ချောင်းဦးနဲ့ မြင်းမူကြား အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းမိုင်းဆွဲခံရ၊ ၁၅ဦး အနည်းဆုံးသေဆုံး

ချောင်းဦးနဲ့ မြင်းမူကြား အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းမိုင်းဆွဲခံရ၊ ၁၅ဦး အနည်းဆုံးသေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးဘက်ကလာတဲ့ ကား(၃)စီးပါတဲ့အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို မနေ့က ဇူလိုင်လ၁ရက်နေ့မှာ မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ဦးအနည်းဆုံး သေဆုံးခဲ့ တယ်လို့ Myaung Pdf Cdsomက သတင်းထုတ်ပြန်ပါတယ်။ အင်အား ၅၀ ပါတဲ့ ၁၂ ဘီးကားကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်းပြီး မိုင်း၊ တစ်ဖက်ပွင့်နဲ့ တစ်လုံးထိုးသေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မှာ စစ်ကောင်စီတပ်သား ၁၅ယောက် အနည်းဆုံးသေပြီး ကျန်သူတွေ ဒဏ်ရာအပြင်းအထန်ရကာ ကားတွေနဲ့သယ်ထုတ်သွားရတယ်လို့ Myaung Pdf…

Read More
ချောင်းဦး၊ကံဇီးရွာနားမိုင်းဆွဲပစ်ခတ်မှု စစ်သား၂၀လောက်သေ

ချောင်းဦး၊ကံဇီးရွာနားမိုင်းဆွဲပစ်ခတ်မှု စစ်သား၂၀လောက်သေ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ကံဇီးရွာနား တော်လှန်ရေးအင်အားစုတွေရဲ့ မိုင်းဆွဲပစ်ခတ်မှုကြောင့် အကြမ်း ဖက်စစ်သား ၂၀လောက်သေဆုံးခဲ့ကြောင်းသိရပါတယ်။ ဇွန်၅ရက်နေ့မွန်းလွဲ ၁နာရီလောက်မှာ တော်လှန်ရေးအင်အားစုတွေက လေကြောင်းကနေတိုက်ခိုက်တဲ့နေရာကို စစ်သားနဲ့ပျူစောထီး အင်အား၃၀ကျော်က လာရောက်ပစ်ခတ်ခဲ့ရာ မဟာမိတ်၃ဖွဲ့က ၃နေရာခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF (CHU) ကထုတ် ပြန်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား၁၈ဦးသေဆုံးခဲ့ပြီးပစ်ခတ်သံတွေ ရပ်သွားပါတယ်။တော်လှန်ရေးအင်အားစု တွေက ၁၀မိနစ်လောက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးထပ်မံသေဆုံးခဲ့ကြောင်းလည်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားရာနေရာကို စစ်သားအင်အားအများအပြားထပ်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ လည်း ပစ်ခတ်လာတာကြောင့်…

Read More
ချောင်းဦး-ပခုက္ကူလမ်းပိုင်းတွေကို ယာယီပိတ်ထား

ချောင်းဦး-ပခုက္ကူလမ်းပိုင်းတွေကို ယာယီပိတ်ထား

ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို အရေးပေါ် ယာယီပိတ်ထားလိုက်တယ်လို့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ် ကြေညာချက် ထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၉ရက်နေ့ ညနေ၃နာရီခွဲလောက်က စတင်ကာ အရေးပေါ် ယာယီပိတ်ထားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လမ်းပိုင်းကို လုံးဝ မသုံးမပြုဖို့နဲ့ လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာတဲ့ လုံခြုံရေးတွေအတွက် အာမ မခံဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လမ်းပိုင်းအသုံးပြုနေဆဲ မော်တော်ယာဉ်တွေအနေနဲ့လည်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ရောက်ရာအရပ်မှာ ခတ္တရပ်နားထားကြဖို့နဲ့ လမ်းပိုင်းကိုပြန်လည်အသုံးပြုနိုင်တဲ့ အချိန်ကိုလည်း ထပ်မံကြေညာသွားပေးမယ်လို့ သိရပါတယ်။

