ချောင်းဦး၊ကံဇီးရွာနားမိုင်းဆွဲပစ်ခတ်မှု စစ်သား၂၀လောက်သေ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ကံဇီးရွာနား တော်လှန်ရေးအင်အားစုတွေရဲ့ မိုင်းဆွဲပစ်ခတ်မှုကြောင့် အကြမ်း ဖက်စစ်သား ၂၀လောက်သေဆုံးခဲ့ကြောင်းသိရပါတယ်။
ဇွန်၅ရက်နေ့မွန်းလွဲ ၁နာရီလောက်မှာ တော်လှန်ရေးအင်အားစုတွေက လေကြောင်းကနေတိုက်ခိုက်တဲ့နေရာကို စစ်သားနဲ့ပျူစောထီး အင်အား၃၀ကျော်က လာရောက်ပစ်ခတ်ခဲ့ရာ မဟာမိတ်၃ဖွဲ့က ၃နေရာခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF (CHU) ကထုတ် ပြန်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား၁၈ဦးသေဆုံးခဲ့ပြီးပစ်ခတ်သံတွေ ရပ်သွားပါတယ်။တော်လှန်ရေးအင်အားစု တွေက ၁၀မိနစ်လောက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးထပ်မံသေဆုံးခဲ့ကြောင်းလည်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားရာနေရာကို စစ်သားအင်အားအများအပြားထပ်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ လည်း ပစ်ခတ်လာတာကြောင့် တော်လှန်ရေးအင်အားစုတွေပြန်လည်ဆုတ်ခွာခဲ့ကြကြောင်း တော်လှန်ရေးရဲဘော် တစ်ဦးသေနတ်ဒဏ်ရာရခဲ့ကြောင်းထုတ်ပြန်ပါတယ်။
ကံဇီးရွာတိုက်ပွဲကို ဒေသတွင်း ညီနောင်မဟာမိတ်၁၉ဖွဲ့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပါတယ်။