စစ်ရေးတင်းမာမှုတွေကြောင့် ဂန့်ဂေါ – ထီးလင်း လမ်းပိုင်း ယာယီပိတ် 

စစ်ရေးတင်းမာမှုတွေကြောင့် ဂန့်ဂေါ – ထီးလင်း လမ်းပိုင်း ယာယီပိတ် 

စစ်ကိုင်းတိုင်း ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့စစ်ရေးတင်းမာမှုအခြေအနေတွေကြောင့်  ဂန့်ဂေါ-ထီးလင်း လမ်းပိုင်းကိုဒီနေ့ဩဂုတ်လ ၂၂ရက်နေ့ကစပြီးယာယီပိတ်လိုက်တယ်လို့YDF(ထီးလင်း)က သတင်းထုတ်ပြန်ပါတယ်။ အများပြည်သူလုံခြုံရေးအတွက် လမ်းအသုံးပြုမှု ယာယီပိတ်ထားတာကို တိတိကျကျလိုက်နာပေးဖို့ ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ အသိပေးနေတယ် လို့ YDF(ထီးလင်း)အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။ စစ်ရေးတည်ငြိမ်သွားတဲ့အချိန်မှာ ဂန့်ဂေါ- ထီးလင်း လမ်းပိုင်းကို ပြန်လည်သွားလာခွင့်ပြုမှာဖြစ်ပြီး သွားလာခွင့်ရှိမယ့် နေ့ရက်ကိုအသိပေးထုတ်ပြန် မှာဖြစ်တယ်လို့YDF(ထီးလင်း)ကဆိုပါတယ်။ အခုရက်ပိုင်းအတွင်းဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထုနဲ့ ဆောမြို့နယ်အတွင်းက ကျေးရွာတွေမှာ ‌စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်‌ဆင် တိုက်ခိုက်မှုတွေကြောင့်ဒေသကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်နေပါတယ်။ဒါကြောင့်နီးစပ်ရာတောတောင်​​တွေထဲ…

Read More
ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းက ရဲနှစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းက ရဲနှစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

ဒီနေ့ ဇူလိူင်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ မင်းရွာရဲစခန်းကနေထွက်လာတဲ့ ရဲသုံးဦးကို PDF Gangaw တောင်ပိုင်းအဖွဲ့က ပစ်ခတ်ရာ ရဲနှစ်ဦးပွဲချင်းပြီးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာနဲ့ စခန်းဘက်ကို ပြန်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စခန်းကထွက်ပြီး ရွာထဲဘာယူမလို့လဲမသိဘူး။ လာတာမှာပစ်ခံရတာ။ လက်နက်ကြီးသံ နည်းနည်းကြားသေးတယ်။ စခန်းထဲက ပြန်ပစ်တာနေမှာပ။ မနေ့ကလည်း ကြားရတာပဲ။ မင်းရွာကဟာတွေလည်း စစ်ဘေးရှောင်နေကြရတာလေ” လို့ ဆိုပါတယ်။ ဂန့်ဂေါမြို့နယ် တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ကလည်း…

Read More
စစ်အုပ်စု ဝင်ရောက်မီးရှို့ခဲ့တဲ့ ရေရှင်ရွာမှာ ရုပ်အလောင်းတွေ တွေ့ရှိ

စစ်အုပ်စု ဝင်ရောက်မီးရှို့ခဲ့တဲ့ ရေရှင်ရွာမှာ ရုပ်အလောင်းတွေ တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာမှာ ညအိပ်ခဲ့တဲ့ စစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၅ ရက် ၊မနက် ၇ နာရီဝန်းကျင်မှာအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်​တပ်ရဲ့ စစ်ကြောင်းက သတ်ဖြတ်ထားတဲ့ရုပ်အလောင်းတွေကိုလည်း တွေ့ရှိရပြီးဘယ်သူဘယ်ဝါဆိုတာ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ” အလောင်းက ငါးလောင်းလို့တောင်ကြားနေတာ ဖုန်းကအဆက်အသွယ်ကမရနဲ့ အလောင်းတွေ့တာတော့ သေချာတယ်။ အရေအတွက်နှင့်နာမည်တွေ မသိရသေးဘူး။ မနက်ဖြန်လောက်ဆို သိရမလားဘဲ” လို့ ရေရှင်ရွာနဲ့နီးစပ်တဲ့…

