
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ညနေ၆နာ ရီလောက်မှာ ပဲခူးဆေးရုံပို့ပြီး စစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
၁၄၊ဇူလိုင်
ပဲခူးမြို့၊ဥဿာမြို့သစ်ရှိ စက်မူဇုန်( ၂ ) မှာ ဖွင့်ထားတဲ့ တိရိစ္ဆာန်အစာစက်ရုံရဲ့ သံလှောင်ကန်ထဲမှာ အလုပ်သမား ၃ ဦးကို ဇူလိုင် ၁၃ ရက် ညနေပိုင်းက သေဆုံးလျှက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“စက်ရုံက ရွာအနားကပဲ။ သေဆုံးတဲ့သူတွေက စက်ရုံအလုပ်သမားတွေ ၊ဘယ်ကလာလုပ်တာလဲ မသိသေးဘူး။ တယောက်ကပြုတ်ကျလို့ ဆင်းကယ်ရင်း နောက်နှစ်ယောက် သေတာလို့လည်းပြောနေကြတယ်” လို့ အဲဒီစက်ရုံအနီးဝန်းကျင်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ကျန်ပန်းမြန်မာ တိရိစ္ဆာအစာစက်ရုံမှာရှိတဲ့ အမြင့် ၁၀ပေ၊ အကျယ်၈ပေ၊ အနက်၁၅ပေနီး ပါးရှိတဲ့ သံလှောင်ကန်ထဲမှာ အမျိုးသား ၃ဦးသေဆုံးနေတာ ညနေ၆နာရီလောက်က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေမှာ ဦးအောင်လင်းဦး၊ ဦးချမ်းသာနဲ့ ကိုဝေယံစိုးတို့ဖြစ်ပြီး အဲဒီစက်ရုံမှာ အလုပ်လုပ်နေသူတွေဖြစ်ကာ သေဆုံးရတဲ့အ ကြောင်းအရင်းကို မသိရသေးဘူးလို့ အခင်းဖြစ်ရာ နေရာကို ရောက်နေသူတွေက ပြောပါတယ်။
စက်ရုံတာဝန်ရှိသူက စကားပြောစက်နဲ့ ဦးအောင်လင်းဦးကို ဆက်သွယ်တဲ့ အခါမှာ ပြန်ဖြေကြားတာမရှိလို့ လိုက်ရှာကြည့်တော့မှ အဲဒီလှောင်ကန်ထဲမှာ ၃ ဦးလုံး သေဆုံးနေတာကို တွေ့ရတာလို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ညနေ၆နာ ရီလောက်မှာ ပဲခူးဆေးရုံပို့ပြီး စစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
Photo + လူမူကွန်ရက်