ဂန့်ဂေါနယ်မှာ စစ်တပ်က တော်လှန်ရေးတပ်တွေကိုထိပ်တိုက် ရင်မဆိုင်ဘဲ ပြည်သူတွေကိုသာ ပစ်မှတ်ထားနေ

ဂန့်ဂေါနယ်မှာ စစ်တပ်က တော်လှန်ရေးတပ်တွေကိုထိပ်တိုက် ရင်မဆိုင်ဘဲ ပြည်သူတွေကိုသာ ပစ်မှတ်ထားနေ

ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ်တွေကို ထိပ်တိုက်ရင်မဆိုင်တော့ဘဲ ပြည်သူတွေ ကိုသာပစ်မှတ်ထားစစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ခေါင်းဆောင်တချို့က DNA ကို ပြောပါတယ်။ “သူတို့က တိုက်ရမယ့်ဟာတွေဆို ရှောင်တယ်၊သူတို့ထက် ကျနော်တို့က အင်အား အများကြီးသာတာကိုး၊ သူတို့ အင်အားကို အထိအခိုက်မခံတော့ဘူး၊ပြည်သူတွေကို အနည်းဆုံး ဆယ့်ငါးယောက်၊အယောက်နှစ်ဆယ် လောက် အမြဲဖမ်းထားပြီး ထမင်းချက်၊ ကျည်သယ်၊ ဓားစာခံလုပ်ခိုင်းတယ်၊သူတို့ပိုင်တဲ့နေရာကျမှတိုက်မယ်ဆိုတဲ့သ ဘောမျိုး” လို့ PDF ဂန့်ဂေါတောင်ပိုင်း ခေါင်းဆောင် ကိုဝေလေးကပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းလာရင်ပြည်သူတွေရှောင်ကြပေမယ့် ပစ္စည်းကျန်လို့…

Read More
စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ဂန့်ဂေါမြို့က လူထုဆန္ဒထုတ်ဖော်ပွဲ

စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ဂန့်ဂေါမြို့က လူထုဆန္ဒထုတ်ဖော်ပွဲ

တစ်မြို့နယ်လုံးနေရာအနှံ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးခြင်းခံနေရတဲ့ ဂန့်ဂေါမြို့နယ်မှာ ပြည်သူ့အစိုးရ NUG နှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို ဂန့်ဂေါမြို့နယ်ကဒေသခံ ပြည်သူ နှစ်ရာဝန်းကျင်တက်ရောက်ခဲ့ပြီး ကျေးရွာ ကာ ကွယ်ရေးအဖွဲ့ဝင်တွေလည်း တက်ရောက်ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီဆန္ဒထုတ်ဖော်ပွဲကို ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်းက ဦးဆောင်ကျင်းပပြီး လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။ “ကိုယ့်ပြည်သူကိုယ်စောင့်ရှောက်ရတာတာဝန်အဖြစ်ခံယူပါတယ်” လို့ တပ်ရင်း ၃၉၀၁ အမှတ်- ၁…

Read More
ဂန့်ဂေါတောင်ပိုင်း မဲရွာက ကလေးငယ်တွေအပါအဝင် ပြည်သူလေးဆယ်ဝန်းကျင်ကို စစ်တပ်က ဓားစာခံ အဖြစ်ဖမ်းဆီး

ဂန့်ဂေါတောင်ပိုင်း မဲရွာက ကလေးငယ်တွေအပါအဝင် ပြည်သူလေးဆယ်ဝန်းကျင်ကို စစ်တပ်က ဓားစာခံ အဖြစ်ဖမ်းဆီး

ဂန့်ဂေါမြို့နယ်တောင်ပိုင်း မဲရွာက ကလေးငယ်တွေအပါအဝင် ပြည်သူလေးဆယ်ဝန်းကျင်ကို စစ်ကောင်စီ စစ် ကြောင်းက စက်တင်ဘာ (၁၄) ရက် နေ့လယ်ပိုင်းကတည်းက ဓားစာခံအဖြစ်ဖမ်းခေါ်သွားတယ်လို့ ဂန့်ဂေါ တောင်ပိုင်း PDF ခေါင်းဆောင် ကိုဝေလေးက DNA ကိုပြောပါတယ်။ “သူတို့စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားတာပါ၊ ခုသူတို့တွေ မဲ(ရွာ)နဲ့ခေါင်းတုံ(ရွာ)ကြားမှာရှိဦးမှာ” လို့ ကိုဝေလေးက ပြောပါတယ်။ မဲရွာကဖမ်းဆီးခံရတဲ့ ရွာသူရွာသားတွေထဲက သုံးဦးထွက်ပြေးလွတ်မြောက်လာတယ်လို့ ဒေသခံကာကွယ် ရေး တပ်တွေဆီကသိရပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ စစ်ကောင်စီစစ်ကြောင်းဟာ မဲရွာကနေ…