Read More
ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ဆိုင်ကယ်တွေကို မီးရှို့နေ

ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ဆိုင်ကယ်တွေကို မီးရှို့နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ပြီး ဆိုင်ကယ်အချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ရွာသားတွေမွေးမြူထားတဲ့ တိရိစ္ဆာန်အချို့ကို သတ်ဖြတ် စားသောက်တာတွေ လုပ်ဆောင်တယ်လို့လည်း ဆိုပါတယ်။ “ရွာကတော့ထွက်ပြေးကြရတာပ။ ကျန်ခဲ့တဲ့ဆိုင်ကယ်တချို့ကိုမီးရိူ့တယ်။ အိမ်တွေတော့မရှို့သေးဘူး။ ရွာထဲက ဝက်ကိုသတ်ပြီး ထမင်းစားကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ရေရှင်ရွာကို ဝင်ရောက်နေတဲ့အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်မှာ အင်အား ၁၂၀ ဝန်းကျင်နဲ့ နှမ်းခါးရွာ ကနေ ရေရှင်ရွာကိုစစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး နှမ်းခါးနဲ့ရေရှင်ရွာက…

Read More
ဂန့်ဂေါမြို့နယ်၊ နှမ်းခါးဘက်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း မိုင်းဆွဲခံရ

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးဘက်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း မိုင်းဆွဲခံရ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ နှမ်းခါးကျေးရွာဘက်ကိုထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် မိုင်းထိပြီး အနည်းဆုံးလေးဦး သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ ဇွန်လ ၃ ရက်နေ့၊ ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာ တောင်ခင်ရန်းကျေးရွာဘက်ကနေ နှမ်းခါးကျေးရွာဘက်ကို ထွက်လာချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ တင်သားကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး တောင်ခင်ရန်း ကျေးရွာနဲ့ သာလင်းကျေးရွာတွေကို အင်အားဖြည့်ဖို့ ထွက်လာခဲ့တာဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ဆိုပါတယ်။…

Read More
အကြမ်းဖက်စစ်တပ်ကြောင့် မြင်သားရွာက စိတ်မနှံ့သူတဦး သေဆုံး

အကြမ်းဖက်စစ်တပ်ကြောင့် မြင်သားရွာက စိတ်မနှံ့သူတဦး သေဆုံး

ဂန့်ဂေါမြို့နယ် ၊ မြင်သားရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်ချထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွာထဲက စိတ်မနှံ့သူတဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ် ။  “မြင်သားဘုန်းကြီးကျောင်းမှာ တပ်ချတဲ့ခွေးတွေက ဟိုအရင်က အိမ်မီးရှို့ခဲ့တဲ့ အိမ်တွေက ဝက်ကိုသတ်စားကြတာ။ ဦးကြံတင်သားသမီးတွေရဲ့ဝက်လေ။ ဘုန်းကြီးကျောင်းမြောက်ဖက်နားက စိတ်မနှံ့တဲ့ ဖိုးသားလေးကိုလည်း သတ်ပစ်တယ်။ စိတ်မနှံ့တော့ ပြေးရကောင်းမှန်းဘယ်သိမလဲ” လို့ မြင်သားရွာခံတစ်ဦးကဆိုပါတယ်။ ဇူလိုင် ၁ ရက်နေ့က စမ်းမြို့ရွာမှာ တပ်ချထားတဲ့ စစ်တပ်ဟာ…

