မေ၊ ၂၆ မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊တောင်ခင်ရန်းရဲစ ခန်းကိုမနေ့က မေလ ၂၅ ရက် ညပိုင်း က တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် တိုက်ခိုက်လို့ ရဲသုံးဦးသေဆုံးပြီး ရဲအရာရှိ တဦး ခြေထောက်ဒဏ်ရာ ရခဲ့တယ်လို့ ပါဝင်တိုက်ခိုုက်ခဲ့တဲ့ အင်အားစုတွေက ပြောပါတယ်။ ” အဲ့ဒီတိုက်ပွဲမှာရန်သူဘက်က သုံးဦးသေတယ် ။တယောက်ကတော့ ခြေထောက်ဒဏ်ရာရသွားတယ် ။အခု အဲ့ခြေထောက်ဖြတ်လိုက်ပါပြီ’’လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးABSDF ၊ စစ်ကြောင်း ၃ က ပြန်ကြားရေးတာဝန်ခံ…
Read Moreမေ၊ ၄ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း မင်းရွာရဲစခန်းက ရဲနှစ်ဦးဟာ မေ ၃ ရက်၊ မနေ့ကညနေပိုင်းမှာ မြစ်သာမြစ်ထဲကိုရေချိုးဆင်းစဥ်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ဘယ်လိုပစ်ခတ်သွားတယ်ဆိုတာတော့ အတိအကျမသိဘူးဗျ။စနိုက်ဘာနဲ့အပစ်ခံရတာဖြစ်ဖို့များပါတယ်။ ရဲနှစ်ယောက်သေလို့ ဂန့်ဂေါကနေဒီနေ့ထွက်တဲ့စစ်ကြောင်းက မင်းရွာအရောက်သွားမယ်လို့ခန့်မှန်းနေကြတယ်” လို့ ဂန့်ဂေါမြို့နယ်ဒေသခံတဦးကပြောပါတယ်။ မင်းရွာရဲစခန်းက ရဲနှစ်ယောက်ပစ်ခတ်ခံရပြီးသေဆုံးတာမှန်ကန်တယ်လို့ဂန့်ဂေါမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုအတည်ပြုပြောဆိုထားပါတယ်။ ဒါပေမယ့်ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ မင်းရွာဟာ ဂန့်ဂေါမြို့နယ် ၊ဂန့်ဂေါ- ထီးလင်းကားလမ်းမပေါ်ကရွာကြီးတရွာဖြစ်ပြီး စစ်ကောင်စီရဲစခန်းတည်ရှိတဲ့ရွာဖြစ်ပါတယ်။ အဆိုပါစခန်းကို…
Read Moreဧပြီ၊ ၁၁ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာ စစ်ရေးအခြေအနေတွေကြောင့် ကျေးရွာတွေက နေဂန့်ဂေါမြို့ပေါ်ကို ကားသွားလာမူတွေဆယ်ရက်ကျော်ရပ်ဆိုင်းပြီးနောက် အခြေခံစားသောက်ကုန်တွေနဲ့ ဓာတ်ဆီ၊ဒီဇယ်တွေ ပြတ်လပ်လာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကန်ရဲစခန်းကိုစီးနင်းတိုက်ခိုက်ခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကနေ ဒီကနေ့အထိ ဂန့်ဂေါမြို့ပေါ်ကိုကားသွားလာမူတွေရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ “စျေးဆိုင်တွေမှာပြတ်ပြီ။ များများဝယ်ထားတဲ့သူတွေက မျှပေးကြတယ်။ သူတို့ဆီကဝယ်ရတာပ” လို့ ကန်ရွာခံတဦးကပြောပါတယ်။ အခြေခံမီးဖိုချောင်သုံး မီးဖိုချောင်သုံး ငါးပိ၊ဆား၊ငံပြာရည်၊အချို့မှုန့်က အစ ဓာတ်ဆီ၊ဒီဇယ်တွေပါပြတ်သလောက်ဖြစ်နေတယ်လို့ဆိုပါတယ်။ဓာတ်ဆီ တပီပါ ကို အနည်းဆုံးခုနစ်သိန်းကနေ ရှစ်သိန်းနဲ့အထက်ကိုရောက်နေတယ်လို့သိရပါတယ်။ ” အဓိကကတော့…