Read More
စစ်ကောင်စီစစ်ကြောင်းက ဂန့်ဂေါမြို့နယ် မြင်းဇာရွာကို မီးရှို့နေ

စစ်ကောင်စီစစ်ကြောင်းက ဂန့်ဂေါမြို့နယ် မြင်းဇာရွာကို မီးရှို့နေ

ဂန့်ဂေါမြို့ ခလရ ( ၅၀) ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့တောင်ဘက်ကမြ င်းဇာရွာကို စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၇နာရီခွဲလောက်ကစပြီး မီးရှို့နေကြတယ်လို့ ဒေသခံတွေ ကDNA ကိုပြောပါတယ်။ ရွာထဲမှာ အနည်းဆုံး ငါးနေရာလောက် မီးခိုးလူံးတွေထွက်နေတာကိုလှမ်းမြင်နေရပြီး ထိခိုက်ပျက်စီးမှုဘယ် လောက်ရှိမယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ မြင်းဇာရွာကို မီးရှို့တဲ့စစ်ကောင်စီစစ်ကြောင်းဟာ အဲ့ဒီရွာမှာပဲ စက်တင်ဘာ ၈ ရက်နေ့ကစလို့ ညအိပ်စခန်း ချနေခဲ့ တာဖြစ်ပြီး ၁၀…

Read More
အကြမ်းဖက်စစ်တပ်က ဂန့်ဂေါမြို့နယ် ရွှေတောင်ရွာကိုမီးရှို့

အကြမ်းဖက်စစ်တပ်က ဂန့်ဂေါမြို့နယ် ရွှေတောင်ရွာကိုမီးရှို့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ရွှေတောင်ရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ (၆) ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ယောဒေသကာကွယ်ရေးခေါင်းဆောင် ကိုယောလေးက DNA ကိုပြောပါတယ်။ “ရွှေတောင်ရွာထဲမှာ YDF ဝတ်စုံတွေတွေ့လို့ဆိုပြီး မီးရှို့နေပြီ၊ ရွာကသေးသေးပါဆိုမှ အကုန်ပြောင်မှာပါပဲ၊ ကျွန်တော်တို့အနေနဲ့လည်း စဥ်းစားရမဲ့အပိုင်းတွေရှိလာပြီ၊ ပြည်သူကိုငဲ့တယ်ငဲ့တယ်ဆို့ပြီး မတိုက်ဘဲနေလည်း ဒီကောင်တွေရှို့တာပဲ” လို့ သူကပြောပါတယ်။ ရွှေတောင်ရွာကို မီးရှို့တဲ့စစ်ကြောင်းဟာ ဂန့်ဂေါ ခ.လ.ရ (၅၀) ကနေ စက်တာဘာ (၁) ရက်နေ့က…

Read More
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပြည်သူထောင်ချီစစ်ဘေးရှောင်နေရ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပြည်သူထောင်ချီစစ်ဘေးရှောင်နေရ

ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူပေါင်းထောင်ချီ စစ်ရှောင်နေရတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုယောလေးက DNA ကိုပြောပါတယ်။ “စစ်ကြောင်းက ဂန့်ဂေါကနေ ထိုးလာတာ။ စစ်ကြောင်းလာပြီဆိုတာနဲ့ စစ်ကြောင်းတစ်လျောက် လက်ပံ၊သာကောင်း၊ ရှည်းရှည် အစသဖြင့် ရှောင်နေကြရတယ်” လို့ ပြောပါတယ်။ ဂန့်ဂေါ်မြို့ ခလရ (၅၀) တပ်ကနေ အင်အား (၁၈၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလ (၁) ရက်နေ့ မနက်ပိုင်းကစလို့ ဂန့်ဂေါမြို့နယ်…