Read More
စစ်တပ်ချန်ထားခဲ့တဲ့ ဗုံးသီးပေါက်ကွဲလို့ ၇ နှစ်အရွယ် ကလေး ၂ ဦးသေ

စစ်တပ်ချန်ထားခဲ့တဲ့ ဗုံးသီးပေါက်ကွဲလို့ ၇ နှစ်အရွယ် ကလေး ၂ ဦးသေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးစဉ် ချန်ထားခဲ့တဲ့ ၄၀(မမ) ဗုံးသီး ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေး ၂ ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီလောက်မှာ ကန်ရွာအနောက်ဘက်၊ ကျောက်ဂူတောရ တောင်ဘက်တောတိုက်တစ်နေရာမှာ စစ်တပ်စစ်ကြောင်းထိုးစဉ် ချန်ရစ်ခဲ့တဲ့ ဗုံးသီးပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် မောင်ပြည့်စုံမောင်နဲ့မောင်မင်းထွဋ်ဇော်တို့ သေဆုံးခဲ့ကြောင်း ဂန့်ဂေါ PDF ကထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့…

Read More
ဂန့်ဂေါမှာ အကြမ်းဖက်တပ် ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၅ဦးသေတယ်လို့ပြော

ဂန့်ဂေါမှာ အကြမ်းဖက်တပ် ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၅ဦးသေတယ်လို့ပြော

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သင်တောရွာကနေ ထွက်လာတဲ့ အကြမ်းဖက်တပ်ကို ရှေ့ထွက်ပြောင်းတွေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးသေဆုံးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA)က ဒီ ကနေ့ထုတ်ပြန်ပါတယ်။ ဇွန်၁၈ရက်နေ့၊မနက်၇နာရီလောက်မှာ တောင်ခင်ရန်းရွာမှာ ညအိပ်ပြီး မြောက်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်သား၂၀၀ကျော်တို့ကို သင်တောရွာအထွက်မှာ PDF-(701)Gangaw Battalion (YRPA) တပ်ခွဲ (၃)နဲ့ ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ဒဏ်ရာရစစ်သားတွေလည်း ရှိကြောင်း YRPA က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးရဲဘော်တွေထိခိုက်မှုလုံးဝမရှိဘဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့…

Read More
ဂန့်ဂေါ မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးလို့ ပြေ

ဂန့်ဂေါ မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးလို့ ပြေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာအတွင်း ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေ၊ ၂ ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ (၁၈) ရက်နေ့မှာ ရှေ့ထွက်ပြောင်း၊ ပဒေသာမိုင်းတို့နဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဂန့်ဂေါ PDF က ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၇ ရက်နေ့ကလည်း ဂန့်ဂေါခရိုင်တပ်ရင်း (၁) မှတပ်စိတ် (၃) စိတ်က လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့ရာ စစ်သား ၃…

Read More
ဂန့်ဂေါမြို့နယ် သာကောင်းရွာမှာ အကြမ်းဖက်တပ်စစ်ကြောင်းတွေ အင်အားစုနေ

ဂန့်ဂေါမြို့နယ် သာကောင်းရွာမှာ အကြမ်းဖက်တပ်စစ်ကြောင်းတွေ အင်အားစုနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ကျွဲနန်းရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်ကြောင်းနှစ်ခုတို့ဟာ ဒီနေ့ဇွန်လ ၁၂ ရက် မနက်ပိုင်းက သာကောင်းရွာမှာ စုစည်းနေကြပြီလို့ ဓေသခံတွေဆီက သိရပါတယ်။ အဲဒီစစ်ကြောင်းနှစ်ခုပေါင်းပြီး သာကောင်းရှဉ်းရှည်က စစ်ဘေးရှောင်စခန်းတွေကို တောနင်းရှာဖွေလိမ့်မယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်အုပ်စုစစ်ကြောင်းတွေဟာ ကန်ရွာနဲ့ ကျွဲနန်းရွာမှာ စခန်းချနေတာဖြစ်ပြီး ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ပြန်လည်တုန့်ပြန်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံ PDF…

Read More