Read Moreမတ်၊ ၃၁ မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကန်ရွာကို ဒီကနေ့ မတ်လ ၃၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီး ၊ MI 35 တစီးနဲ့လေကြောင်းကနေလာရောက်ပစ်ခတ်တဲ့အတွက် ကန်ရွာကဒေသခံတွေ ဘေး လွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကန်ရွာရဲစခန်းကို ဒီကနေ့ မနက် ၅ နာရီကစလို့ ဝင်ရောက်စီးနင်းတိုက်ခိုက်နေ တာကြောင့် စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ “ပစ်တာကတော့ရက်စက်တယ်၊လေယာဥ်နဲ့ဗုံးကြဲတာက ကျတဲ့နေရာအတိအကျတော့မသိဘူး၊ ရွာတောင်ပိုင်း စ ခန်းဘက်မှာတော့ မီးခိုးတွေအူနေတာပဲ၊ကျွန်မတို့ကတော့ရွာကနေမနက်ကတည်းကပြေးခဲ့တာ။…
Read Moreစစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ နှစ်ကုန်အထိ ဂန့်ဂေါမြို့နယ် ကျေးရွာ (၂၁) ရွာက နေအိမ် (၇၇၆) လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်တွေကို အကူအညီပေး နေတဲ့ နှမ်းခါးလူငယ်အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ” ဒီစာရင်းက ရှို့ခံရတဲ့ နေအိမ်တွေချည်းပဲစာရင်း၊ စပါးတိုက်တွေ၊ နွားစာတိုက်တွေ၊ တဲတွေ၊ စစ်ဘေး ရှောင်စခန်းက ယာယီတဲတွေ မပါသေးဘူး” လို့ နှမ်းခါးလူငယ်အဖွဲ့ တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။…
Read Moreမကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကြောင်းလှည့်နေတဲ့ စစ်တပ်ဟာ ဒီကနေ့နေ့လယ်ပိုင်းမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ််ခဲ့ပြီး ဂန့်ဂေါမြို့ဘက်အပြန်မှာ ရှုံးရှိကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို နေအိမ်တလုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ဂန့်ဂေါမြို့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ (၂၆) ရက် ဒီကနေ့ ညနေပိုင်းမှာ ရှုံးရှီကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။ “သင်းတို့က…
Read Moreယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့သောက်သုံးရေ ရှားပါးလာတယ်လို့ အဲ့ဒီစစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ဒေသတွင်းအဖွဲ့အစည်း နှမ်းခါးလူငယ်အဖွဲ့ တာဝန်ခံ ကိုနွေဦးက DNA ကိုပြောပါတယ်။ စစ်ရှောင်တွေအတွက် လတ်တလောမှာ ဆေးဝါးလိုအပ်နေပြီး ရေလည်း မကြာခင်ကာလအတွင်း ခက်ခဲတော့မယ်လို့ သူကဆိုပါတယ်။ “အာသီးတွေရောင်တယ်၊ဖျားကြတယ်၊ဆေးဝါးလုံလောက်မူမရှိဘူး၊ဆေးထိုးဖို့ကို တရွာကနေတရွာ ကူးနေရ တယ်၊ဆေးစျေးတွေကလည်း ပါရာစီတမော့တစ်လုံးကို ခြောက်ရာ” လို့ ကိုနွေဦးကပြောပါတယ်။ အခုလိုဆေးဝါးစျေးတွေအဆမတန်ကြီးမြင့်နေတာဟာ ဂန့်ဂေါမြို့ ခလရ (၅၀) စစ်ဆေးရေးဂိတ်ကစစ်ဆေးမှု တင်း ကျပ်ပြီး ဆေးပစ္စည်းသယ်ယူခွင့်မပြုတာ၊သိမ်းဆည်းတာတွေကြောင့်ဖြစ်တယ်လို့…