Read More
ချောင်းဦးမှာ ပဒေသာမိုင်းထိပြီး စစ်သား ၁၅ ဦးသေ

ချောင်းဦးမှာ ပဒေသာမိုင်းထိပြီး စစ်သား ၁၅ ဦးသေ

စစ်ကိုင်တိုင်း၊ ချောင်းဦးကနေ မြင်းမူကိုသွားတဲ့ သံပြားကာကား ၃ စီး ပဒေသာမိုင်းလက်ချက်မိပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၇ နာရီခွဲလောက်က ချောင်းဦးအရှေ့ဘက်သံလမ်းအကျော်မှာ Farmers Revolution Force FRF (CHU) တပ်ရင်းက ဦးဆောင်ကာ မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)၊ Black Eagle Defence Force နဲ့ Zarmini MMU တို့က ပဒေသာမိုင်း (၁၁) လုံးနဲ့…

Read More
ချောင်းဦး၊ မင်းခေါင်ရွာ အိမ်တစ်လုံးကနေ ကျပ်သိန်း ၇၀၀လောက် လုယက်သွာ

ချောင်းဦး၊ မင်းခေါင်ရွာ အိမ်တစ်လုံးကနေ ကျပ်သိန်း ၇၀၀လောက် လုယက်သွာ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ မင်းခေါင်ရွာရှိ နေအိမ်တစ်အိမ်ကနေ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ငွေကျပ် သိန်း (၇၀၀) လောက်လုယက်သွားခဲ့ကြောင်း သိရပါတယ်။ မေလ၁၉ရက်နေ့ည၁၀နာရီလောက်က မင်းခေါင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကားနဲ့ ရောက်ရှိလာပြီး ငွေသိန်း၇၀၀လောက် ယူဆောင်သွားခဲ့ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ဖော်ပြပါတယ်။ လာရောက်လုယက်တဲ့ လက်နက်ကိုင်အဖွဲ့နဲ့ ဘာ့ကြောင့် ပြုလုပ်သလဲဆိုတာကို ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက သီးခြားအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

Read More
တစ်ပတ်အတွင်း ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၁၂ ဦး သေဆုံးကြောင်း ချောင်းဦး PDF ထုတ်ပြန်

တစ်ပတ်အတွင်း ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၁၂ ဦး သေဆုံးကြောင်း ချောင်းဦး PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ကို ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နဲ့ မေလ ၁ ရက်နေ့တွေမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုနဲ့ ပျူစောထီး စုစုပေါင်း၁၂ ဦး သေဆုံးခဲ့တယ်လို့ ချောင်းဦး PDF ကဒီနေ့ မေလ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဧပြီလ ၂၉ ရက်နေ့ မှာကင်မွန်းတော်ရွာမာ ပျူစောထီးနဲ့ အကြမ်းဖက်စစ်အုပ်စု ပူးပေါင်းအဖွဲ့ အင်အား ၂၀…

Read More
ဒီကနေ့ ချောင်းဦးမြို့အနီးတိုက်ပွဲအတွင်း စစ်အုပ်စုက ၇ဦးသေဆုံးပြီး PDFရဲဘော်တစ်ဦးကျဆုံ

ဒီကနေ့ ချောင်းဦးမြို့အနီးတိုက်ပွဲအတွင်း စစ်အုပ်စုက ၇ဦးသေဆုံးပြီး PDFရဲဘော်တစ်ဦးကျဆုံ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၇ဦးသေဆုံးကာ ပူးပေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဧပြီလ ၂၄ရက်နေ့ မနက် ၅နာရီခန့်မှာ ချောင်းဦးမြို့နယ် ကင်မွန်းတော်ကျေးရွာကနေ အင်အား ၄၀ခန့်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ချောင်းဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် ချောင်းဦး ပကဖက ဦးဆောင်ပြီး CHUPDF တပ်ခွဲ (၂)မှ ခုခံတိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။…