Read More
ဂန့်ဂေါမှာ ဆယ့်နှစ်ရက်အတွင်း စစ်တပ်က ရှစ်ဦးသေ၊ ၃၁ ဦးဒဏ်ရာရ

ဂန့်ဂေါမှာ ဆယ့်နှစ်ရက်အတွင်း စစ်တပ်က ရှစ်ဦးသေ၊ ၃၁ ဦးဒဏ်ရာရ

ဂန့်ဂေါမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်လို့ ဆယ့်နှစ်ရက်အတွင်း ရှစ်ဦးသေပြီး (၃၁) ဦးဒဏ်ရာရခဲ့တယ်လို့ ယောဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ယောလေးက DNA ကိုပြောပါတယ်။ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ဩဂုတ် (၁၈) ရက်ကနေ (၂၉) ရက် အထိ တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို အရှင်ဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။ “ကျနော်တို့အနေနဲ့တော့ ခုချိန်ထိပျောက်ကြားစနစ်နဲ့ပဲ တိုက်ခိုက်နေရဆဲဖြစ်တယ်” လို့ ရဲဘော်ယောလေးက ပြောပါတယ်။…

Read More
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ရွာတွေကို မီးရှို့နေတဲ့ စစ်သားနှစ်ယောက် စနိုက်ပါလက်ချက်နဲ့သေ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ရွာတွေကို မီးရှို့နေတဲ့ စစ်သားနှစ်ယောက် စနိုက်ပါလက်ချက်နဲ့သေ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မောက်ရွာကနေ လက်ပန်ရွာဘက်ကို ကူးဖို့ကြိုးစားတဲ့ စစ်ကောင်စီစစ်ကြောင်းရှေ့ပြေးကင်းအဖွဲ့က စစ်သားနှစ်ဦးကို ယောဒေသကာကွယ်ရေးတပ်( YDF )ရဲ့ စနိုက်ပါသမားတစ်ဦးက သြဂုတ်လ ၂၇ ရက်နေ့ မှာ ပစ်သတ်ခဲ့တယ်လို့ YDF ဗျူဟာမှူး သခင်ဇော်က DNA ကိုပြောပါတယ်။ ” သူတို့ရှေ့ပြေးကင်းက လက်ပန်ဖက်ကို ကူးဖို့ ကြိုးစားတာမှာ ကျနော်တို့တပ်ဖွဲ့က စနိုပ်ပါသမားကပစ်လို့ နှစ်ယောက်သေသွားတာပါ” လို့ ဆိုပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့မှာ မြစ်သာမြစ်အနောက်ဘက်မှာရှိတဲ့ မောက်ရွာကနေ…

Read More
ဂန့်ဂေါမြို့နယ် မောက်ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ် မောက်ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မောက်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ်။ ” မီးခိုးတွေထွက်နေတုန်းပသေး။ ခုမှမီးသတ်နေကြရတုန်း။ သင်ချိုင်းဇရပ်ကောရှို့ထားခဲ့တာ။ နှမ်းတွေအပြည့်တင်ထားတဲ့ ဆယ့်နှစ်ဘီးကားတစ်စီးကော။ ဆိုင်ကယ်ကဘယ်နှစီးလို့မသိရသေးဘူး။ အိမ်ကတော့ အလုံးနှစ်ဆယ်လောက်ရှိတယ်”လို့ ဆိုပါတယ်။ သြဂုတ်လဆန်းပိုင်းက ကလေးမြို့ကနေ ထွက်ခွာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ်လ ၂၆ ရက်နေ့မှာ ထယ်လှော်ကျေးရွာကို မီးရိူ့ဖျက်ဆီးခဲ့ပြီး ၂၇ ရက်နေ့မှာ မောက်ကျေးရွာဘက်ကိုပြောင်းရွှေ့ညအိပ်ခဲ့တာဖြစ်ပါတယ်။…

Read More
အကြမ်းဖက်စစ်တပ်မီးရှို့လို့ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာမှာ နေအိမ် ၁၄လုံးပျက်စီး

အကြမ်းဖက်စစ်တပ်မီးရှို့လို့ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာမှာ နေအိမ် ၁၄လုံးပျက်စီး

  ကလေးမြို့ကနေ ဂန့်ဂေါ်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့နယ် တောင်ပိုင်းက ထယ် လှော်ကျေးရွာကို သြဂုတ်လ ၂၆ ရက်နေ့မှာ မီးရိူ့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၁၄လုံးမီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။  “မီးခိုးတွေကတော့ ဒီမနက် မနက်အ‌စောထိကိုမြင်နေရတယ်ဘင်းရွာကိုရှို့တာ၊၁၄ လုံးလောက်လောင် တယ်ကြား တာ” လို့ ဒေသခံတစ်ဦးက သြဂုတ်လ ၂၇ ရက်နေ့မှာ ပြောပါတယ်။ ကလေးမြို့ကနေ ထွက်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတွေက ဘင်းရွာလို့…

Read More