Read Moreမကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာ ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်တဲ့ စပါးခင်းတွေကို ဒေသတွင်း ပျူ စောထီးအဖွဲ့တွေ ခိုးယူရိတ်သိမ်းမှာနဲ့ လုယက်မှာစိုးရိမ်လို့ စပါးခင်းတွေဝန်းကျင်မှာ မိုင်းထောင်ပြီး ကာကွယ် ထားရတယ်လို့ ဂန့်ဂေါခရိုင် အမှတ်(၁) တပ်ရင်း ပြန်ကြားရေး တာဝန်ခံ ကိုစတီဗင်က DNAကိုပြောပါတယ်။ “သူတို့(ပျူစောထီးတွေ)က ပစ္စည်းခိုးနေကျဆိုတော့ ခုလိုရာသီမှာ ကင်းစောင့်ထားထားတဲ့သဘောပါ၊ မိုင်းတွေက တော့ကွဲတာပဲ၊ဒီနေ့လည်းကွဲတယ်” လို့ သူကပြောပါတယ်။ ဂန့်ဂေါဒေသအတွင်း အင်အားကောင်းတဲ့ ပျူစောထီးရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ အနီးအ…
Read Moreဂန့်ဂေါမြို့နယ်၊ဘော်ပြင်းရွာကြိုးတံတားမှာ မိုင်းဆင်နေချိန် မတော်မတဖြစ်လို့ PDFတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ ရတယ်လို့ ယောဒေသကာကွယ်ရေးတပ် ခေါင်းဆောင် ဗိုလ်ယောလေးက DNA ကိုပြောပါတယ်။ ဘော်ပြင်းရွာရဲ့တောင်ဘက် ကန်ရွာမှာ စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေတာကြောင့် ဘော်ပြင်းရွာကို စစ် ကြောင်းလာရင်ဖောက်ခွဲဖို့ အောက်တိုဘာ (၁၉)ရက်ညပိုင်းက မိုင်းဆင်နေချိန်မှာမတော်တဆဖြစ်ပြီး ကျဆုံးခဲ့ရ တာဖြစ်တယ်လို့သိရပါတယ်။ “ပစ္စည်းတွေအဟောင်းတွေဆိုတော့ မကောင်းတော့ဘူးဗျ၊ receiver တွေကစိတ်မချရဘူး၊ ကျွန်တော့် ရဲဘော် လေး လည်းပါတယ်၊ သုံးယောက်သွားကြတာ၊ပေငါးဆယ်လောက်ထိပြေးခဲင်(ခဲ့)သေးတယ်ပြောတယ်၊ သုံး ယောက်မှာ နောက်ဆုံးကသူကိုထိသွားတယ်” လို့…
Read Moreဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို အောက်တိုဘာ (၁၇) ရက်ညနေပိုင်းမှာ ရောက်ရှိလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရွာထဲကလုယက်ထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုဒီကနေ့မှာ ကန်ရွာ အရှေ့ကျောင်း၊ အနောက်ကျောင်း ဘုန်းကြီးကျောင်း နှစ်ကျောင်းကို လာလှူကြတယ်လို့ ကန်ရွာခံတစ်ဦးက DNA ကိုပြောပါတယ်။ ” မနေ့ကလည်း ပစ္စည်းတွေယူ ရိုက်ခွဲ၊ သယ်(ဒီ)နေ့ကပိုဆိုးတယ်၊ လူနေတဲ့အိမ်နှစ်အိမ်ကို နှင်ချပြီး ပစ္စည်းတွေတိုက်တာ၊ ပြီးရင်ဘုန်းကြီးကျောင်းတွေသွားလှူတာ” လို့ ရွာခံတစ်ဦးကပြောပါတယ်။ စစ်ကြောင်းဝင်လာတဲ့ အောက်တိုဘာ(၁၇) ရက်ကတည်းက ကန်ရွာတောင်ပိုင်းက ပြည်သူတွေဟာ…
Read More