Read More
ချောင်းဦးမှာ အကြမ်းဖက်စစ်သားတွေမိုင်းဆွဲခံရပြီး ၄၀လောက်သေ

ချောင်းဦးမှာ အကြမ်းဖက်စစ်သားတွေမိုင်းဆွဲခံရပြီး ၄၀လောက်သေ

မန္တလေး-မုံရွာလမ်းမကြီးပေါ် အိမ်စီးကားတွေနဲ့တက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ အသေအပျောက်၄၀လောက်အထိရှိတယ်လို့သိရပါတယ်။ ဧပြီ ၇ ရက်နေ့မနက်၂ နာရီခွဲလောက်မှာ အိမ်စီးကားအသေး ၃ စီး၊ကန်ဒါကားကြီး၂ စီးနဲ့ ရှေ့ဆုံးကားမီးဖွင့်ပြီး နောက်ကားတွေမီးပိတ်မောင်းလာတဲ့အကြမ်းဖက်စစ်ယာဉ်တန်းဟာ ချောင်းဦးမြို့နယ်၊နတ်ရေကန်နဲ့ ငါးယှန်ကြား အရောက် ကန်ဒါကား၂စီးမှာ PDF တွေထောင်ထားတဲ့ ပဒေသာမိုင်း၁၆လုံးထိမှန်ကာ ကားနှစ်စီးစလုံးပျက်စီး သွားခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အကြမ်းဖက်စစ်သားတွေမိုင်းထိပြီးသေဆုံးတဲ့အရေအတွက်ကို ရွာခံတွေကပြောလို့သိရခြင်းဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို မြောင်၊ချောင်းဦးနဲ့မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ဖွဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ပြီးအမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)က…

Read More
ချောင်းဦးကနေ ထွက်လာတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရပြီး ၁၂ ဦးသေ

ချောင်းဦးကနေ ထွက်လာတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရပြီး ၁၂ ဦးသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ကနေ ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ကို မိုင်းကွင်းအဆင့်ဆင့်ထားပြီးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁၂ ဦးသေဆုံးပြီး ၂၀ ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့ နေ့လည်ပိုင်းက ချောင်းဦးမြို့ကနေ ချောင်းဦးအနောက်ဘက်ခြမ်းရွာတွေဘက် ထွက်ခွာလာတဲ့ အကြမ်းဖက်တပ်အင်အား ၇၀ လောက်ကို ချောင်းဦး PDF ရဲဘော်တွေက မိုင်းကွင်းအဆင့်ဆင့်နဲ့ မိုင်းဧရိယာ ၆ ခုမြောက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ချောင်းဦး PDF မတ်လ ၁၃ ရက်နေ့ညက ထုတ်ပြန်ပါတယ်။ ‘ကျွန်တော်တို့ဘက်က လက်နက်အင်အား အခိုင်အမာမရှိလို့…

Read More
ကံကြီးကုန်းရွာတိုက်ပွဲ အကြမ်းဖက်စစ်သားနဲ့ပျူ ၄၀ လောက်သေ

ကံကြီးကုန်းရွာတိုက်ပွဲ အကြမ်းဖက်စစ်သားနဲ့ပျူ ၄၀ လောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ကံကြီးကုန်းရွာစစ်အုပ်စုစခန်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး စုစုပေါင်း ၄၀ လောက်သေဆုံးခဲ့တယ်လို့ MGN 35 ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မတ်လ ၉ ရက်နေ့ ကနဦးထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်သားနဲ့ပျူစောထီး ၁၂ ဦးလောက် သေဆုံးခဲ့တယ်လို့ဆိုပြီး နောက်ထပ်ရရှိတဲ့ သတင်းတွေအရ ၄၀ လောက်သေဆုံးကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ကံကြီးကုန်းရွာစခန်းက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးစုစုပေါင်းအင်အား ၆၀ လောက်ဟာ ပတ်ဝန်းကျင် ကျေးရွာတွေကို ဒုက္ခပေး…

Read More