ဒေသအလိုက် သတင်းကဏ္ဍ

နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG ထုတ်ပြန် ဒရုန်းတွေဝင်ရောက်လာလို့ ပစ်ချခဲ့တယ်လို့ စစ်ကောင်စီဆို

ဧပြီ ၊ ၄  စစ်ကောင်စီရုံးစိုက်ထားတဲ့ နေပြည်တော်ရှိ စစ်ရုံးချုပ်(ကက-ကြည်း) နဲ့ အေလာလေတပ်တွေကို ဒရုန်း တွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတွေရှိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာန ရဲ့ စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ငလျင်ဒဏ်ကြောင့် ထိုင်ဝမ် လေတပ်ရဲ့ F-16 တိုက်လေယာဉ်တချို့ အနည်းအကျဉ်း ထိခိုက်

ဧပြီ ၊ ၄ အင်အားပြင်း ငလျင်ကြီးအတွင်း ထိုင်ဝမ်လေတပ်ရဲ့ F-16 တိုက်လေယာဉ်တချို့မှာ ထိခိုက်မှု အနည်းအကျဉ်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်ရဲ့ လေပိုင်နက်ကို တရုတ် စစ်လေယာဉ်တွေ အကဲစမ်းပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်မှာ ဝက်ကျောက်ကပ်နဲ့ အစားထိုးကုသမှု ပထမဆုံးအကြိမ် အောင်မြင်

ဧပြီ ၊ ၄ ပြုပြင်ပြောင်းလဲထားတဲ့ ဝက်ကျောက်ကပ်ကို အစားထိုး ကုသမှု ခံယူထားတဲ့ အမျိုးသား တဦး ပထမဆုံးအကြိမ် ချောချောမောမော ဆေးရုံဆင်းသွားပြီလို့ အမေရိကန် ဆရာဝန်တွေက ပြောပါတယ်။  အသက် ၆၂ နှစ်အရွယ် ရစ်ချတ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စင်ကာပူမှာ ဗလီထဲ ဝက်သား တမင် ထားခဲ့တဲ့ အစားအသောက် ပို့ဆောင်သူ ထောင်ဒဏ် ချမှတ်ခံရ

ဧပြီ ၊ ၄ စင်ကာပူနိုင်ငံမှာ ဝက်သား စည်သွပ်ဘူးတွေကို ဗလီထဲမှာ ရည်ရွယ်ချက်ရှိရှိ ထားခဲ့တဲ့ အစားအသောက် ပို့ဆောင်သူ တဦးကို ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။  အသက် ၃၀ အရွယ် အီယန်ဖိုဟာ မွတ်ဆလင်တွေက ဝက်သားမစားမှန်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှမ်းတောင်တိုက်ပွဲ နှစ်လကျော်အတွင်း အရပ်သား ငါးဆယ်ကျော် သေဆုံး

ဧပြီ ၊ ၃   ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်း မြို့နယ် တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်ကနေ မတ်လ ၃၀ ရက်အထိ နှစ်လကျော်တာကာလအတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုအတွက် အကျဉ်းသားနှစ်ဆယ်နီးပါး ထောင်ခြောက်လစီ ထပ်တိုးခံရ

ဧပြီ ၊ ၃   ဧရာဝတီတိုင်း၊ ဖျာပုံအကျဥ်းထောင်မှာ မတ်လ ၃၁ ရက်က ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှု အပြီးမှာ နိုင်ငံရေးအကျဥ်းသား ခုနစ်ဦး အပါအဝင် အကျဥ်းသား ၁၈ ဦး ထောင်ပြေးမှုနဲ့ ထောင်ဒဏ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းပြားနဲ့ မြေပုံမှာ စစ်တပ်ဗုံးကြဲလို့ ခြောက်ဦး သေဆုံး၊ ဆယ့်တဦး ဒဏ်ရာရ

ဧပြီ၊ ၃   ရက္ခိုင့်တပ်‌တော်(AA)က သိမ်းပိုက်ထားတဲ့ မင်းပြားနဲ့ မြေပုံမြို့နယ်တို့မှာ မနေ့ညနေနဲ့ ဒီကနေ့မနက်အစောပိုင်း ဗုံးကြဲတိုက်ခိုက်ခံရမှု နှစ်ကြိမ်အတွင်း တက္ကသိုလ်ကျောင်းသား လူငယ်တဦးအပါအဝင် ခြောက်ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတဲ့ လောင်းလုံးဒေသခံ လူငယ်နှစ်ဦး သတင်းအစအန ပျောက်နေ

ဧပြီ၊ ၃   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရတဲ့ ဒေသခံ လူငယ်နှစ်ဦး သုံးရက်ကြာတဲ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။   “အဲဒီဂိတ်မှာ အဖမ်းခံရတာသိလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆင်ရိုင်းတွေကို ထိန်းသိမ်းစေချင်တဲ့ ဂျာမနီကို ဆင်အကောင် နှစ်သောင်းလောက် ခွဲယူပေးဖို့ ဘော့ဆွာနာ တောင်းဆို

ဧပြီ၊ ၃ တောဆင်ရိုင်းတွေကို အမဲလိုက် သတ်ဖြတ်နေတာမျိုး မဖြစ်စေချင်ရင် အကောင် ၂၀၀၀၀ လောက် ခွဲယူပေးဖို့ ဂျာမနီကို ဘော့ဆွာနာ အစိုးရက အရွဲ့တိုက် တောင်းဆိုခဲ့ပါတယ်။ နှစ်ဆန်းပိုင်းမှာ ဂျာမနီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်တပ်ရဲ့ လက်နက်ကြီးဒဏ်ခံ ဓမ္မသရွာကို ကူညီဖို့ ထိုင်းလူငယ် ဘောလုံးသမားရဲ့ ဂျာစီ လေလံတင်ရောင်းချ

ဧပြီ၊ ၃ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးဒဏ်ကြောင့် အိမ်ခြေ ၃၀၀ ကျော် ပြာကျ ပျက်စီးခဲ့တဲ့ ဓမ္မသရွာအတွက် မွန်တိုင်းရင်းသားအနွယ် ထိုင်းလူငယ် လက်ရွေးစင် ဘောလုံးသမား တဦးက သူ့ရဲ့ လက်ရွေးစင်အသင်း ဂျာစီကို လေလံတင် [ဆက်လက်ဖတ်ရှုရန်]