲခဲ့တဲ့ညောင်ပင်သာရွာရှိစျေးဆိုင်တွေကအရက်ဖာ၊ဘီယာတွေအပြင်ရွာရှိနေအိမ်တွေကပစ္စည်းတွေ၊ရွာမှာရှိတဲ့ကားနဲ့ဆိုင်ကယ်တွေကိုကားအကြီးနှစ်စီး၊ထွေလာဂျီတစီးနဲ့စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့မုံရွာစိုက်ပျိုးသိပ္ပံဝန်းထဲကိုသယ်ဆောင်သွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ မနေ့ကကံသာကုန်းရွာအထွက်ကျီးကန်ရွာနဲ့ဘိုတဲကုန်းကြားမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သလိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တဦးလဲထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့…
Read Moreမေ၊ ၁၂ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်းက ဘန့်ဘွေးရွာအနီးမှာ သေဆုံးသူတဦးရဲ့ တလပြည့် ဆွမ်းကပ်ပွဲ လုပ်နေချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်လို့ ငါးနှစ်အရွယ်နဲ့ ၁၄နှစ်အရွယ်နှစ်ဦး သေဆုံးခဲ့ပြီး လသားအရွယ်ကလေးတဦးနဲ့ နောက်ထပ်ငါးဦး ပြင်းထန်ဒဏ်ရာတွေရသွားတယ်လို့ ဒေသခံတွေက ပြော ပါတယ်။ စစ်အုပ်စုလက်အောက်ခံပျူစောထီး အင်အားကောင်းတဲ့ ရွာအဖြစ်လူသိများတဲ့ ဘန့်ဘွေးရွာအနီးက ဒေသအခေါ် မယ်ဇာတောပြင် နေရာမှာ တလပြည့်ဆွမ်းသွပ်ပွဲလုပ်နေကြချိန် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်ဖမ်း ဆီးမှုတွေ လုပ်ခဲ့တာလို့ဆိုပါတယ်။ “ရမ်းသန်းပစ်ခတ်တာ၊လက်နက်ငယ်နဲ့လား…
Read Moreမေ ၊ ၁၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အနီး ကိုး မိုင် နဲ့ ခိုင်ကမ်းရပ်ကွက်ကနေ မေလ ၁၁ ရက်က မနေ့က မနက်က ရှောင်တိမ်းခဲ့တဲ့ ထောင်နဲ့ချီတဲ့ဒေသခံတွေက စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကြောင့်အများစုဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။ ဒေသအခြေစိုက်စိုက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့Chinland Defense Force(CDF) CDM Siyin က စစ်ကောင်စီတပ်အခြေချတဲ့ ခိုင်ကမ်းမြို့ရဲစခန်းနဲ့ ကလေးတက္ကသိုလ်မုဒ်ဦးကနေတမိုင်ပတ်လည်က စစ်ကောင်စီတပ်အနီးကနေ ဒေသခံတွေရွှေ့ပြောင်းပေးဖို့ ပြောဆိုတဲ့အတွက် ဒေသခံတွေဟာမနေ့က ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။…
Read Moreမေ ၊ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ရာဇဂြိုလ်ကျေးရွာဘက်မှာ ဒီကနေ့မတ်လ၁၁ရက်မှာစစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီး လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံထောင်ချီထွက်ပြေးနေရပါတယ်။ ” သေနတ်သံတွေက မနက်သုံးနာရီကျော်ကစကြားရတာ။ ပြီးတော့စစ်တပ်က လေယာဥ်လာဝဲပြီးပစ်တယ်။ ရာဇဂြိုလ်နားက နန်းကျဥ်းဆောင်ရွာဘက်ကိုပစ်တယ်” လို့ ကလေးမြို့ဒေ သခံတဦးကပြောပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးတယ်လို့ ဒေသခံတဦးကပြောပေမယ့်တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေအသေးစိတ်နဲ့ ထိခိုက်ကျဆုံးမူကိုတွေကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ကလေကြောင်းကနေပစ်ခတ်တာကြောင့် ရာဇဂြိုလ်ကျေးရွာနဲ့နန်းကျဥ်းဆောင်ကျေးရွာက နှစ်ရွာကပြည်သူထောင်ချီပြီး ခုမနက်ပိုင်းမှာထွက်ပြေးတိမ်းရှောင်ကြရတယ်လို့သိရပါတယ်။ ” တိုက်ပွဲဖြစ်ပြီး လေကြောင်းကနေပစ်တော့ ပြေးကြရတယ်။…
Read More